Unicode
ဒီနေရာမှာ အချိန်ကုန်တာအရမ်းကိုမြန်လွန်းတယ်
ဖုန်းစီနဲ့ရှီရှန်းတို့က သူမနတ်၀ိညာဥ်အဆင့်ကိုတက်လှမ်းနိုင်တဲ့အချိန်ထိ ဒီနေရာမှာပဲနေခဲ့ကြတယ်
ဖုန်းစီရဲ့မီးတောက်စွမ်းအားကြောင့် ရှီရှန်းရဲ့ကျင့်ကြံဆင့်တက်နှုန်းက လုံး၀ကိုချောမွေ့တယ်
နတ်၀ိညာဥ်အဆင့်ပြီးတဲ့နောက်မှာ ကျန်ရှိတာက ကောင်းကင်ဘုံသို့တက်လှမ်းခြင်း ဆိုတဲ့နောက်ဆုံးအဆင့်သာဖြစ်ပြီး ကံအလွန်ကောင်းမှသာ အဲ့ဒီအဆင့်ကို အောင်မြင်စွာကျော်ဖြတ်နိုင်မှာဖြစ်တယ်နတ်၀ိညာဥ်အဆင့်ပြီးတဲ့အခါမှာ ကျော်ဖြတ်စရာအခြားအတားအဆီးမရှိတော့ဘဲ ကောင်းကင်ဘုံသို့တက်လှမ်းခြင်း အဆင့်အတွက် စမ်းသပ်ချက်တစ်ခုကသာ ပြင်းပြင်းထန်ထန်ရင်ဆိုင်ရမယ့်အရာဖြစ်တယ်
တချို့လူတွေက နှစ်ပေါင်းရာထောင်ချီတဲ့အထိ ဒီစမ်းသပ်ချက်ကို မကြုံတွေ့ရဘဲ နတ်၀ိညာဥ်အဆင့်မှာသာ ရပ်တန့်နေကြရတယ်ဒီစမ်းသပ်ချက်ဟာ သူမတို့လောလို့ရတဲ့အရာမဟုတ်တဲ့အတွက် ရှီရှန်းက သူမတို့ရောက်နေတဲ့ ချောက်နက် ထဲက ထွက်လာပြီး ဖုန်းစီနဲ့အတူတူ နှစ်ကာလတွေကို ဖြတ်သန်းနေတယ်
ချောက်နက်ရဲ့အပြင်ဖက်က စွန့်ပစ်နယ်မြေဖြစ်တယ်နှစ်ပေါင်းများစွာကြာအောင်ပုန်းနေတဲ့ ပူတင်း လေးကိုရှီရှန်းကခေါ်ထုတ်လိုက်တယ်
စိတ်ကောက်နေတဲ့ပူတင်းလေးက ခပ်သေးသေးပုံစံနဲ့သာထွက်လာပေမယ့် ဖုန်းစီနဲ့ ခပ်စူးစူးအကြည့်နဲ့ရင်ဆိုင်ရပြီးတဲ့အခါမှာတော့ သူရဲ့မူလအရွယ်အစား ဖြစ်တဲ့နဂါးအသွင်ကိုပြန်ပြောင်းလိုက်တယ်
ဖုန်းစီက ရှီရှန်းကိုပူတင်းလေးရဲ့ကျော်ပေါ်တင်ပေးလိုက်တယ်
သူက ရှီရှန်းကို လုံး၀လက်မလွှတ်တော့မယ့်ပုံပဲ
သူက ရှီရှန်းနဲ့ အချိန်အကြာကြီး အတူနေခဲ့ပေမယ့် ချောက်နက်ထဲမှာရှိနေခဲ့တုန်းက သူမက အချိန်ပြည့်နီးပါးကျင့်ကြံနေတာကြောင့် သူ့မှာ ရှီရှန်းကို စိုက်ကြည့်နေရင်ကြည့်နေ မဟုတ်ရင်သူတို့နားကိုကျူးကျော်လာတဲ့ သတ္တ၀ါတွေကို အမဲလိုက်တာမျိုးနဲ့ပဲအချိန်ကုန်ခဲ့ရတယ်
ဒါပေမယ့် အခုတော့ သူက ရှီရှန်းကိုနောက်တစ်ကြိမ်ပြန်ပွေ့ဖက်ခွင့်ရခဲ့ပြီမို့ ဗလာဖြစ်နေတဲ့ သူ့နှလုံးသားကလည်းကျေနပ်သွားပြီမို့ သူမကိုနောက်တစ်ကြိမ်လက်မလွှတ်ချင်တော့ဘူး
YOU ARE READING
ရှီရှန်း ရှီရှန်း Book 1 Arc 1 To Arc 4
Teen FictionUnicode သည်းထိတ်ရင်ဖိုဇာတ်လမ်းတွေကိုနှစ်သက်တဲ့ စာရေးဆရာမရှီရှန်းဟာ ရေးလက်စ စာအုပ်များစွာကို ရပ်တန့်ခဲ့တယ် မြောက်များစွာသော အဓိကဇာတ်ဆောင်တွေကို ၀မ်းနည်းစရာဇာတ်သိမ်းပေးခဲ့တဲ့ မိထွေးလို စာရေးဆရာမတစ်ယောက်ဖြစ်တယ် ဒီနေ့လို သာယာတဲ့နေ့မျိုးမှာ...