Arc 4.21

2.5K 347 3
                                    

Unicode

ဘန်း!!!

ဓာတ်ခွဲခန်းရှိတဲ့ဘက်ကနေ ပေါက်ကွဲသံကြီးထွက်ပေါ်လာခဲ့တယ်။ ကောင်းကင်ပေါ်မှာ မီးခိုးတွေနဲ့ ပြည့်​နေတယ်။

ကုနန်းက ဖုတ်ကောင်အလောင်းတွေပေါ်ကိုတက်ပြီး ကောင်းကင်ပေါ်မော့ကြည့်လိုက်တယ်။ သူမျက်နှာက ခန့်မှန်းဖြေလိုက်တာ မှန်သွားတဲ့ကျောင်းသားတစ်ယောက်လိုမျိုးဖြစ်နေတယ်။

ကုနန်းရပ်နေတဲ့ပုံက သူကတစ်ကမ္ဘာလုံးရဲ့အရှင်သခင်ကြီးအတိုင်း...သူရဲ့အရှိန်ဝါက မျက်စိစူးလောက်တဲ့အထိ တောက်ပနေတယ်။

ဟိုသုံးယောက်လုံးကို ဒီမြင်ကွင်းက မျောသွားသေတယ်။ ဒါပေမဲ့ ခနပါပဲ။ ဗုံးပေါက်သံက နောက်တစ်ကြိမ်ထွက်ပေါ်လာတာကြောင့် လက်ရှိကို ပြန်ရောက်လာကြတယ်။

"ဟယ်လီကော့ပတာလား "

" Fuck!သူတို့က ဓာတ်ခွဲခန်းကို ဗုံးကြဲနေကြတာပဲ "

" ဒါဆို အထဲကလူတွေ....."

ဟယ်လီကော့ပတာက အဆောက်ဦးကို ဗုံးခွဲပြီးတဲ့နောက် ထွက်သွားတော့တယ်။ မြို့ထဲလမ်းတွေပေါ်မှာ ဖုတ်ကောင်အလောင်းတွေပုံနေတာတွေ့တော့ ဟယ်လီကော့ပတာပေါ်ကလူတွေအားလုံး လန့်သွားကြတယ်။

" သူတို့အားလုံးသေသွားကြပြီလား "
အဆောက်ဦးကြီးကတောင် မီးစွဲသွားတော့ အထဲကလူတွေ ရှင်ပါ့မလား။

' သူတို့က အထဲကအချက်လက်တွေပါမသွားစေဖို့ ဒါမှမဟုတ် ဒီနေရာရှိတယ်ဆိုတာ သိတဲ့သူမရှိစေဖို့ ဗုံးကြဲပစ်တာ။ ကိုယ့်လူတွေတောင် မကျန်ဘဲလက်စဖျောက်ပစ်တယ်။ ထားပါ ငါနဲ့မဆိုင်ပါဘူး။ ငါ့ကောင်လေး....မှားလို့...အနာဂတ်ဘုရင်ကြီးကို သွားရှာတော့မယ် '

.................

ချီမင်ယွဲ့နဲ့ဆောင်းရှီတို့အဖွဲ့က ဓာတ်ခွဲခန်းဟိုဘက်က အခန်းကျဥ်းလေးထဲ ရောက်နေတာမို့လို့ လုံခြုံနေသေးတယ်။ အဲ့ဒီမှာ ဖုတ်ကောင်တွေလည်းအများကြီးမရှိဘူး။

ဆောင်းရှီက ကုနန်းပိတ်ခဲ့တဲ့ထွက်ပေါက်ကို နောက်ဆုံးတော့ ဖွင့်နိုင်ခဲ့တယ်။ ဒါပေမဲ့ သူကဒုတိယမြောက်တံခါးကိုတော့ ပိတ်မထားခဲ့တာကြောင့် ဖုတ်ကောင်တွေက ထွက်ပေါက်လမ်းတစ်လျှောက်မှာ ရှိနေတယ်။ စတုတ္ထအဆင့်တွေရောပဲ။ သူတို့အဖွဲ့က ဖုတ်ကောက်တွေကို ဗုံးစမကြဲခင်ထိ မသတ်နိုင်သေးကြဘူး။

ရှီရှန်း  ရှီရှန်း Book 1  Arc 1 To Arc 4Where stories live. Discover now