Unicode
ရှီရှန်းက လင်းရီရီကို ဖုန်းစီ နဲ့ ပူတင်းလေးတို့ဆီခေါ်သွားတယ်
ရှီရှန်းရဲ့စကားတွေကို သေချာပြန်စဥ်းစားနေတဲ့လင်းရီရီက ထူးဆန်းတဲ့ဖိအားတစ်ခုကို မခံစားမိခင်မှာ သူမအရှေ့မှာရှိနေတဲ့သူက ဘယ်လောက်တောင်အင်အားကြီးမားပြီးကြောက်ဖို့ကောင်းတဲ့သူလဲ ဆိုတာကိုသတိမထားမိဘူး
သူမကမြေပြင်ပေါ်ကိုလဲကျသွားပြီး အံ့သြတဲ့အကြည့်နဲ့ကြည့်နေတယ်ရှီရှန်းရဲ့လက်ကိုခပ်တင်းတင်းဆုပ်ကိုင်ထားတဲ့ဖုန်းစီက လင်းရီရီကို ဒေါသတကြီးကြည့်နေတယ်အဲ့ဒီအကြည့်ကြောင့် လင်းရီရီရဲ့နှလုံးသားထဲမှာ ကြက်သီးတစ်ချက်ထသွားပြီး ကျောက်တုံးကြီးတစ်တုံးကိုဆွဲထားရသလိုလေးလံလာတယ်
"ဘာလုပ်မလို့လဲ.."
ရှီရှန်းကဖုန်းစီကိုမျက်စောင်းတစ်ချက်ထိုးလိုက်တယ်
"သူက ကျွန်မရဲ့တူမလေး..ရှင့်....သိရဲ့လား ဂိုဏ်းတူ တူမလေး.... မဟုတ်တာတွေလျှောက်တွေးမနေနဲ့..""သူမ မင်းကိုထိဖို့ကိုယ်ခွင့်မပြုနိုင်ဘူး "
ဖုန်းစီရဲ့အသံက အရမ်းကိုအေးစက်ပြီးပြတ်သားနေတာကြောင့် လင်းရီရီရဲ့ နှလုံးသားလေးတုန်ယင်သွားရတယ်
'ဆရာရေ..သမီးကိုမြန်မြန်လာကယ်ပါ..မကောင်းဆိုး၀ါးတစ်ကောင်ရောက်နေပါတယ်..၀ူး..၀ူး.....'
ရှီရှန်းကမျက်မှောင်ကြုတ်လိုက်တယ် သူနဲ့သာဆက်ပြီးငြင်းခုန်နေအုံးမယ်ဆိုရင်လည်း ဘာမှထူးမှာမဟုတ်ဖူး ဖုန်းစီပိုစိတ်ဆိုးလာပြီး လင်းရီရီပဲ ပြသနာတက်သွားလိမ့်မယ် အဲ့ဒါကြောင့်ရှီရှန်းက သူတို့ကို လျစ်လျူရှုထားလိုက်တယ်
'အနည်းဆုံးတော့ နင်အသက်ရှင်နေနိုင်ပါသေးတယ် ..ငါသာ နင့်ဘက်ကဆက်ပြီးကူပြောနေမယ်ဆိုရင် ဖုန်းစီက နင့်ကိုအရိုးတခြားအသားတခြားဖြစ်အောင်လုပ်ပစ်လိမ့်မယ်..'
.........
ကောင်းကင်ဘုံစွန်းတောင်ထွဋ်ကိုရောက်တဲ့အခါမှာ လင်းရီရီကသူမဆရာနောက်ကိုပြေးပုန်းပြီး ဖုန်းစီကိုတိတ်တ်ိတ်လေးပြန်ချောင်းကြည့်နေတယ်
YOU ARE READING
ရှီရှန်း ရှီရှန်း Book 1 Arc 1 To Arc 4
Teen FictionUnicode သည်းထိတ်ရင်ဖိုဇာတ်လမ်းတွေကိုနှစ်သက်တဲ့ စာရေးဆရာမရှီရှန်းဟာ ရေးလက်စ စာအုပ်များစွာကို ရပ်တန့်ခဲ့တယ် မြောက်များစွာသော အဓိကဇာတ်ဆောင်တွေကို ၀မ်းနည်းစရာဇာတ်သိမ်းပေးခဲ့တဲ့ မိထွေးလို စာရေးဆရာမတစ်ယောက်ဖြစ်တယ် ဒီနေ့လို သာယာတဲ့နေ့မျိုးမှာ...