Arc 4.7

2.7K 361 3
                                    

Unicode

ချန်လိ။  ဒီဝတ္ထုရဲ့ အဓိက ဗီလိန်ကြီး။ ပြီးတော့ တစ်ကောင်တည်းသော zombieဘုရင်ကြီး။ သူပုံစံကသာမာန်လူနဲ့မခြားဘူး။
သူကပါးစပ်ကနေ zombieဖြစ်‌ကြောင်းသာမပြောရင် ဘယ်သူမှ သူ့ကိုလူမဟုတ်မှန်းသိမှာ မဟုတ်ဘူး။

သူကzombieတွေကို ဦးဆောင်ပြီး အခြေချစခန်း‌တွေကို လိုက်သိမ်းခဲ့တယ်။ ချီမင်ယွဲ့တို့ရှိတဲ့ စခန်းကလွဲပြီးကျန်တဲ့စခန်းအကုန် သူ့လက်ထဲမှာ ပျက်ဆီးသွားခဲ့ရတယ်။ နောက်တော့ ချီမင်ယွဲ့က လူသားအားလုံးပေါင်းစည်းပြီး ချန်လိကိုအရှင်ဖမ်းဆီးနိုင်ခဲ့တယ်။ ချင်လိနဲ့ ကျန်တဲzombieတွေ ဘာကွာတာလဲ သိရအောင် ဓာတ်ခွဲခန်းထဲမှာ ပိတ်ထားပြီး လေ့လာခဲ့ကြတယ်။  ချန်လိကိုဘယ်လိုစမ်းသပ်မှုတွေလုပ်လည်း ကုနန်းအတိကျတော့မသိရပေမဲ့ ပျော်စရာကောင်းတဲ့ကိစ္စတွေမပါမှန်း သေချာလေတယ်။ နောက်ဆုံးတော့ မခံစားနိုင်တော့တဲ့ချန်လိက ဓာတ်ခွဲခန်းနဲ့အတူ ကိုယ့်ကိုကိုယ် ဖောက်ခွဲပစ်ခဲ့တယ်။

ကုနန်းကသူမကို စိတ်ပါလက်ပါစိုက်ကြည့်နေတဲ့ ကောင်စုတ်လေးဆီ အကြည့်ရောက်သွားတယ်။

' ဒီငတုံးကောင်လေးက‌ နောက်ကျရင် zombieဘုရင်ကြီးဖြစ်မှာပေါ့ အာ့ဆိုငါက? ငါကဘုရင်ကြီးကို စားစရာဆက်သနေတဲ့ ကျေးဇူးရှင်လေးပေါ့ ဒါဆိုငါက သူ့ကိုလည်း ခေါ်ထားရမယ် ကမ္ဘာကြီးကိုလည်း ကယ်တင်ပြီး ငြိမ်းချမ်းရေးတည်ဆောက်ရဦးမယ်။ ငါအဲ့လိုမလုပ်ချင်ဘူး ပျင်းတယ်။ '

ကုနန်းအကြာကြီး စဥ်းစားပြီးတဲ့နောက်မှာ ဆုံဖြတ်ချက်ချလိုက်တော့တယ်။

' အရင်ဆုံး ဒီညစ်ပတ်နေတဲ့ အကျီတွေလဲမှဖြစ်ရမယ် '

"ရော့ ဒါကိုပြောင်းဝတ်လိုက် ပြီးတော့ ကျားဖြူကိုရန်မရှာရတော့ဘူး နားလည်လား မဟုတ်ရင် ငါနင့်ကိုရိုက်မှာ "

" ဟမ့် ဟမ့် "
ချန်လိက ပြန်မဖြေခင်မှာ ကျားဖြူကို မျက်မှောင်ကြုတ်ပြီး တချက်ကြည့်လိုက်သေးတယ်။
" ဟမ့် ဟမ့်! "
/**မင်းငါ့ထက် ဒီကြောင်စုတ်ကို ပိုဂရုစိုက်နေပဲ ဟွန့်**ကိုယ့်ဘာသာ အဓိပ္ပါယ်တွေဖွင့်ပြီး အူတက်နေပြီ🤣🤣 /

ရှီရှန်း  ရှီရှန်း Book 1  Arc 1 To Arc 4Where stories live. Discover now