Arc 4.29

2.6K 332 1
                                    

Unicode

ကလေးZombieလေးက တခြားZombieတွေနဲ့ပြန်မတိုက်တော့ဘဲ ရှီရှန်းတစ်ယောက်တည်းကိုသာ ဦးတည်မဲတိုက်တော့တယ် သူတိုက်နေတဲ့ပုံက တစ်ခုခုကို..., ခိုးချင်နေတဲ့အတိုင်းပဲ

ရှီရှန်းဘက်ကလည်း ရေခဲတုံးတွေကို လိုက်ခွဲနေလိုက်တယ်ကလေးZombieကို ကြည့်နေတဲ့အကြည့်တွေက စူးရှလာပြီး သူမဓားသွားလှုပ်ရှားမှုတွေက ပိုမြန်လာတော့တယ် ရှီရှန်းဒီကောင်သေးသေးလေးကို သတ်ပြီးသွားတဲ့အချိန်မှာ လက်တွေက ထုံတောင်ထုံနေပြီ

' ငါသိနေတယ် ဒီကောင်က အကျိုးမပေးဘဲ ငါ့လာဒုက္ခပေးမယ်လို့ '

သူသာ သတ္တမမြောက်အဆင့်နှစ်ကောင်နဲ့ တပြိုင်တည်းတွေ့မယ်ဆို သဲအိတ်ဘဝပြောင်းသွားလိမ့်မယ်ငါးလေးက သေနေတဲ့zombieကလေးဆီက အနုမြူကိုသွားထုတ်ပေးပြီး ရှီရှန်းဆီပေးလာတယ်ရှီရှန်းအရင်တုန်းက ဆန္ဒမ‌အဆင့်အနုမြူကိုမမြင်ဖူးပေမဲ ပဥ္မမအဆင့်အနုမြူကိုတော့မြင်ဖူးလေတယ် အာ့က စတုတ္ထအဆင့်အနုမြူထက် ပိုတောက်ပလေ‌သည်

ဒါပေမဲ့ ဒီသတ္တမအဆင့်အနုမြူကတော့ မတူဘူး တဝက်ကကြည်နေပြီး အရောင်မျှင်လေးတွေပါလေနေတယ် စွမ်းအားကိုစုပ်လိုက်ပေမဲ့ သူမအတွက်အသုံးမဝင်ဘူးငါးလေးကလည်း သူမကျွေးတာစားပြီးကတည်းက ဒါတွေမစားတော့ဘူးဒါကြောင့် ကျားဖြူကိုကျွေးလိုက်တော့တယ်

" မြောင် "~ means သခင် is the best~

ကျားဖြူက ရှီရှန်းပုခုံးပေါ်တက်ပြီး လည်ပင်းကိုလျက်နေလိုက်တယ်ရှီရှန်းနောက်မှာ ရပ်နေတဲ့ငါးလေးက ရန်မလုပ်ခင် အောက်ပြန်ချလိုက်ရတယ်ဒါတောင် ငါးလေးက ကျားဖြူအမြီးကိုဆွဲလိုက်မ်ိတာကြောင့် ကျားဖြူအော်သံကြီးထွက်လာခဲ့တယ် ကျားဖြူအော်သံကြောင့် zombieအနည်းငယ်လောက် လန့်ပြီးထွက်ပြေးသွားသေးတယ်

Zombieတွေထွက်ပြေးကုန်တာနဲ့ပတ်သတ်ပြီး ရှီရှန်းနည်းနည်းတော့ ဝမ်းနည်းသွားတယ်အခုကအဆင့်နိမ့်တွေဆိုပေမဲ့ နောက်ကျရင်အဆင့်မြှင့်ပြီး အသုံးဝင်လာမှာ‌ပဲလေ

..............

Bမြို့ရဲ့ လုံခြုံရေးဇုန်ထဲကို ရှီရှန်းတို့ရောက်တော့ zombieတွေက ဗလပွဖြစ်နေပြီ။ Zombieတမြုံတမကြီးက Bမြို့အခြေစိုက်စခန်း‌ကို သွေးစွန်းစေခဲ့တယ်တံတိုင်းပေါ်ကလူတွေက ပြင်းပြင်းထန်ထန်ခုခံနေကြပေမဲ့ အခုန်စွမ်းအားရှိတဲ့zombieတွေရဲ့ ကိုက်တာကိုခံနေကြရတယ်စက္ကန့်အမျှ တစ်ယောက်ပြီးတစ်ယောက် သေနေကြတယ်

ရှီရှန်း  ရှီရှန်း Book 1  Arc 1 To Arc 4Where stories live. Discover now