Unicode
ချီမင်ယွဲ့ရဲ့စကားက သူတို့ကို သွေးတွေဆူလာစေတယ်
' ဆိုလိုတာက အဲ့ကောင်လေးကိုဖမ်းလိုက်နိုင်ရင် ငါတို့ဒီကမ္ဘာကြီးကို အုပ်စိုးလို့ရပြီပေါ့ 'ချီမင်ယွဲ့က လေထဲအိမ်ဆောက်နေတဲ့လူတစ်သိုက်ကိုကြည့်ပြီး ရွဲ့ပြုံးပြုံးလိုက်တယ်
' ဟမ့် အဆင့်မြှင့်zombieတွေခြံရံနေတဲ့ Zombieဘုရင်ကြီးကို ဖမ်းဖို့က ခြင်ဖမ်းသလိုမျိုးလို့ထင်နေသလားဘာပဲဖြစ်ဖြစ် သူတို့က ငါ့ပစ်မှတ်ကို အာရုံပြောင်းအောင် ကောင်းကောင်းလုပ်ကြမဲ့ပုံပဲ
ငါပစ်မှတ်က ...ကုနန်းကိုသတ်ပစ်ဖို့ပဲ '
သူတို့အသက်ရှင်နေရတဲ့အကြောင်းရင်းက အဖွဲ့ခေါင်းဆောင်က လုံခြုံရေးကြပ်တင်းပြီး စည်းကမ်းကြီးသောကြောင့် သူတို့တွေ ဂိတ်ကိုဖြတ်တော့ ဂိတ်စောင့်ကစစ်မေးတယ်
" မင်းတို့ ဘယ်သွားကြမလို့လံ "
" ကျွန်တော်တို့က ရိက္ခာထွက်ရှာမဲ့အဖွဲ့ပါ "
ဒါက သူတို့တွေ ကြိုတိုင်ပင်ထားတဲ့ ဆင်ခြေပဲဖြစ်တယ် ဂိတ်စောင့်လည်းထပ်မမေးတော့ဘဲ ထွက်မဲ့အရေတွက်ကို စစ်လိုက်ပြီး အပြင်ထွက်ခွင့်ပေးလိုက်တယ် သူတို့တွေ စခန်းကထွက်လာတဲ့အချိန် ဆန်အိတ်တွေယူလာတဲ့ ဆောင်းရှီတို့အဖွဲ့နဲ့ဆုံလေတယ်ချီမင်ယွဲ့က ဆောင်းရှီကိုတွေ့တာ ဒါပထမဆုံးမဟုတ်ပေမဲ့ မျက်နှာချင်းဆိုင်တွေ့တာကတော့ ပထမဆုံးအခေါက်ပဲ
ချီမင်ယွဲ့က တော်တော်လေးပြောင်းလဲသွားတာကြောင့် ဆောင်းရှီကစစချင်းတုန်းက သူမကိုမမှတ်မိဘူးသူမကအရင်ကပိုလှပြီး တောက်တောက်ပြောင်ပြောင်တွေပဲ ဝတ်တတ်တာလေချီမင်ယွဲ့က အကောင်ကြီးကြီးဖမ်းမိထားတယ်နဲ့တူတယ် ဆောင်းရှီက ခေါင်းဆောင်လုနားက မိန်းမတစ်ယောက်အကြောင်း သူများတွေပြောနေတာ ကြားပေမဲ့ အဲ့သူကချီမင်ယွဲ့ဖြစ်မယ်လို့ မထင်ထားဘူး
" အကိုဆောင်း ဘာလဲ သူမကိုသိတာလား "
ချစ်စရာကောင်းတဲ့မိန်းကလေးတစ်ယောက်က စိတ်ဝင်တစားမေးလာတယ် ဆောင်းရှီက လှည့်လိုက်ပြီးပြုံးပြလာတယ်
YOU ARE READING
ရှီရှန်း ရှီရှန်း Book 1 Arc 1 To Arc 4
Teen FictionUnicode သည်းထိတ်ရင်ဖိုဇာတ်လမ်းတွေကိုနှစ်သက်တဲ့ စာရေးဆရာမရှီရှန်းဟာ ရေးလက်စ စာအုပ်များစွာကို ရပ်တန့်ခဲ့တယ် မြောက်များစွာသော အဓိကဇာတ်ဆောင်တွေကို ၀မ်းနည်းစရာဇာတ်သိမ်းပေးခဲ့တဲ့ မိထွေးလို စာရေးဆရာမတစ်ယောက်ဖြစ်တယ် ဒီနေ့လို သာယာတဲ့နေ့မျိုးမှာ...