Unicode
ခရမ်းဝါးတောင်ကုန်း,
မကောင်းဆိုးဝါးလောကရဲ့ချိတ်ပိတ်ထားတဲ့နေရာကဒီမှာရှိနေတာပဲတောင်ပေါ်မှာရှိနေတဲ့ဝါးတွေကအကုန်ခရမ်းရောင်တွေပဲ
ကောလဟာလတွေအရဆိုရင်ဒီဝါးတွေကကောင်းကင်ဘုံလောကရဲ့ဝါးတွေဖြစ်ပြီးသူတို့ကိုချိတ်ပိတ်တဲ့နေရာမှာသုံးဖို့အတွက်အစီအစဥ်တကျစိုက်လေ့ရှိတယ်ထုန်းတောင်ဂိုဏ်းနဲ့မြူခိုးတောင်ဂိုဏ်းချုပ်နဲ့အတူကျင့်ကြံသူတွေအများစုကအဲ့နေရာမှာစုဝေးနေကြတယ်
ရှီရှန်းပျောက်သွားတာနှစ်ပေါင်းက၄၀၀လောက်ရှိပြီအဲဒီနှစ်လေးရာအတွင်းမှာယဲ့ချင်ချိုးရဲ့ကြိုးပမ်းမှုကြောင့်မြူခိုးတောင်ဂိုဏ်းက ကျင့်ကြံခြင်းလောကမှာနံပါတ်တစ်ပြန်ဖြစ်လာခဲ့ပြီးတော့သူမကအခြားသူတွေအိမ်မက်ပဲမက်ရုံလောက်အောင်မြင့်မားတဲ့နေရာရောက်နေပြီ
"ဂိုဏ်းချုပ်ယဲ့,ကျွန်တော်တို့က မကောင်းဆိုးဝါးတွေထွက်လာတာကိုပဲထိုင်ကြည့်နေရမှာလား"
ယောကျ်ားတစ်ယောက်က လူတွေဝိုင်းဝိုင်းလည်နေတဲ့သူမကိုမေးလိုက်တယ်ယဲ့ချင်ချိုးရဲ့မျက်နှာကရေခဲနတ်ဘုရားမပမာအေးစက်နေပြီးတော့သူမကိုလူတွေကကြောက်ကြောက်လန့်လန့်ကြည့်နေကြရတယ်
"ဂိုဏ်းချုပ်လင်းရောဘယ်လိုထင်လဲ"
ယဲ့ချင်ချိုးက စကားပြန်ပြောတယ်
သူမရဲ့အပြုအမူတိုင်းကလူတိုင်းအထင်ကြီးရလောက်အောင်အရှိန်အဝါတွေတောက်ပနေတယ်
သူမကနတ်၀ိညာဥ်အဆင့်ကျင့်ကြံသူတစ်ယောက်ဖြစ်နေပြီမို့ ဘယ်သူ့မျက်နှာကိုမှကြည့်နေစရာမလိုတော့ဘူးဂိုဏ်းချုပ် လင်းကခေါင်းကိုခါယမ်းလိုက်တယ်
'ငါသာဘာလုပ်ရမယ်ဆိုတာကိုသိရင်နင့်ကိုမေးနေပါ့မလားဟဲ့'ယဲ့ချင်ချိုးက ကျင့်ကြံခြင်းလောကမှာဆရာတစ်ဆူဖြစ်နေပြီ
သူမကလည်ချောင်းကိုရှင်းလိုက်ပြီးတော့လူတွေစုဝေးနေတဲ့နေရာဆီအကြည့်ရောက်သွားတယ်
"ကောင်းကင်ဘုံလောကဆီကိုဒီဖြစ်ရပ်အကြောင်းတင်ပြထားပြီးပြီအဲတာကကြောင့်ကောင်းကင်ဘုံလောက ကလူတွေရောက်မလာခင်အထိငါတို့အခြေအနေကိုထိန်းနိုင်သမျှထိန်းထားရလိမ့်မယ်"
VOUS LISEZ
ရှီရှန်း ရှီရှန်း Book 1 Arc 1 To Arc 4
Roman pour AdolescentsUnicode သည်းထိတ်ရင်ဖိုဇာတ်လမ်းတွေကိုနှစ်သက်တဲ့ စာရေးဆရာမရှီရှန်းဟာ ရေးလက်စ စာအုပ်များစွာကို ရပ်တန့်ခဲ့တယ် မြောက်များစွာသော အဓိကဇာတ်ဆောင်တွေကို ၀မ်းနည်းစရာဇာတ်သိမ်းပေးခဲ့တဲ့ မိထွေးလို စာရေးဆရာမတစ်ယောက်ဖြစ်တယ် ဒီနေ့လို သာယာတဲ့နေ့မျိုးမှာ...