Unicode
မီးနဂါးဆီကနေဖြာထွက်နေတဲ့ စွမ်းအင်က ဂိုဏ်းချုပ်ကို ဖိနှိပ်ထားတယ်
ဂိုဏ်းချုပ်က သူ့ကိုဖိနှိပ်ထားတဲ့ မီးနဂါးကို တအံ့တသြ ကြည့်နေရင်းနဲ့ အတားအဆီးနံရံတစ်ခုဖန်တီးလိုက်ပြီးကိုယ့်ကိုကိုယ် မနည်းပြန်ထိန်းနေရတယ်
ဒါပေမယ့် အတားအဆီးက လုံလောက်အောင်မကြံ့ခိုင်တာကြောင့် နဂါးက မီးတောက်တစ်ချက်မှုတ်လိုက်တာနဲ့ အက်ကွဲသွားတယ်
"အားစီ..."
ရှီရှန်းက ခေါ်လိုက်တယ်ဖုန်းစီက ခနလောက်တုန့်ဆိုင်းသွားပြီး မီးနဂါးကိုပြန်ခေါ်လိုက်တယ်
ဒါပေမယ့် သူက ဒီတိုင်းငြိမ်မခံနိုင်တဲ့အတွက် ဓါးမြှောင်ပုံစံမီးတောက်အချို့ကိုဖန်ဆင်းပြီး ဂိုဏ်းချုပ်ရဲ့ ၀မ်းဗိုက်ဆီပစ်လွှတ်လိုက်တယ်
"အာ့.!!!!.."
ဂိုဏ်းချုပ်က သူ့ခန္ဓာကိုယ်ထဲကို ထူးဆန်းတဲ့စွမ်းအင်တွေ၀င်လာပြီး တစ်ဆစီစုတ်ဖြဲခံရတော့မလို ခံစားလိုက်ရတယ်
ဒါတွေအကုန်လုံးက ၁မိနစ်လောက်အတွင်းမှာ ဖြစ်ပျက်သွားပြီး တခြားလူတွေစတင်တုန့်ပြန်တဲ့အချိန်မှာတော့ ဂိုဏ်းချုပ်က သူ့ဗိုက်ကိုဖိနှိပ်ထားပြီး ကြမ်းပြင်ပေါ်မှာ ဒူးတစ်ဖက်ထောက်နေရပြီ
"ဂိုဏ်းချုပ်....""...မင်းကများ..မင်းကများ ရာရာစစ ဂိုဏ်းချုပ်ကိုတိုက်ခိုက်ရဲတယ်..မင်းကတကယ်ပဲ ဘယ်ကကောင်လဲ..."
ခန်းမထဲက လူတွေက သူတို့ရဲ့လက်နက်တွေကို ထုတ်ယူလိုက်ပြီး ရှီရှန်းနဲ့ဖုန်းစီကို ဆီကို တဖြည်းဖြည်းချဥ်းကပ်လာနေတယ်
"ဟေး...!!!တရားမျှတမှုရှိရမယ်လေ..သူကသာ ကျွန်မကို အရင်တိုက်ခိုက်ခဲ့တာ.."
ရှီရှန်းက ဖုန်းစီကို သူမဘေးနားဆွဲလိုက်ပြီး သူမတို့ကို တိုက်ခိုက်တော့မယ့်လူတွေကိုအော်ပြောလိုက်တယ်"ရှင်တို့တွေ ကျွန်မကအခုမှအခြေတည်အဆင့်ပဲရှိသေးတယ်ဆိုတာကိုမေ့နေကြတာလား...ဂိုဏ်းချုပ်ရဲ့ အတွင်းအားအကုန်သုံးထားတဲ့ ဖိအားကို အသက်ရှင်လျက်တောင့်ခံနိုင်နေလိမ့်မယ်လို့များ ရှင်တို့ထင်နေလား ဘာလဲ... အင်အားကြီးတဲ့လူ အမှားလုပ်တော့ ရှင်တို့ကမသိချင်ယောင်ဆောင်ပေးပြီး အင်အားနည်းတဲ့သူက ပြန်တိုက်ခိုက်တော့မှ ဂိုဏ်းစည်းကမ်းကိုဖောက်ဖျက်ရာ ကျသွားပြန်ပြီလား "
YOU ARE READING
ရှီရှန်း ရှီရှန်း Book 1 Arc 1 To Arc 4
Teen FictionUnicode သည်းထိတ်ရင်ဖိုဇာတ်လမ်းတွေကိုနှစ်သက်တဲ့ စာရေးဆရာမရှီရှန်းဟာ ရေးလက်စ စာအုပ်များစွာကို ရပ်တန့်ခဲ့တယ် မြောက်များစွာသော အဓိကဇာတ်ဆောင်တွေကို ၀မ်းနည်းစရာဇာတ်သိမ်းပေးခဲ့တဲ့ မိထွေးလို စာရေးဆရာမတစ်ယောက်ဖြစ်တယ် ဒီနေ့လို သာယာတဲ့နေ့မျိုးမှာ...