Unicode
ဖုန်းစီနိုးလာတဲ့အချိန်မှာ ရှီရှန်းက ၀င်ပေါက်ရဲ့အပြင်ဘက်မှာရပ်နေပြီး အပေါ်ကိုမော့ကြည့်နေတယ်
"ရှောင်ရှူ.."
သူမကိုမြင်တဲ့အခါမှာ ဖုန်းစီက မြေကြီးပေါ်ကနေထလာပြီး လျှပ်စီးလိုအမြန်နှုန်းနဲ့ ရှီရှန်းကိုနောက်ကျောကနေပြေးဖက်လိုက်တယ်
"တော်သေးတာပေါ့ မင်းဘာမှမဖြစ်လို့ "
ရုတ်တရပ် မပြင်ဆင်ထားမှုကြောင့် ရှီရှန်းက ပြင်းပြင်းထန်ထန်ချောင်းဆိုးလိုက်ပြီး လေထုထဲမှာ ဖျော့တော့တဲ့ သွေးနံ့တစ်ချက် ပျံ့နှံ့သွားတယ်
"ဘာဖြစ်တာလဲ"
ဖုန်းစီက ရှီရှန်းကို့ သူ့ဘက်ဆွဲလှည့်လိုက်တယ်
"မင်းမျက်နှာက ဘာလို့အရမ်းဖျော့တော့နေရတာလဲ မင်းရဲ့ကျင့်ကြံဆင့်တွေဘယ်ရောက်ကုန်တာလဲ အဲ့ဒီ့လူတွေကြောင့်လား...မကြောက်နဲ့ ရှောင်ရှူ ..ကိုယ်မင်းအတွက် သူတို့ကိုလက်စားချေပေးမယ်..မင်း သူတို့ကိုဘယ်လိုနည်းနဲ့သေစေချင်လဲ..ကိုယ့်ကိုပြော..ကိုယ်မင်းဖြစ်စေချင်တဲ့အတိုင်းလုပ်ပေးမယ် "
ရှီရှန်းက ပင့်သက်ရှိုက်ပြီး ဖုန်းစီကိုမော့ကြည့်လိုက်တယ်
သူမက စကားမပြောနိုင်သေးတာကြောင့် အပေါ်ဘက်ကိုသာလက်ညွှန်ပြလိုက်တယ်
ဖုန်းစီရဲ့နီညိုရောင်မျက်လုံးတွေက စိုးရိမ်ပူပန်မှုတွေနဲ့ အပြည့်ဖြစ်နေပြီး ရှီရှန်းကို နားမလည်စွာကြည့်နေတယ်ရုတ်တရပ် ရှီရှန်းရဲ့ ခန္ဓာကိုယ်ကတုန်ရီသွားပြီး ဖုန်းစီကို ဘေးဘက်တွန်းလိုက်တယ်.
လေးလံတဲ့အရာ၀တ္ထုတစ်ခုကသူမတို့ခုနကမြေပြင်ပေါ်ပြုတ်ကျလာတဲ့အသံကို ကြားလိုက်ရတယ်
ရှီရှန်းရဲ့နောက်ကျောက မြေကြီးမှာကပ်နေပြီး ဖုန်းစီရဲ့ခန္ဓာကိုယ်ကသူမကို ဖိမိထားတယ်
သူ့ရဲ့အေးစက်နေတဲ့နှုတ်ခမ်းက ရှီရှန်းရဲ့နှုတ်ခမ်းဖျားကိုထိမိနေတယ်
ဖုန်းစီရဲ့မျက်လုံးတွေက ပြူးကျယ်နေပြီး သူ့ရဲ့ရှည်လျားလှပတဲ့မျက်တောင်ရှည်တွေက တုန်ရီနေတယ်
သူတို့နှစ်ယောက်ရဲ့အခြေအနေက နီးကပ်နေလွန်းလို့ တစ်ယောက်အသက်ရှူသံကိုတစ်ယောက်ကကြားနေရတယ်
ဖုန်းစီက ရှီရှန်းရဲ့နှုတ်ခမ်းကိုဆက်ခနဲနမ်းလိုက်ပြီး ဓါတ်လိုက်ခံရသလိုမျိုး တုန်လှုပ်သွားပြီးတော့ အဝေးကို ခုန်ထွက်လိုက်တယ်
သူ့အကြည့်တွေကတုန်လှုပ်နေပြီး နားရွက်ဖျားလေးတွေကလည်း နီရဲနေတယ်ရှီရှန်းကခနလောက်ကြောင်သွားပေမယ့် သူမရဲ့နှုတ်ခမ်းစွန်းလေးကကွေးသွားပြီး အပြုံးတစ်ခုဖြစ်သွားတယ်
(TN/အမကြီးစကြွေပါပြီ😞)
ဒါပေမယ့်ခုနကအခြေအနေက ရှီရှန်းရဲ့အတွင်းဒဏ်ရာတွေကို နှိုးဆွလိုက်သလိုဖြစ်သွားတာကြောင့် သူမရဲ့မျက်နှာကနောက်တစ်ကြိမ်ရှုံ့မဲ့သွားပြန်တယ်
'နောက်တစ်ကြိမ်နမ်းမိမယ်ဆိုရင် ငါ့ဒဏ်ရာတွေကောင်းဖို့နေနေသာသာ နောက်ထက်ဒဏ်ရာတွေပေါ်လာလိမ့်အုံးမယ့်ပုံပဲ'
"ငါ့ကို နဲနဲလောက်ကူပါအုံး"
ရှီရှန်းက အားနည်းစွာ ပြောရင်း ဖုန်းစီ ဆီကိုလက်တစ်ဖက်ဆန့်ပေးလိုက်တယ်ရှက်သွေးဖြာနေတဲ့ဖုန်းစီက ရှီရှန်းကိုတည့်တည့်မကြည့်ရဲဘဲ မျက်နှာလေးအောက်ငုံ့ပြီး ဂရုတစိုက် ဆွဲထူပေးလိုက်တယ်
ဖုန်းစီက အခုလောလောဆယ် အရမ်းကို ပူပန်ကြောင့်ကြနေတယ်
'သူမစိတ်ဆိုးသွားတော့မှာလား ငါ့ကိုထားသွားတော့မှာလား ငါဂရုမစိုက်ဖူး သူမက ငါနဲ့ပဲတစ်သက်လုံးနေသွားရမှာ သူမသာငါ့ကိုထားသွားချင်တယ်ဆိုရင် .ငါ..ငါ.....'
ဖုန်းစီက အရမ်းစိတ်ဓါတ်ကျသွားတယ်
'သူမသာငါ့ကိုထားသွားမယ်ဆိုရင် ငါဘယ်လိုလုပ်ရတော့မလဲ သူမကိုငါ့အခန်းထဲမှာသော့ပိတ်ထားလိုက်ရမလား ဒါပေမယ့်..ဒါပေမယ့်..အဲ့လိုလုပ်ရင် ရှောင်ရှူက ငါ့ကိုစိတ်ဆိုးလိမ့်မယ်..သူမကို စိတ်မဆိုးစေချင်ဘူး..သူမငါ့ကိုပြုံးပြတာကိုပဲငါလိုချင်တာ အဲ့လိုအချိန်ဆိုရင် ငါရဲ့ရှောင်ရှူလေးကအရမ်းလှတာ ....'
ရှီရှန်းကသူမတို့ခုနကရပ်နေတဲ့နေရာကိုစိုက်ကြည့်နေတဲ့အတွက် ဒီစက္ကန့်ပိုင်းလေးအတွင်းဖုန်းစီရဲ့စိတ်ထဲမှာ ကမ္ဘာပျက်နေမှန်း မသိဘူး
မြွေနှစ်ကောင်က တစ်ကောင်နဲ့တစ်ကောင်ရစ်ပတ်နေကြတယ်
မြွေတွေက တစ်ကောင်နဲ့တစ်ကောင်ရစ်ပတ်ထားရင်းနဲ့ သူတို့နဲ့သိပ်မဝေးတဲ့နေရာမှာရှိနေတဲ့လူသားနှစ်ယောက်ကို လုံး၀လျစ်လျူရှုထားပြီး တရှူးရှူးတရှဲရှဲ အော်နေကြတယ်
မြွေနှစ်ကောင်ကိုမြင်သွားတဲ့အခါ ဖုန်းစီရဲ့မျက်နှာက မဲမှောင်သွားပြီး ရှီရှန်းရဲ့မျက်လုံးတွေကို လက်နဲ့အုပ်လိုက်တယ်
"မကြည့်နဲ့ ညစ်ပတ်တယ်"
ရှီရှန်း"........."
'နင်ဖုံးနေတဲ့ဟာတွေကို ခုနကပဲ ငါမြင်ပြီးပြီဟဲ့ အခုမှငါ့မျက်လုံးတွေကိုဘာကိစ္စလာအုပ်နေသေးတာလဲ'
ရှီရှန်းက မြွေနှစ်ကောင်မိတ်လိုက်နေကြတာကိုတွေ့မြင်ပြီးဖြစ်တယ်
'နင့်မေကြီးတော်ပဲ..သစ်ပင်ပေါ်မှာတွဲလောင်းနေပြီး မိတ်လိုက်နေကြတယ်လား ဘယ်လိုတောင်စကေးကြမ်းနေတာလဲ'
ဖုန်းစီသူမကိုလာဖက်တဲ့အချိန်မှာပဲ ချစ်ရည်လူးနေတဲ့မြွေနှစ်ကောင်က သစ်ပင်ပေါ်ကနေပြုတ်ကျလာတာဖြစ်တယ်
ရှီရှန်းက ထူးဆန်းတဲ့တဖျစ်ဖျစ်မြည်သံတွေကိုကြားလိုက်တယ်
သူမရဲ့မျက်လုံးကိုအုပ်ထားတဲ့လက် ဖယ်သွားတဲ့အခါမှာတော့ ပြာပုံတစ်ပုံကိုသာတွေ့ရတော့တယ်
'သူတို့မိတ်လိုက်နေတုန်းကြီးကို မီးရှို့သတ်ပစ်လိုက်တယ်လား အနည်းဆုံးတော့ သူတို့ကိစ္စလေးပြီးပါစေအုံးဟ...နင်တော့၀ဋ်လည်တော့မှာပဲ'
"ညစ်ပတ်တယ်"
ဖုန်းစီက ရှီရှန်းရှေ့ကမြင်ကွင်းကိုကွယ်လိုက်တယ်
"ကိုယ့်ကိုပဲကြည့် "
ရှီရှန်း"......"
'နင့်ကိုပဲ..ကြည့်ရမယ်တဲ့လား....'
'နင်ကအရမ်းချောနေရင်တောင်မှပဲ ငါ့ပတ်၀န်းကျင်ကိုငါကြည့်ဖို့လိုသေးတယ်လေ ပြီးတော့ သူတို့ကမြွေစုံတွဲလေးတစ်တွဲပါ...နင်အဲ့လောက်ထိလုပ်ဖို့လိုလို့လား...သနားစရာမြွေလေးတွေ...'
YOU ARE READING
ရှီရှန်း ရှီရှန်း Book 1 Arc 1 To Arc 4
Teen FictionUnicode သည်းထိတ်ရင်ဖိုဇာတ်လမ်းတွေကိုနှစ်သက်တဲ့ စာရေးဆရာမရှီရှန်းဟာ ရေးလက်စ စာအုပ်များစွာကို ရပ်တန့်ခဲ့တယ် မြောက်များစွာသော အဓိကဇာတ်ဆောင်တွေကို ၀မ်းနည်းစရာဇာတ်သိမ်းပေးခဲ့တဲ့ မိထွေးလို စာရေးဆရာမတစ်ယောက်ဖြစ်တယ် ဒီနေ့လို သာယာတဲ့နေ့မျိုးမှာ...