Unicode
ကျန်းယွမ်ကလည်းလူကောင်းတစ်ယောက်မဟုတ်ဘူး
သူကလောင်းကစားသမားတစ်ယောက်ဖြစ်တယ်
ကျန်းဝမ်ဆီကရခဲ့တဲ့နစ်နာကြေးတွေကလည်းလောင်းကစားလုပ်လို့ကုန်ပြီသူကမြို့တော်ကို ချမ်းသာဖို့အတွက်ရည်ရွယ်ပြီးလာခဲ့ပေမဲ့မထင်ထားတာတွေပဲဖစ်လာတယ်
သူစိတ်ဓာတ်တွေကျလာတာနဲ့အမျှလောင်းကစားကိုပြန်စလုပ်ပြန်တယ်
သူတို့စုထားတဲ့ငွေတွေကလည်းလောင်းကစားတွေလုပ်လွန်းလို့ကုန်ပြီ
အဲဒါကြောင့်သူနဲ့သူ့ဇနီးက စကားများကြတော့တယ်
သူတို့နှစ်ဦးကခနခနရန်ုဖြစ်နေတာကြောင်hotelကလည်းသူတို့ကိုထွက်သွားခိုင်းနေပြီ
အဲဒါကြောင့်သူတို့နှစ်ယောက်စကားများတာချက်ချင်းရပ်လိုက်ပြီးhotelမှာဆက်နေကြတယ်
သူတို့ကဒီhotelမှာတစ်ညအိပ်ရဖို့ဒေါ်လာ၁၀၀၀၀ကျော်ကုန်ကျတယ်ဆိုတာကိုသိလို့ထွက်မသွားချင်ကြဘူး
သူတို့ဒီမှာနေခဲ့တာကတစ်လလောက်နီးပါးရှိပြီဖြစ်တာကြောင့်ကျသင်ငွေကိုတွက်ကြည့်ရင်စုစုပေါင်းဒေါ်လာ၃သိန်းလောက်ရှိနေပြီ
Hotelမန်နေဂျာကသူတို့ကိုကြည့်မရတော့ဘူးအဲဒါကြောင့်လုံခြုံရေးတွေခေါ်ပြီးတော့သူတို့ကိုဆွဲထုတ်ခိုင်းတယ်
.ခက်ထန်မာကျောတဲ့လုံခြုံရေးတွေနဲ့ကြုံရတဲ့အခါမှာကျန်းယွမ်က ကျန်းဝမ်ကိုအဆက်မပြတ်ဆဲဆိုပြီးထွက်သွားရုံပဲတတ်နိုင်တော့တယ်
ရှီရှန်းကဒါကိုကြားလိုက်တဲ့အခါမှာတိတ်တဆိတ်ရယ်လိုက်တယ်
ဒါပေါ့သူမကဒီလောက်ကောင်းတဲ့နေရာမှာသူတို့ကိုအလကားနေခိုင်းပါ့မလားတွေးကြည့်လိုက်စမ်းပါသူတို့သာဒီလောက်ကောင်းစားနေရင်မြို့တော်ကနေကိုပြန်ချင်ပါ့လား
အဖြေကတော့..သေချာပေါက်မဟုတ်ဘူးပေါ့ကျန်းကျိန်ကျိန်ရဲ့လက်ထဲမှာကငွေအနည်းငယ်ရှိနေသေးတယ်အဲဒါကြောင့်သူမကသူ့မိဘအတွက်နေဖို့နေရာလေးငှားပေးနိုင်ခဲ့တယ်
ကျန်းယွမ်ကမန်ထျန်းentertainmentကိုကျန့်ဝမ်ကိုတွေ့ရဖို့နေ့တိုင်းသွားတယ်...ဒါပေမဲ့သူမရဲ့အရိပ်တောင်မမြင်ရခဲ့ဘူး
ကျန်းယွမ်ရဲ့လောင်းကစားလုပ်တာကဆိုးသထက်ကိုဆိုးလာတယ်
ကျန်းကျိန်ကျိန်အိမ်ကိုပေးတဲ့ငွေတွေကလည်းသူလောင်းကစားလုပ်လွန်းလို့ကုန်ပြီ
အဆုံးမှာသူက ကျန်းကျိန်ကျိန်ကိုပါ သူမခန္ဓာကိုယ်ကိုရောင်းစားဖို့ပါဖို့တွန်းအားတွေပေးလာတယ်ကျန်းကျိန်ကျိန်ရဲ့မိဘတွေကထပ်ပြီးတော့ရန်ဖြစ်ကြတယ်
အကြိမ်ကြိမ်ရန်ဖြစ်ပြီးတဲ့နောက်မှာသူမအမေကသည်းမခံနိုင်တော့တာကြောင့်ပစ္စည်းတွေအကုန်သိမ်းပြီးထွက်သွားတော့တယ်
သူ့ဇနီးပါမရှိတော့တဲ့အခါမှာတော့ကျန်းယွမ်ကပိုပြီးဆိုးလာတယ်
အဆုံးမှာတော့သူ့သမီးကျန်းကျိန်ကျိန်ကိုရောင်းစားလိုက်ပြီးတော့ထွက်ပြေးသွားတယ်
VOCÊ ESTÁ LENDO
ရှီရှန်း ရှီရှန်း Book 1 Arc 1 To Arc 4
Ficção AdolescenteUnicode သည်းထိတ်ရင်ဖိုဇာတ်လမ်းတွေကိုနှစ်သက်တဲ့ စာရေးဆရာမရှီရှန်းဟာ ရေးလက်စ စာအုပ်များစွာကို ရပ်တန့်ခဲ့တယ် မြောက်များစွာသော အဓိကဇာတ်ဆောင်တွေကို ၀မ်းနည်းစရာဇာတ်သိမ်းပေးခဲ့တဲ့ မိထွေးလို စာရေးဆရာမတစ်ယောက်ဖြစ်တယ် ဒီနေ့လို သာယာတဲ့နေ့မျိုးမှာ...