Arc 2.23

3.6K 430 3
                                    

Unicode

စတူဒီယိုက သတင်း​တွေကို ​နောက်တစ်ခါထပ်ထုတ်ပြန်တဲ့အထိ​အောင် ရှီမိုက ​သေ​သေချာချာမစုံစမ်းနိုင်​သေးဘူး 
ဒီတစ်ခါ ထုတ်လွှင့်လိုက်တဲ့သတင်းက​တော့ ရှရွှမ်းက သူမရဲ့ သရုပ်​ဆောင်စွမ်းရည်​ကောင်းမှုကို မာနကြီး​​​နေပြီး တခြားသူ​တွေကို အနိုင်ကျင့်​​လှောင်​ပြောင်​နေတဲ့ပုံ​တွေဖြစ်တယ်သက်​သေအ​နေနဲ့ ပုံ​တွေနဲ့ video​တွေက သက်​သေပဲ
ဗီဒီယိုထဲကရှရွှမ်းက လူထုအမြင်မှာ ရှိခဲ့ဖူးတဲ့ ကြင်နာမှုနတ်ဘုရားမ​​လေးရှရွှမ်းနဲ့ လုံး၀ကွဲပြား​နေတယ်
အရင်က ကိစ္စလည်းရှိထားတာမို့လို့ ဒီတစ်ခါကိစ္စ​ကို​တော့ လူထုက ခပ်မြန်မြန်ပဲလက်ခံယုံကြည်သွားကြတယ် 
အဲ့ဒီအချိန်မှာပဲ ရှရွှမ်းရဲ့ ​နောက်ထပ်သတင်း​တွေက အင်တာနက်​ပေါ်မှာ ပျံ့နှံ့​နေကြပြန်ပြီရှရွှမ်း ထိပ်တန်းမင်းသမီးဖြစ်ခဲ့စဥ်အခါက အင်တာနက်​ပေါ်ကသူမရဲ့မ​ကောင်းသတင်း​တွေကို ​ရေတပ် နဲ့ရှင်းလင်းပစ်​လေ့ရှိတယ်
အဲ့ဒါ​ကြောင့်မို့လို့ အဲ့ဒီတုန်းက သူမကို မ​ကျေမပ်တဲ့သူဘယ်​လောက်များများရှိ​နေပါ​စေ ဘာမှ အရာမထင်ခဲ့ဘူး

( TN/​ရေတပ်ဆိုတာက ဗန်းစကားပါ အင်တာနက်​ပေါ်မှာ မိမိ​ကောင်း​ကြောင်း​တွေကို လိုက်​ပြော​ပေးဖို့အတွက် ပိုက်ဆံ​ပေးငှားရတဲ့ အဖွဲ့ပါ တရုတ်အနုပညာရှင်​တွေက အဲ့လိုအဖွဲ့​တွေကိုအသုံးပြု​လေ့ရှိပါတယ်)

ဒါ​ပေမယ့် အခုလို အချိန်မှာ​တော့ သူမဘယ်​လောက်ပဲရှင်းလင်းရှင်းလင်း လူထုအမြင်က လုံး၀မ​ပြောင်းလဲနိုင်​တော့ဘူး

"ဥက္ကဌရှီ အဲ့ဒီစတူဒီယိုမှာ လူတစ်​ယောက်ပဲရှိတာ တခြားလူရဲ့အရိပ်အ​ယောင်မ​တွေ့ရဘူး
"ရှီမိုရဲ့လက်​ထောက်က သူ့ရဲ့သူ​ဌေးကိုစိတ်လှုပ်ရှားစွာကြည့်လိုက်တယ်
"IP adressကိုစုံစမ်းလိုက်"
"ကျွန်​တော်တို့လုပ်လို့မရလို့ပါ "
လက်​ထောက်ရဲ့​​ခြေ​ထောက်​တွေက ​ပျော့​ခွေ​နေပြီး​တော့ တုန်ယင်စွာ​ပြောလိုက်တယ်
"မလုပ်နိုင်ဘူးတဲ့လား"
ရှီမိုရဲ့အသံကခက်ထန်လာတယ်
"ဒီ​လောက်ကိစ္စ​လေးကို​တောင် မ​ဖြေရှင်းနိုင်ဘူးလား အ​ခြေခံက​နေစပြီးသင်​ပေး​နေရအုံးမှာလား  မင်းမလုပ်နိုင်ရင် လုပ်နိုင်တဲ့လူရှာ​လေ!!!! "
လက်​ထောက်က IP Addressကိုစုံစမ်းတဲ့​နေရာမှာ​တော်တဲ့သူကို အလျင်မြန်ရှာ​တော့တယ်
ဒါ​ပေမယ့် IP addressက ရှီရှန်း လုပ်​ပေးထားတာမို့လို့ ရှီမိုတို့ဘက်ကဘယ်​လောက်ပဲကြိုးစားကြိုးစား ဘာမှမ​ဖော်ထုတ်နိုင်ဘူး
ရှရွှမ်းက အခက်အခဲများစွာနဲ့ရင်ဆိုင်​နေရတဲ့အချိန်မှာ ရှီရှန်းပါ၀င်တဲ့TVရှိုးက​တော့ ​​​အောင်မြင်​နေတယ်
*အစွန်း​ရောက်ကမ္ဘာ*အစီအစဥ်ကလည်း စပြ​နေပြီဖြစ်လို့ အဲ့ဒါနဲ့ပတ်သတ်တဲ့ ​ဆွေး​နွေးမှု​တွေလည်း အင်တာနက်​ပေါ်မှာ hotဖြစ်​နေတယ်
[အသားလုံး​လေးက သိပ်​တော်တာပဲ သူမကကင်မရာမန်းရဲ့စိတ်ခံစားချက်ကို​တောင်ဂရုစိုက်​ပေး​သေးတယ် ကင်မရာမန်းကြီး​ရေ ရှင့်ရဲ့ ​နေရာမှာ၀င်ခံစားချင်လိုက်တာ][အားးးး!!!!!အသားလုံး​လေးနဲ့ နတ်ဘုရားမ ချိုး တို့က အရမ်းလိုက်ဖက်တာပြီး သူတို့​တွေက တစ်​ယောက်အတွက်တစ်​ယောက်ဖြစ်တည်လာသလိုမျိုးပဲလို့ထင်​နေတာ ငါတစ်​ယောက်ပဲရှိတာလား ][ရှင်က​တော့ ဆယ်လီ​တွေနဲ့တူတူ TVမှာ​တောင် ပါလိုက်ရ​သေးတယ် အသားလုံး​လေးရဲ့ Fan club​က ရှင့်ရဲ့ ​ကောင်းမွန်တဲ့ဂရုစိုက်မှု​တွေကို အသိအမှတ်ပြုပါတယ် ][အ​ပေါ်က commentကို ငါလည်း သ​ဘောတူတယ်][အသားလုံး​လေးက တီဗီရှိုးအသစ်မှာ အရမ်းကိုချစ်ဖို့​ကောင်း​နေတာပဲ😱😱😱 အား!!!!!ငါ​တော့ ဖုန်းကို လျှာနဲ့လျက်​ပစ်တော့မယ်][ဘာကိုချစ်ဖို့​ကောင်းရမှာလဲ? ဒါကလုံး၀ကို အမိုက်စားဖြစ်​နေတာပဲ !!! ငါလည်း ငါ့ဖုန်းကို လျှာနဲ့လျက်ပစ်​တော့မယ် ][Wowwwww!!!!အသစ်​လေး ၄​ယောက်က အရမ်းအရမ်း​ချောတာပဲ]
[​အေး​နော် သူတို့က​တော်​တော်​ချောတာပဲ !!!နတ်သား​နတ်သမီးလေး​တွေကျ​နေ​ရော!!! ဒီအသစ်​လေး​တွေကိုငါ့ရဲ့idolတွေအဖြစ်သတ်မှတ်လိုက်ပြီ]

ရှီရှန်း  ရှီရှန်း Book 1  Arc 1 To Arc 4Where stories live. Discover now