Unicode
မူလဇာတ်ကြောင်းကိုပြန်စဥ်းစားမိသွားတဲ့အခါမှာ ရှီရှန်းက မီးနဲ့လွတ်ရာကိုခုန်ထွက်လိုက်တယ်
"တော်ပါပြီ"
ရှီရှန်းရဲ့တုံ့ပြန်မှုကိုမြင်တဲ့အခါမှာ ဖုန်းစီကအနည်းငယ်စိတ်ပျက်သွားပုံပေါ်ပေမယ့် သူ့ရဲ့အတွေးတွေကိုဖုံးကွယ်ထားပြီးရှီရှန်းကိုအဖိုးတန်ရတနာတစ်ခုလို မက်မက်မောမောနဲ့စိတ်လှုပ်ရှားစွာကြည့်နေတယ်
'ဖုန်းစီက ဒီ၀တ္ထုရဲ့final bossဖြစ်ပြီးတော့ဇာတ်လိုက်မရင်ဆိုင်ရမယ့် အကြီးမားဆုံးနဲ့ နောက်ဆုံးသော အခက်အခဲပဲ 'ဖုန်းစီက နဂါးမျိုးနွယ်စုနဲ့ဖီးနစ်မျိုးနွယ်စုကဆင်းသက်လာသူပဲ
သူက စွမ်းအားကြီးမားစွာမွေးဖွားလာခဲ့ပေမယ့် အဲ့ဒီစွမ်းအားတွေနဲ့အတူ ဒီမီးတောက်တွေပါ ပါလာတယ်
ဖုန်းစီရဲ့ပတ်ပတ်လည်တိုင်းမှာအပူရှိန်ပြင်းထန်တဲ့မီးတောက်တွေ၀န်းရံနေတာကြောင့် ဘယ်သူကမှသူ့အနားကိုမကပ်ရဲကြဘူး
သူ့ရဲ့မိဘအရင်းတွေကတောင် နဲနဲလောက်သတိမပြုမိလိုက်တာနဲ့မီးလောင်သွားမှာစိုးလို့ ဖုန်းစီအနားကိုမကပ်ရဲကြဘူး
နဂါးမျိုးနွယ်စုနဲ့ဖီးနစ်မျိုးနွယ်စုတို့က ဖုန်းစီမမွေးခင်ထဲက ဆက်ဆံရေးမှာ အဖုအထစ်လေးတွေရှိခဲ့တယ်
ဖုန်းစီက ဒီလိုမျိုးမွေးဖွားလာတဲ့အခါမှာတော့ နဂါးမျိုးနွယ်စု၀င်ဖြစ်တဲ့ သူ့အဖေက သူ့ကိုကျက်သရေမရှိဘူးလို့ယူဆပြီး ဖီးနစ်မျိုးနွယ်စု၀င်သူ့ဇနီးကိုလုံး၀လျစ်လျူရှုလိုက်တယ်
ခင်ပွန်းရဲ့လျစ်လျှူရှုခြင်းကိုခံရတဲ့ အကြောင်းအရင်းဟာ ဒီကျက်သရေမရှိတဲ့ ဒုက္ခအိုး သားတစ်ယောက်ကြောင့်လို့သတ်မှတ်ပြီး ဖုန်းစီကိုစွန့်ပစ်လိုက်တယ်အဲ့ဒီလိုနဲ့ပဲဖုန်းစီက အထီးကျန်စွာ တစ်ကိုယ်ထဲကြီးပျင်းလာခဲ့ရတယ်
မူလဇာတ်ကြောင်းထဲမှာတော့ ဖုန်းစီက ဇာတ်လိုက်မ ကောင်းကင်လောကကိုပထမဆုံးရောက်လာပြီး အမျိုးသားဇာတ်လိုက်ကသူမကိုသွားကြိုတဲ့အချိန်မှာ ပေါ်လာခဲ့တာဖြစ်တယ်
ဖုန်းစီက ဒီလိုမျိုးရုတ်တရပ်ကြီးပေါ်လာတဲ့အခါမှာတော့ အဲ့ဒီမှာရှိနေတဲ့အခြားလူတွေက မီးတောက်တွေကိုကြောက်လန့်တဲ့အတွက် တခြားနေရာကို ထွက်ပြေးကုန်ကြပြီး ဇာတ်လိုက်နှစ်ယောက်ကသာ သူနဲ့ကျန်နေခဲ့တယ်
ဇာတ်လိုက်မကဖုန်းစီအကြောင်းကိုမသိပေမယ့် အမျိုးသားဇာတ်လိုက်ကတော့ သူနဲ့ရန်ငြှိုးရှိတယ်
နဂါးမျိုးနွယ်စုရဲ့သခင်လေးဖြစ်တဲ့ အမျိုးသားဇာတ်လိုက်က သူ့ထက်အင်အားကြီးနေပြီး နဂါး-ဖီးနစ်သွေးနှောလည်းဖြစ်တဲ့ဖုန်းစီကိုကြည့်မရဘူးဆိုတာက ဖြစ်သင့်တဲ့ကိစ္စပဲ
ဒါပေမယ့် သူက ဖုန်းစီရဲ့အတုမရှိတဲ့စွမ်းအားတွေကြောင့် ပုံမှန်ဆိုရင်သူ့ဘက်ကစပြီးရန်မရှာရဲဘူး
ဒါပေမယ့်ဇာတ်လိုက်မရှေ့မှာတော့ဘယ်တူမလဲ
သူ့ရဲ့အားနည်းချက်ကိုနည်းနည်းလေးမှဖော်ထုတ်ပြမှာမဟုတ်ဖူး
YOU ARE READING
ရှီရှန်း ရှီရှန်း Book 1 Arc 1 To Arc 4
Teen FictionUnicode သည်းထိတ်ရင်ဖိုဇာတ်လမ်းတွေကိုနှစ်သက်တဲ့ စာရေးဆရာမရှီရှန်းဟာ ရေးလက်စ စာအုပ်များစွာကို ရပ်တန့်ခဲ့တယ် မြောက်များစွာသော အဓိကဇာတ်ဆောင်တွေကို ၀မ်းနည်းစရာဇာတ်သိမ်းပေးခဲ့တဲ့ မိထွေးလို စာရေးဆရာမတစ်ယောက်ဖြစ်တယ် ဒီနေ့လို သာယာတဲ့နေ့မျိုးမှာ...