Unicode
"မိန်းကလေးချီနဲ့ ဒီမိန်းမငယ်လေးတို့က အသိတွေလား။ "
ချန်းရှင်းက အံ့ဩသွားတယ်။
ပတ်၀န်းကျင်လေထုကတိတ်ဆိတ်နေလို့ဒီအေးစက်မှုဖြိုခွဲနိုင်မဲ့နည်းလမ်းလိုက်ရှာနေရတယ်။ ဒီမိန်းမငယ်လေးက အရမ်းငယ်သေးပေမဲ့ သူမျက်လုံးထဲမှာတော့ သာမန်အထက်တန်းကျောင်းသူလေးမဟုတ်ဘူး။"အာ သူကကျွန်မရဲ့ ဝမ်းကွဲညီမလေးပါ။ "
ချီမင်ယွဲ့ရဲ့ အသံပိစိလေးက ထွက်လာတယ်။
"ကပ္ပတိန်ချန်း တောင်းပန်ပါတယ်။ ကျွန်မညီမလေးကအရမ်းငယ်သေးတော့ ဆက်ဆံရေးသိပ်မကောင်းဘူး။ သူကြောင့်ပြသနာဖြစ်တယ်ဆိုပေမဲ့ သူများကိုထိခိုက်စေလိုတဲ့ဆန္ဒမရှိပါဘူး။ ကျွန်မပြောလိုက်ပါ့မယ်။ သူမအစားလည်း ကျွန်မကပဲတောင်းပန်ပါတယ်။ "/တကယ်တော့ ဒီနားAnnလည်းတော်တော်လည်နေတာပါ။ Eထဲမှာကို ep5တုန်းက elder sisterလို့သုံးထားပြီး အခုကျyounger sisterဖြစ်သွားတာ /
' ဖာ့ခ်ပဲ။ ငါ့ရှေ့မှာတင် ငါ့ကိုမကောင်းကြံရဲတယ်။ ပြသနာတစ်ခုလုံးငါကစသလိုမျိုး ပြောပစ်လိုက်တယ်။ ကောင်းတယ် သိပ်ကောင်းတယ်။ ချီမင်ယွဲ့ မျက်နှာကိုချောဆီသုတ်ထားတဲ့ကောင်မ...အား... '
ချန်း မျက်မှောင်ကြုတ်လိုက်မိတယ်။
' ချီမင်ယွဲ့ပြောပုံအရဆိုရင် သူကပြသနာမွှေတတ်တဲ့သူပဲ။ နည်းနည်းလည်း စိတ်သဘောထားသေးမဲ့ပုံ။ ပထမဆုံးဆွေးနွေးကတည်းက အဲ့လိုခံစားရပေမဲ့ ........ 'ချန်း ကုနန်းကိုကြည့်လိုက်တယ်။ ခုထိကောင်းရန်လည်ပင်းကို ဓားနဲ့ထောက်ထားဆဲ။
'သူ့မျက်နှာလေးက နည်းနည်း....ဟင်း ကြင်နာတတ်မယ့်ပုံပါ ငါပဲအကဲခတ်မှားတာလား'
" ချီမင်ယွဲ့ မြန်မြန်ငါ့ကိုလွှတ်ပေးဖို့ ပြောလိုက်စမ်း!!! "
ကောင်းရန် ဒေါသထွက်ထွက်နဲ့ ချီမင်ယွဲ့ကို ပိတ်ဟောက်လိုက်သည်။ ကုနန်း နည်းနည်းတော့ အံအားသင့်သွားတယ်။
' ကောင်းရန်က ချီမင်ယွဲ့ကိုသိနေပြီလား.? သူတို့ကသိပြီးသားဆို ကောင်းရန်က ဘာကိစ္စဒီမှာရှိနေရတာလဲ။ '
CZYTASZ
ရှီရှန်း ရှီရှန်း Book 1 Arc 1 To Arc 4
Dla nastolatkówUnicode သည်းထိတ်ရင်ဖိုဇာတ်လမ်းတွေကိုနှစ်သက်တဲ့ စာရေးဆရာမရှီရှန်းဟာ ရေးလက်စ စာအုပ်များစွာကို ရပ်တန့်ခဲ့တယ် မြောက်များစွာသော အဓိကဇာတ်ဆောင်တွေကို ၀မ်းနည်းစရာဇာတ်သိမ်းပေးခဲ့တဲ့ မိထွေးလို စာရေးဆရာမတစ်ယောက်ဖြစ်တယ် ဒီနေ့လို သာယာတဲ့နေ့မျိုးမှာ...