Arc 4.22

2.6K 341 3
                                    

Unicode

ဆောင်းရှီတို့အဖွဲ့ကိုဖမ်းထားပြီး ဟာရီကိန်းကြေးစားအဖွဲ့တစ်ဖွဲ့လုံးကိုတော့ *လက်ဖက်ရည်သောက်ဖိတ်ခံရကြောင်း*သူမကြားထားတယ်။ဒီထက်ပိုပြီးအသေးစိတ်ကိုတော့ သူမ မသိရဘူး။ဘာဖြစ်ဖြစ် စစ်တပ်ထဲမှာဆို‌တော့ သူမကလည်းနည်းပညာပိုင်းတွေမသိတော့ အသေးစိတ်ကိုမစုံစမ်းနိုင်တော့ဘူး။

အခုတော့သူမကရဟတ်ယာဉ်တစ်စီး ဘယ်လိုခိုးရမလဲဆိုတာ အစီစဥ်ဆွဲနေတယ်။  သူမကအစီအစဉ်ကို သူမရဲ့နောက်လိုက်လေး သုံးယောက်ကိုပြောပြတဲ့အခါ သူတို့တွေစိတ်ရှုပ်ထွေးသွားပေမဲ့ သူတို့က " ဘောစ့် ဘာပြောပြောမှန်တယ်။ ဘောစ့်ပြောတဲ့အတိုင်းလိုက်လုပ်မယ် "လို့ပြောလာကြတယ်။

 
"ဘောစ့် သူတို့ကအစောင့်ကိုတစ်နာရီတခါလဲကြတာကို ကျွန်တော်သတိထားမိတယ်။ ပြီးတော့ အစောင့်လှည့်ပြီးရင်ကင်းပတ်ကြတယ်။ အဲ့ဒီအချိန်မှာ ကျွန်တော်တို့ခိုးဝင်ဖို့ အလွယ်ဆုံးဖြစ်လိမ့်မယ်။

ကုနန်းနဲ့သူအဖွဲ့က အဆောက်ဦးတစ်ခုရဲ့အရိပ်မှာ မှောင်ရိပ်ခိုနေကြတယ်။လင်းဖုန်းကတော့ သူရလာတဲ့သတင်းအချက်လက်တွေကို တင်ပြနေတယ်။ ကုနန်းကနံရံကိုမှီပြီး ကျားဖြူရဲ့ကျောကိုပွတ်သပ်နေတယ်။ သူတကယ်အာရုံစိုက်ပြီး နားထောင်နေလား မထောင်ဘူးလားဆိုတာ ဘယ်သူကသိမှာလဲ။

အစောင့်ပြောင်းရမယ့်အချိန်ကိုရောက်တော့ သူတို့တွေဟယ်လီကော်ပတာတွေထားထားတဲ့အဆောက်ဦးထဲ ပြေးဝင်လိုက်ကြကာ အစောင့်တွေကင်းလှည့်နေကြတုန်း အခွင့်ကောင်းယူပြီး ဟယ်လီကော်တာပေါ် တက်လိုက်ကြတယ်။

သူတို့ရဟတ်ယာဉ်ထဲရောက်တဲ့အချိန်မှာ အရမ်းအရေးကြီးတာတစ်ခု ကိုမှတ်မိသွားတယ်။

" ဒါကို ဘယ်လိုမောင်းရမယ်ဆိုတာ သိကြလား! "

လင်းဖုန်း သူတို့ဘောစ့်ရဲ့မေးခွန်းမှာ ကြောင်အသွားတယ်။
" ဘေ.. ဘောစ့် ဒါ ဒါကိုမ‌မောင်းတတ်ဘူးလား "

'ဘောစ့်က 100%ထူးချွန်တဲ့လူလေ။ ရဟတ်ယာဥ်မောင်းတဲ့သေးငယ်တဲ့အလုပ်ကို ဘယ်လိုလုပ်မသိရတာလဲ။ ကျွန်တော်တို့ဆို အိမ်မက်ထဲတောင် ထည့်မမက်ဖူးတာ ' 

ရှီရှန်း  ရှီရှန်း Book 1  Arc 1 To Arc 4Where stories live. Discover now