Arc 3.31

2.8K 344 7
                                    

Unicode

​ကောင်းကင်ဘုံစစ်ပွဲကိစ္စက​ဖြေရှင်းပြီးသွားပြီဆို​ပေမယ့် အခုချိန်က​ပျော်ရမှာလား စိတ်ညစ်ရမှာလားဆိုတာကို ဘယ်သူမှနားမလည်နိုင်ကြဘူး
'အရင်ဘုရင်နဲ့ ကြီးကြပ်​ရေးမှူးက ဘယ်​ရောက်သွားကြတာလဲ'

ရှီရှန်းက ရိုးရှင်းတဲ့နန်းတက်ပွဲပြင်ဆင်ထား​ပေးတယ်
​​နန်းတက်ပွဲနေ့မနက်မှာ​တော့ ရာဇပလ္လင်ဟာ​ပိုင်ရှင်​ပြောင်းသွားပြန်တာကိုသိလိုက်ရပြန်တယ်
'ဟမ်!....​နေပါအုံး..ဒါက မူလပိုင်ရှင်ပဲ'

​ကောင်းကင်ဘုံသခင်ဟာ စိတ်အ​နှောင့်အယှက်ဖြစ်လွန်းလို့မှုန်ကုပ်ကုပ်ဖြစ်​နေတယ်

ဒီလိုထူးဆန်းတဲ့လူ​တွေကို သူတစ်ခါမှမမြင်ဖူးဘူး

"အရှင်မင်းကြီး...မ​ကောင်း​တော့ပါဘူး....ကျင့်ကြံခြင်း​လောကကို မ​ကောင်းဆိုး၀ါးမျိုးနွယ်စုကသိမ်းပိုက်လိုက်ပြီ"

​ကောင်းကင်ဘုံသခင် "........"

'ဘာလို့မှန်းမသိ ငါ နန်းစွန့်ချင်လာပြီ '

ဦး​ဆောင်​ပေးမယ့်သူမရှိ​တော့တဲ့အခါမှာ​တော့ ကျင့်ကြံ​ရေးသမား​တွေက မ​ကောင်းဆိုး၀ါး​တွေရဲ့အပြတ်အသတ်အနိုင်ယူခြင်းကိုခံ​နေရတယ်
တပ်ဖွဲ့တစ်၀က်ဟာ ဆုတ်ခွာထွက်​ပြေးကုန်ကြပြီဖြစ်လို့ ဒီတိုက်ပွဲကတကယ်ကိုကမ်းမမြင်လမ်းမမြင်ဘဲ

'ဒါဆို ဟို၂​ယောက်က မ​ကောင်းဆိုး၀ါး​တွေအတွက် အချိန်လာဆွဲ​ပေးသွားတာ​ပေါ့ '
​ကောင်းကင်ဘုံသခင်က အမှန်တရားကိုသ​ဘော​ပေါက်သွားတဲ့အခါမှာ​တော့ ရူးချင်စိတ်​ပေါက်သွား​တော့တယ်
မ​ကောင်းဆိုး၀ါးမျိုးနွယ်စုက ​ကောင်းကင်ဘုံသခင်ကို ​​စေ့စပ်ဆွေး​နွေးပွဲအတွက်ဖိတ်ကြားထားတယ်
​တောင်ပင်လယ်ကလည်း​လော​လောဆယ်ကမှတိုက်ပွဲက​နေ ဆုတ်ခွာထားစဖြစ်လို့ အင်အားအပြည့်အ၀ရှိ​နေမှာမဟုတ်တဲ့အတွက် မ​ကောင်းဆိုး၀ါးမျိုးနွယ်စုနဲ့ရင်ဆိုင်နိုင်မှာမဟုတ်တဲ့အပြင် ​ကောင်းကင်ဘုံနဲ့ပဋိပက္ခဖြစ်ထားတဲ့အတွက်
​ရွေးချယ်စရာမရှိတဲ့အဆုံးမှာ​တော့ ​ကောင်းကင်ဘုံသခင်လည်း ​ဆွေး​နွေးပွဲဆီ သွားရ​တော့တယ်

ရှီရှန်း  ရှီရှန်း Book 1  Arc 1 To Arc 4Where stories live. Discover now