Unicode
သေမင်းတမာန်တောအုပ်ထဲမှာ ကျင့်ကြံဆင့်သိပ်မမြင့်တဲ့၀ိညာဥ်သားရဲတွေရှိတယ်
ဒါပေမယ့် ရှီရှန်းရဲ့ *တိုက်ခိုက်ရေးလေ့ကျင့်မှု*ကြောင့် သူတို့တွေအကုန်သေကုန်ကြတာပါပဲ
အဲ့ဒီနောက်မှာတော့ ရှီရှန်းက အနီရောင်သစ်ပင်ကို သေသေချာချာစူးစမ်းလေ့လာတော့တယ်
သစ်ပင်က အောက်ကနေအပေါ် အတွင်းကနေ အပြင်ထိ အလုံးစုံ နီရဲနေတယ်
ရှီရှန်းက ဘာလို့သစ်ပင်ရဲ့အတွင်းသားပါ အနီရောင်ဖြစ်နေတာကို သိရပါသလဲဆိုရင်တော့ သူမကခုတ်ပစ်လိုက်လို့ပေါ့
ဒီသစ်ပင်က ဇာတ်လမ်းတစ်လျှောက် အရေးကြီးတဲ့နေရာမှာပါ၀င်တယ်ဆိုပေမယ့် ရှီရှန်းက နည်းနည်းလေးမှ ဂရုစိုက်မနေဘဲ ခုတ်ပစ်လိုက်တယ်
ဘာမှမထူးဆန်းဘူးလေ!!!
ရှီရှန်းကသစ်ပင်ကိုခုတ်ပစ်လိုက်ပေမယ့် ဘာရတနာမှထွက်မလာဘူး
'ငါလေးက အဓိကဇာတ်လိုက်မဟုတ်တာနဲ့ဘဲ ဘာပစ္စည်းမှထုတ်မပေးတော့ဘူးပေါ့ သက်မဲ့တွေကတောင်ဘက်လိုက်ကြတယ် ကြောက်စရာကောင်းလိုက်တာ ! '
သစ်ပင် "......"
'အနည်းဆုံးတော့ငါ့ကို တစ်ခုခုလုပ်ဖို့အချိန်လေးပေးသင့်တယ်လေ ဘယ်သူကနင့်ကို မြင်မြင်ချင်းသစ်ပင်ကိုခုတ်ခိုင်းလို့လဲ '
ရှီရှန်းက လဲကျနေတဲ့သစ်ပင်နီရဲ့ ပင်စည်ပေါ်မှာထိုင်နေပြီး ကောင်းကင်ကိုမော့ကြည့်ကာ ဇာတ်လိုက်ကောင်ပေါ်လာမယ့်အချိန်ကိုစောင့်နေတယ်
သူမသိထားတဲ့အတိုင်းဆိုရင် ဇာတ်လိုက်နှစ်ယောက်က ဒီနေရာမှာလာဆုံကြမှာဖြစ်တယ်
ဒါပေမယ့် ရှီရှန်းက ကွန်ဖြူးရှပ် ရုပ်တုအဖြစ်ပြောင်းသွားလုနီးပါ အကြာကြီးစောင့်နေခဲ့ပေမယ့် ဇာတ်လိုက်ကောင်ရဲ့အရိပ်အယောင်ကိုတောင်မမြင်ရဘူး
'တောထဲမှာ အခြားအနီရောင်သစ်ပင်တွေရှိနေသေးတာများလား ငါနဲနဲလောက်သွားရှာကြည့်ရင်ကောင်းမလား '
ရှီရှန်းကသစ်တောထဲမှာ အတန်ကြာအောင်ပတ်ကြည့်နေခဲ့ပေမယ့် အခြားသစ်ပင်နီတွေကို မတွေ့ခဲ့ရဘူး
အဲ့ဒီအစား ၀ိညာဥ်သားရဲအချို့နဲ့တော့ထပ်တွေ့ခဲ့ရသေးတယ်
ရှီရှန်းကသူတို့ကိုအသေသတ်ပြီး သစ်ပင်နီဆီပြန်လာတဲ့အခါမှာတော့
သစ်ပင်ပင်စည်နားမှာ လူတစ်ယောက်လဲနေတာကိုတွေ့တယ်
'အော် တရားမျှလွန်းတဲ့ ဇာတ်ကြောင်းကြီးပါလား
ငါအရင်ထွက်သွားပေးပြီးမှသူကဒီကိုရောက်လာမယ်ပေါ့ ...ဟဟပဲရမယ် '
ရှီရှန်းက ယွီရှောင်းထည့်ပေးလိုက်တဲ့ဓါးရှည်ကိုထုတ်ယူကာ လဲကျနေတဲ့လူရဲ့နောက်ကျောကို ထိုးစိုက်ပစ်လိုက်တယ်
*ရွှစ်*
"ရပ်လိုက်စမ်း"
အသံနှစ်သံကတစ်ပြိုင်နက်ထွက်လာတယ်
ပထမအသံက လူ့ခန္ဓာကိုယ်ကို ဓါးနဲ့ထိုးစိုက်လိုက်တဲ့အသံဖြစ်ပြီး ဒုတိယအသံကတော့ မိန်းမတစ်ယောက်ရဲ့အေးစက်စွာ တားမြစ်လိုက်သံဖြစ်တယ်
ရှီရှန်းကသူမဓါးရဲ့ဦးတည်ရာကိုမပြောင်းမလဲဘဲနဲ့ အသံပိုင်ရှင်ကိုလှည့်ကြည့်လိုက်တယ်
"အို..... ဂိုဏ်းတူညီမလေးယဲ့ပါလား..."
ယဲ့ချင်ချိုးက ဂိုဏ်း၀တ်စုံခရမ်းရောင်နဲ့ ချပ်၀တ်တန်ဆာကို ၀တ်ဆင်ထားတယ်
ခရီးထွက်လာရလို့သူမရဲ့ဆံပင်တွေကရှုပ်ပွနေတယ်ဆိုပေမယ့် မျက်နှာကတော့ မြင်သူတကာငေးမောလောက်အောင်ကို ကြည်လင်ရှင်းသန့်နေပြီး အေးစက်တဲ့အကြည့်တွေကတော့ ကြက်သီးထဖွယ်ဖြစ်တယ်
"ရှင်ဘာလုပ်နေတာလဲ..."
ယဲ့ချင်ချိုးကရှီရှန်းကိုအေးစက်စွာမေးလိုက်တယ်
"လူသတ်နေတာလေ...နင်မမြင်ဘူးလား..."
ရှီရှန်းက ဖြစ်သင့်တဲ့ကိစ္စကိုလုပ်နေတယ်ဆိုတဲ့လေသံနဲ့ အေးအေးဆေးဆေးပြောလိုက်တယ်
ယဲ့ချင်ချိုး"........"
'ရှန်းရှူကဘာဖြစ်သွားတာလဲ လွန်ခဲ့တဲ့၁နှစ်ကနဲ့လုံး၀မတူတော့ပါလား...မဟုတ်မှလွဲရော သူမရဲ့ခန္ဓာကိုယ်ကိုရော တခြားတစ်ယောက်ရဲ့၀ိညာဥ်၀င်နေတာများလား '
ယဲ့ချင်ချိုးရဲ့မျက်လုံးတွေကျဥ်းမြောင်းသွားတယ်
"သူက ရှင်နဲ့ဘာရန်ငြိုးမှမရှိဘူး ..တကယ်လို့ရှင်သူ့ကိုသတ်လိုက်မယ်ဆိုရင် ဂိုဏ်းရဲ့အပြစ်ပေးတရားစီရင်မှုကိုခံရလိမ့်မယ် "
YOU ARE READING
ရှီရှန်း ရှီရှန်း Book 1 Arc 1 To Arc 4
Teen FictionUnicode သည်းထိတ်ရင်ဖိုဇာတ်လမ်းတွေကိုနှစ်သက်တဲ့ စာရေးဆရာမရှီရှန်းဟာ ရေးလက်စ စာအုပ်များစွာကို ရပ်တန့်ခဲ့တယ် မြောက်များစွာသော အဓိကဇာတ်ဆောင်တွေကို ၀မ်းနည်းစရာဇာတ်သိမ်းပေးခဲ့တဲ့ မိထွေးလို စာရေးဆရာမတစ်ယောက်ဖြစ်တယ် ဒီနေ့လို သာယာတဲ့နေ့မျိုးမှာ...