Unicode
အဲ့ဒါက ရှီရှန်းတွေးထားသလိုမဟုတ်ဖူး
သူမလည်ချောင်းကနေတစ်ဆင့်ခန္ဓာကိုယ်တစ်ခုလုံးရုတ်တရပ်ပူနွေးသွားမှုကိုသာခံစားလိုက်ရတယ်
နောက်ဆုံးမှာတော့ ဖုန်းစီက သူမရဲ့နှုတ်ခမ်းကိုလွှတ်ပေးလိုက်တယ် သူ့နှုတ်ခမ်းတွေက ဆွဲဆောင်မှုရှိစွာစိုစွတ်နေတုန်းပဲ
"မကြောက်နဲ့..စိတ်အေးအေးထား"
ရှီရှန်းက သူမရဲ့မြင်ကွင်းတစ်ခုလုံးအမှောင်ဖုံးသွားတာကြောင့် ဘာမှပြန်မပြောနိုင်လိုက်ဘူး
ခနအကြာမှာတော့ မီးတောက်ရှိနေတဲ့ ကန့်လန့်ဖြတ်လမ်းတွေကိုတွေ့လိုက်ရတယ်
သူမက အဲ့ဒီလမ်းတွေထဲက တစ်ခုမှာရောက်နေတာ
'ဒါကဘယ်လိုနေရာကြီးလဲ'
ရှီရှန်းကလက်ဆန့်ပြီး မီးတောက်တွေကိုထိတွေ့လိုက်တယ်
မီးတောက်တွေကသူမရဲ့လက်ဖ၀ါးကိုဖြတ်သွားပေမယ့် သူတို့တွေဆီက အပူဒဏ်ကိုမခံစားရဘူး"သူ့ကိုသေအောင်ရိုက်!သူကမျိုးမစစ်ကောင်"
"သူနဲ့မကစားကြနဲ့..သူက မကောင်းဆိုး၀ါးပဲ"
"..မျိုးမစစ်ကောင်!...မကောင်းဆိုး၀ါးကောင်!..."
ကလေးတွေဆူညံနေတဲ့အသံကို ရှီရှန်းကြားနေရတယ်
မီးလောင်နေတဲ့ကွင်းပြင်တစ်ခုမှာ ကလေးတွေက မီးတောက်တွေ၀န်းရံနေတဲ့ ကောင်လေးတစ်ယောက်ကို၀ိုင်းပြီး အနိုင်ကျင့်နေကြတာကိုတွေ့လိုက်တယ်
ကောင်လေးက မလှုပ်မယှက်ရပ်နေပြီးတော့ တခြားကလေးတွေသူ့ကို ချွန်ထက်တဲ့ပစ္စည်းတွေ ကျောက်ခဲတွေနဲ့ပစ်ပေါက်နေတာကို ငြိမ်ခံနေတယ်
မကြာခင်မှာပဲ သူ့မျက်နှာမှာ ဒဏ်ရာဒဏ်ချက်တွေဖြစ်လာတယ်အဲ့ဒီဒဏ်ရာတွေကနေသွေးတွေထွက်လာပြီး သူ့မျက်နှာတစ်၀က်ကိုသွေးတွေဖုံးလွှမ်းသွားတဲ့အထိအောင် သူကမလှုပ်မယှက် ရပ်နေတုန်းပဲ
ကလေးတွေလည်း ကြောက်လာကြပြီး အခြားတစ်နေရာကိုထွက်ပြေးသွားကြတယ်
ရှီရှန်းက သူ့အနားကိုကပ်သွားလိုက်တယ်
သူက တစ်ခုခုခံစားမိပုံပေါ်ပြီး ရှီရှန်းရှိတဲ့နေရာကို မော့ကြည့်တယ်
ရှီရှန်းကသူမရဲ့လှုပ်ရှားမှုကိုသံသယဖြစ်စွာရပ်တန့်လိုက်တယ်
'သူငါ့ကိုမြင်နိုင်တာလား'
YOU ARE READING
ရှီရှန်း ရှီရှန်း Book 1 Arc 1 To Arc 4
Teen FictionUnicode သည်းထိတ်ရင်ဖိုဇာတ်လမ်းတွေကိုနှစ်သက်တဲ့ စာရေးဆရာမရှီရှန်းဟာ ရေးလက်စ စာအုပ်များစွာကို ရပ်တန့်ခဲ့တယ် မြောက်များစွာသော အဓိကဇာတ်ဆောင်တွေကို ၀မ်းနည်းစရာဇာတ်သိမ်းပေးခဲ့တဲ့ မိထွေးလို စာရေးဆရာမတစ်ယောက်ဖြစ်တယ် ဒီနေ့လို သာယာတဲ့နေ့မျိုးမှာ...