Arc 4.19

2.5K 356 5
                                    

Unicode

သေခြင်းကိုမကြောက်သူတစ်ဦး ဆိုတာက ဘဝရည်ရွယ်ချက်တွေပျောက်ဆုံးပြီး သတ်သေချင်နေတဲ့သူတွေကို ပြောတာမဟုတ်ဘူး။ သေမင်းကိုမကြောက်တဲ့သူတွေက တခြားလူတွေရဲ့အပြောကို ဂရုမစိုက်ဘဲ ကိုယ်ပိုင်ဘဝမှာ နေနေကြတဲ့သူတွေပဲ။

............

ချီမင်ယွဲ့ စတိုခန်းထဲက ထွက်လာတဲ့အခါ ပိုပြီးအားနည်း​နေတယ်။ သူမနောက်က လိုက်လာတဲ့သူသုံးယောက်က စိတ်ရင်းမှန်နဲ့ကျေးဇူးတင်စကားတွေ ပြောနေကြတယ်။ 

ကုနန်းက စမ်းသပ်စားပွဲပေါ်မှာ ထိုင်နေပြီး ချီမင်ယွဲ့ရဲ့အမူရာတွေကို မလွတ်တမ်းကြည့်နေတယ်။ 
' ချီမင်ယွဲ့ရဲ့ စမ်း‌ရေက စမ်းရေအိုင်ပိုင်ရှင်ကလွဲပြီး ကျန်တဲ့သူတွေကို အရှင်းပျောက်အောင် ကုမပေးနိုင်ဘူး။ဟားဟား... ပွဲတော့ဘယ်ချိန်ကြည့်ကောင်းမလဲမသိဘူး '

ချီမင်ယွဲ့က သူမစမ်းရေနဲ့လူတွေအများကြီးကို မကုဖူးသေးဘူး။ပြီးတော့အခုက သာမန်လူတွေဖြစ်သေးတယ်။ (စွမ်းအားမရှိတဲ့လူတွေ )။ ပုံမှန်ဆို သာမာန်လူတွေက အကိုက်ခံပြီးသွားရင် ဇုန်ထဲမှာလွယ်လွယ်နေနေလို့မဖြစ်တော့ဘူး။ ဒါကြောင့် အခုတော့ သူတို့လည်းသက်ပြင်းချနိုင်သွားတော့တယ်။ (အကိုက်ခံရင် ဇုန်ထဲကနေ နှင်ထုတ်ခံရတယ်လို့ ပြောချင်တာပါ။  )

ပြသနာတစ်ခုဖြေရှင်းပြီးသွားတော့ မူလပြသနာအတွက် အဖြေထုတ်တော့တယ်။ အပြင်ဘက်မှာ စုတ္ထအဆင့်zombieတွေရှိသေးလား မရှိတော့ဘူးလား သူတို့တစ်ယောက်မှ မသိကြဘူး။ ရှိသေးရင် သူတို့လည်း ဒီထဲမှာပဲ ဆက်ပိတ်မိနေရဦးမှာ။

"FU မှာစတုတ္ထအဆင့်မြေစွမ်းအားရှင်ရှိတယ်လေ။  သူ့ကိုထွက်ကြည့်ခိုင်းလိုက်ပါလား။ "
တစ်ယောက်က အကြံပေးလာတယ်။

ချန်းရှီက မျက်မှောင်ကြုတ်လိုက်တယ်။

  "စတုတ္ထအဆင့်? အခုထိ ငါတို့မှာအမြင့်ဆုံးစွမ်းဆောင်နိုင်မှုက တတိယအဆင့်မှာပဲမဟုတ်ဘူးလား။ သူကစတုတ္ထအဆင့်ရောက်နေပြီဆိုတာမင်းတို့ ဘယ်လိုသိတာလဲ။ "

" အာ အဲ့ဒါက ကျွန်တော်တို့ ခန့်မှန်းထားတာ။ သူ့စွမ်းအား ကျွန်တော်တို့ထက် ပိုတော်လို့ "

ရှီရှန်း  ရှီရှန်း Book 1  Arc 1 To Arc 4Où les histoires vivent. Découvrez maintenant