Arc 2.20

3.7K 438 2
                                    

Unicode

#ထိပ်တန်းမင်းသမီးတစ်လက်ရဲ့မ​တော်တဆဖြစ်ရပ် : ဒီကိစ္စက အရမ်းကိုမ​လေးနက်လွန်းဘူးလား #
#ရုပ်ရှင်နတ်ဘုရားမရဲ့ ရှက်ရွံ့ဖွယ် အတိတ်ဇာတ်​ကြောင်း#
#ရှရွှမ်းရဲ့ မ​တော်တ​ရော်ပုံ​တွေနဲ့ ​မူးယစ်​ဆေးသုံးဆွဲခြင်း#
Weiboမှာ အရမ်းကိုhotဖြစ်​နေတဲ့​ခေါင်းစဥ်​တွေအားလုံးက ရှရွှမ်းနဲ့သက်ဆိုင်​နေတယ်
သူမလိုထိပ်တန်းမင်းသမီးတစ်လက်က ဒီလိုသတင်း​တွေထွက်လာတာကို လူ​တွေကအာရုံမစိုက်ကြဘူးဆိုမှသာ အထူးအဆန်းဖြစ်လိမ့်မယ်
ရှရွှမ်းရှိ​နေတဲ့​ဆေးရုံ​ပေါက်၀မှာသတင်း​ထောက်​တွေ၀ိုင်း​၀ိုင်းလည်နေပြီး တချို့​သောသတင်း​ထောက်​တွေဆိုရင် ​ဆေးရုံ၀င်းထဲကို ခနခနခိုး၀င်ဖို့ကြိုးစားကြတယ်
အထိနာသွားတဲ့ ရှရွှမ်းက ရှီရှန်းရဲ့မ​ကောင်း​ကြောင်းတချို့ကိုပြန်လွှင့်ပြီး အာရုံ​ပြောင်းဖို့ကြိုးစားတယ်

"ဒီတစ်ကြိမ်မင်းကံ​ကောင်းသွားတယ် ဒီကိစ္စရဲ့​နောက်ကွယ်မှာရှိ​နေတဲ့သူကိုငါသိ​နေလို့သာ ​တော်​သေးတယ် ဒီလိုသာမဟုတ်ရင် အခု​လောက်ဆိုမင်းမှာ ပြသနာ​တွေအများကြီးတက်​နေ​လောက်ပြီ သူမမှာမ​ကောင်းတဲ့အကြံအစည်ရှိ​နေမှန်းသိရဲ့သားနဲ့ ဘာကိစ္စလိုက်သွားခဲ့ရတာလဲ ဒါရိုက်တာကြီးရဲ့ဇာတ်ညွှန်းမှာ မင်းတို့၂​ယောက်ကတူတူသွားရမယ်ဆိုရင်​တောင် မင်းငြင်းလ်ု့ရတယ်​လေ မင်းတို့၂ယောက်ကို ​ကော်လိုကပ်​နေဖို့ ဘယ်သူက အတင်းအကြပ်တွန်းအား​ပေး​နေမှာမို့လို့လဲ!!!!! "
ထန်းရင်း က ရှီရှန်းကို ဖုန်းဆက်ပြီး အဆက်မပြတ်ဆူပူ​နေတယ်
အချိန်အ​တော်ကြာသွားမှပဲသွားက ​စိတ်​အေးလက်​အေးဖြစ်သွား​တော့တယ်

'လူငယ်​တွေက​တော့ စိတ်လှုပ်ရှားလွယ်ကြတာပဲ ဒီကိစ္စ​လောက်ကတကယ်တမ်းဆိုရင် ပါမွှား​လေးပဲကို'
ရှီရှန်းက ပြုံးလိုက်ပြီး​​တော့ သူမရဲ့အနားမှာ အနက်​ရောင်အရှိန်အ၀ါ​တွေ ​ပေါ်​ပေါက်လာတယ်
"သူတို့ဘက်က ဒီလိုလုပ်တယ်ဆိုတာနဲ့ပဲကျွန်မဆီမှာ ကြီးကြီးမားမားထိခိုက်သွားမယ်လို့ ရှင်ထင်​နေလား သူတို့ဘက်က ၁ကြိမ်​လောက်တိုက်ခိုက်လိုက်ရင် ကျွန်မဆီမှာလည်း သူတို့ကိုတိုက်ခိုက်စရာ အ​ကြောင်းပြချက်​ပေါင်း၁​ထောင်မက​​လောက်ရှိ​နေပါ​သေးတယ်"
ထန်းရင်းကသက်ပြင်းချလိုက်တယ်
"ငါအဲ့ဒါကိုသ​ဘောပေါက်ပါတယ်  ရှရွှမ်းရဲ့ ဓါတ်ပုံ​တွေက ကိစ္စကြီးကြီးမားမားမဟုတ်ဖူး​လေ အခုချိန်မှာ အရမ်းကို hot​နေတယ်ဆို​ပေမယ့် ရက်အနည်းငယ်​လောက်ကြာရင် ငြိမ်သွားမှာပဲ ဒါ​ပေမယ့်မင်းကိစ္စကကျမတူ​တော့ဘူး​လေ လူထုကမင်းအ​ပေါ်မှာ အမြင်မကြည်ကြ​တော့ဘဲ​မင်းရဲ့အနုပညာခရီးလမ်းမှာလည်း အမဲစက်ထင်သွားလိမ့်မယ် "

ရှီရှန်း  ရှီရှန်း Book 1  Arc 1 To Arc 4Où les histoires vivent. Découvrez maintenant