Arc 2.25

3.5K 466 3
                                    

Unicode

ရှီမိုကလုံးဝမျှော်လင်မထားဘူးသူအဲ့ဒီပုံတွေကိုမယုံနိုင်စွာပဲနဲ့ကြည့်နေခဲ့တယ် ရှရွှမ်းကသူမဟန်ဆောင်နေသလိုမျိုးသဘောမကောင်းဘူးဆိုတာကိုသူသိပေမဲ့လည်းဒါက အခြားချမ်းသာတဲ့မိသားစုသိုင်းအဝိုင်းကလူတွေလိုမာနကြီးတယ်လို့​လောက်ပဲထင်ထားတာသူမကလူသတ်မှုကျူးလွန်တဲ့လူတစ်ယောက်ဖြစ်နေမယ်လို့တွေးကိုမတွေးခဲ့ဖူးဘူး"ဥက္ကဋ္ဌ ရှီ, ကုမ္ပဏီပိုင်ရှင် ရှီကခေါ်နေပါတယ်" သူ့ရဲ့လက်ထောက်ကအခန်းထဲကိုဖုန်းယူလာပြီးဂရုတစိုက်နဲ့ပြောလိုက်တယ်
ရှီမိုက ကွန်ပျူတာကိုဆောင့်ပိတ်လိုက်ပြီးသူ့လက်ထောက်လက်ထဲကဖုန်းကိုကိုင်လိုက်တယ်"အဖေ"
"သတင်းစာရှင်းလင်းပွဲလုပ်လိုက်,မင်းနဲ့ရှရွှမ်းနဲ့စေ့စပ်ပွဲဖျက်သိမ်းလိုက်ပြီလို့"သူ့ရဲ့အသံကအရမ်းကိုမာကျောခက်ထန်နေတယ်"မင်းအခုဘာလုပ်မလဲငါဂရုမစိုက်ဘူး,ဒါပေမဲ့ရှရွှမ်းကမင်းရဲ့သတို့သမီးမဖြစ်နိုင်တော့ဘူး,ငါပြောတာရှင်းလား"
"ကျွန်တော်နားလည်ပါပြီ"
ရှီမိုကဖုန်းကိုချလိုက်ပြီးသူ့ပုံစံကအရမ်းကိုခက်ထန်သွားတယ်
"အခုချက်ချင်းသတင်းစာရှင်းလင်းပွဲပြင်လိုက်"
#တုန်းဖန်း entertainmentက ရှရွှမ်းနဲ့စေ့စပ်ထားတာကိုတစ်ဖက်သတ်ဖျက်သိမ်းကြောင်းကြေညာလိုက်ပါပီ။ဒီလိုလုပ်တာက အရင်ကရှရွှမ်းတကယ်လူသတ်လိုက်လို့လား#
သတင်းထွက်လာတာနဲ့အမျှရှရွှမ်းကရှီမိုကိုဖုန်းခေါ်လိုက်တယ်
ရှီမိုကကြည့်တောင်မကြည့်ဘဲဖုန်းကိုချပစ်လိုက်တယ်သူရှရွှမ်းနဲ့ပတ်သက်ပြီးဘာမှမလုပ်ပေးနိုင်ဘူး သုံးဖန်းentertainmentကအရေးကြီးတဲ့အခြေအနေမှာရောက်နေတယ် အဲဒါကြောင့်ရှရွှမ်းအတွက်နဲ့သူ့ရဲ့အစီအစဥ်တွေကိုအပျက်စီးမခံနိုင်ဘူး
ရှရွှမ်းကအပြင်ကိုမထွက်ရဲဘူးအပြင်မှာသတင်းထောက်တွေနဲ့ဒေါသထွက်နေတဲ့လူတစ်စုကသူမကိုစောင့်နေကြတယ် သူမရဲ့အသိတွေထဲကလုံခြုံရေးတွေနည်းနည်းပါးပါးရှိနေလို့အိမ်ထဲမှာအေးအေးဆေးဆေးနေနိုင်တာ,သူတို့သာမရှိဘူးဆိုရင်အဲလူတွေအထဲကိုဝင်လို့ရလောက်နေပြီ
ရှရွှမ်းတစ်ယောက်တည်းအဲမှာနေနေတာမဟုတ်ဘူး
အခြားသရုပ်ဆောင်တွေလည်းနေကြတယ်
အဲ့ဒါကြောင့်သူတို့ကတစ်စုံတစ်ယောက်ဝင်သွားတာပဲဖြစ်ဖြစ်ထွက်လာတာပဲဖစ်ဖြစ်သတိထားနေကြတယ်
နောက်ဆုံးမှာတော့ရဲတွေပါ ပါလာတော့တယ်

ရှီရှန်း  ရှီရှန်း Book 1  Arc 1 To Arc 4Where stories live. Discover now