Unicode
ညသန်းခေါင်အချိန်လောက်မှာ အောက်ထပ်ကဆူညံပွက်လောရိုက်သံတွေ ထွက်လာတယ်။ တစ်ယောက်ယောက်က တတိယထပ်တံခါးကို လာထုနေတာကြောင့် အသံတွေက ပိုစိတ်ရှုပ်စရာကောင်းလာတယ်။
ကုနန်းကမျက်မှောင်ကြုတ်ပြီး ထထိုင်လိုက်တယ်။ ချန်လိကတော့ ပြတင်းပေါက်ထောင့်နားမှာ ကြက်ပေါက်လေးလို ကုတ်ကုတ်လေးဝပ်နေလေတယ်။ ကုနန်းဆီကလှုပ်သံကြားတာနဲ့ ကုနန်းအနားအပြေးလာပြီး သူမလက်ချောင်းတွေကိုစိုက်ကြည့်နေတော့တယ်။
' သေလိုက်တော့ သူအခုထိဆာနေတုန်းလား '
အနာဂတ်ဘုရင်ကြီးကို သူ့ရဲ့**နို့ **မတိုက်ခင် ကုနန်းစိတ်ပျက်လက်ပျက် ဆံပင်တွေဖွလိုက်တော့တယ်။ နောက်တော့ ချန်လိကိုလျစ်လျူရှုလိုက်ကာ တံခါးဆီဓါးနဲ့ချိန်ထားရင်း ကုတင်ပေါ်ကထလိုက်တော့တယ်။ ချန်လိသူမနောက်က သုံးလှမ်းလောက်ထိ လိုက်ခဲ့ပေမဲ့ ပြတင်းပေါက်နားကသူ့နေရာလေးကိုပဲ ပြန်သွားပြီးကွေးနေလိုက်တော့တယ်။
/ကလေးကနို့မတိုက်လို့ စိတ်ကောက်သွားပြီ/ကုနန်းတံခါးနားမှာရပ်နေပြီး အပြင်ကအသံတွေကို နားစွင့်နေလိုက်တယ်။ လှုပ်လှုပ်ရှားရှားရှိနေသေးပေမဲ့ စောနကလောက် ပွက်လောရိုက်မနေတော့ဘူး။ ကြည့်ရတာ တစ်ယောက်မှzombieဖြစ်သွားတဲ့ပုံမရဘူး။ ကုနန်း အခြေနေကိုသုံးသပ်ကြည့်ပြီး တံခါးဖွင့်လိုက်တယ်။
တံခါးဖျက်ဖို့လုပ်နေတဲ့ အပြင်ကလူတွေသုံးတဲ့ပစ္စည်းက မယ်မယ်ရရထိရောက်သေးတာမဟုတ်ဘူး(တံခါးမပျက်သေးဘူး)။ တံခါးအပြင်ဘက် ရှေ့ဆုံးကမိန်းကလေးက အမှောင်ထဲကထွက်လာတဲ့ လူရိပ်ကြောင့် အလန့်တကြားအော်လိုက်ပြီး အနောက်ကို ပြေးဆုတ်လိုက်တယ်။
သူမရဲ့အော်သံကြောင့် လူတွေလှည့်ကြည့်လိုက်ကြတယ်။ လူတစ်ယောက်က မီးအိမ်တစ်လုံးနဲ့ ကုနန်းဆီ ပစ်ပေါက်လိုက်တယ်။ ထိုလူက ကုနန်းကိုထိခိုက်ဖို့အတွက်ထိ မရည်ရွယ်ထားတာကြောင့် မီးအိမ်က ကုနန်းရှေ့နားပဲကျသွားတယ်။ မီးအိမ်ကအလင်းကြောင့် ကုနန်းကိုလူတွေရှင်းရှင်းလင်းလင်း မြင်လိုက်ကြရတော့တယ်။
YOU ARE READING
ရှီရှန်း ရှီရှန်း Book 1 Arc 1 To Arc 4
Teen FictionUnicode သည်းထိတ်ရင်ဖိုဇာတ်လမ်းတွေကိုနှစ်သက်တဲ့ စာရေးဆရာမရှီရှန်းဟာ ရေးလက်စ စာအုပ်များစွာကို ရပ်တန့်ခဲ့တယ် မြောက်များစွာသော အဓိကဇာတ်ဆောင်တွေကို ၀မ်းနည်းစရာဇာတ်သိမ်းပေးခဲ့တဲ့ မိထွေးလို စာရေးဆရာမတစ်ယောက်ဖြစ်တယ် ဒီနေ့လို သာယာတဲ့နေ့မျိုးမှာ...