Arc 3.12

2.9K 388 1
                                    

Unicode

ရှီရှန်းက သဘောကျတယ်လို့ပြောလိုက်မှပဲ ဖုန်းစီကမီးတောက်တွေကိုပြန်ငြိမ်းလိုက်တယ်
"သူတို့ကရှားပါးတဲ့နေထွက်ပန်းတွေပဲ"

'နေထွက်ပန်းဆိုပဲ.....တစ်ခါမှမကြားဖူးပါလား..ဒါပေမဲ့ဖုန်းစီကတောင်ရှာရခက်တယ်လို့ပြောနေတာဆို​တော့တကယ်အဖိုးတန်လောက်မယ်...ဒါပေမဲ့ကြည့်ကောင်းရုံလောက်ပဲရှိတာမဟုတ်ဖူးလား...'

နေထွက်ပန်း ဆိုတာကတကယ်အသုံးဝင်တဲ့ပန်းတွေပါ.သူတို့ကရှီရှန်းအတွက်အသုံးမဝင်ပေမဲ့အခြေတည်အဆင့်ကိုမရောက်သေးတဲ့သူတွေအတွက်တော့ ဒီပန်းတွေကိုအသုံးပြုရင်အဆင့်မြန်မြန်တက်နိုင်ခြေ100%လောက်ရှိတယ်

အဲဒါကြောင့်သူတို့ကထုန်းတောင်ဂိုဏ်းရဲ့တားမြစ်နယ်မြေမှာရှိနေရတာပဲ

ပန်းတွေကိုကြည့်ပြီးတဲ့အချိန်မှာသူတို့ကပြန်လာခဲ့ကြတယ်
လရောင်အောက်မှာသူတို့အရိပ်တွေကတစ်ချက်တစ်ချက်ထပ်သွားတာကိုကြည့်ရင်းရှီရှန်းရဲ့စိတ်တွေရှုပ်ထွေး​နေတယ်
သူမရဲ့မှတ်ညဏ်ထဲမှာဘယ်သူကမှသူ့လို သူမ​ဘေးမှာအ​ဖော်ပြု​ပေးတာမျိုးမရှိခဲ့ဖူးဘူး

ရှီရှန်းက စက္ကန့်အနည်းငယ်လောက်အေးတိအေးစက်ပုံစံပေါက်နေပြီးတည်ငြိမ်တဲ့မူလအခြေအနေကိုပြန်ရောက်သွားတယ်
သူမရဲ့အကြည့်တွေကအရှေ့ကနေလျှောက်နေတဲ့လူဆီသာရောက်နေပြီးမျက်ဝန်းတွေရဲ့နက်ရှိုင်းတဲ့ခံစားမှုကိုဖုံးကွယ်ထားလိုက်တယ်

သူတို့က ကုန်းဆင်းတစ်ခုကိူဆင်းနေတဲ့အချိန်မှာရှီရှန်းကဖုန်းစီကိုရုတ်တရက်ကောက်ဆွဲလိုက်ပြီးသူတို့အနောက်ကချုုံပုတ်ထဲမှာပုန်းနေလိုက်တယ်
သူတို့နှစ်ယောက်ဆောင့်ကြောင့်ထိုင်လိုက်တဲ့အချိန်မှာပဲအရိပ်မည်းတစ်ခုကသူတို့နဲ့ခပ်လှမ်းလှမ်းနေရာကနေဖြတ်သွားတယ်တိုက်တိုက်ဆိုင်ဆိုင်အဲဒီညမှလရောင်ကတောက်ပနေတာကြောင့်ရှီရှန်းကဘယ်သူလဲဆိုတာကိုချက်ချင်းသိလိုက်တယ်
'ယဲ့ချင်ချိုး.. !!ဒီလောက်ညနက်နေတာ သူကဘာလာလုပ်တာလဲ?သူမလည်းလာချိန်းတွေတာလားး....နေပါအုံး ငါအခု' လည်း..'ဆိုတဲ့စကားကိုသုံးလိုက်တာလား??..စိတ်မရှိပါနဲ့နော်..သူမဘာလုပ်မလို့လဲသွားကြည့်ရမယ်..
အိုးးး...သူမကိုဒုက္ခလည်းပေးလို့ရတယ်လေ'

ရှီရှန်း  ရှီရှန်း Book 1  Arc 1 To Arc 4Opowieści tętniące życiem. Odkryj je teraz