Arc 3.11

3K 392 8
                                    

Unicode

အတားအဆီးကြောင့်သေဆုံးကုန်တဲ့ဂိုဏ်းသားတွေကိုဥပမာယူပြီးတော့အခြားဘယ်သူကမှဒီဒုက္ခမရှာရဲကြတော့ဘူး

ရှီရှန်းတို့အတားအဆီးချထားတဲ့အဆောင်ရဲ့ပတ်ပတ်လည်လည်မှာ​ခွေးတစ်​ကောင်​ကြောင်တစ်မြှီးမှမ​တွေ့ရ​တော့ဘူး

ဂိုဏ်းကြီးတွေအစုံရောက်လာတဲ့အခါမှာပြိုင်ပွဲကိုစတင်ခဲ့တယ်

ယဲ့ချင်ချိုးကပြိုင်ပွဲရဲ့ပထမဆုံးနေ့မှာပဲသူမရဲ့ဂိုဏ်းသားတွေနဲ့အတူရောက်လာတယ်
သူမကောင်းကောင်းတောင်မထိုင်ချရသေးခင်မှာပဲရှီရှန်းတို့ရဲ့အတားအဆီးကနေအသက်ရှင်လျက်နဲ့ထွက်လာနိုင်တဲ့တပည့်တစ်ယောက်ကအကြောင်းကြားတာကိုကြားလိုက်ရတဲ့အခါမှာ​တော့သူမအရမ်း စိတ်ဆိုးသွားရတယ်
"ဂိုဏ်းချုပ်....,ရှန်းရှူကကျွန်မတို့ကိုဆိုးဆိုးဝါးဝါးတိုက်ခိုက်ခဲ့တယ်ဒီအတိုင်းလွှတ်ပေးလိုက်လို့မဖြစ်ဘူး..,ရှင်လက်စားခြေ​ပေးမှဖြစ်မယ်"

"ဟုတ်တယ်.,သူမက မြူခိုးတောင်တစ်ခုလုံးကိုအရှက်ခွဲလိုက်တာပဲ!ဂိုဏ်းချုပ်..ကျွန်တော်တို့အတွက်တရားမျှတမှုရှာပေးပါ"

ဂိုဏ်းသားတစ်စုကအရမ်းကိုစိတ်တိုနေတဲ့ပုံစံနဲ့ယဲ့ချင်ချိုးကိုပြောနေကြတယ်
"တရားမျှတမှုရှာပေးပါ!!"

ယဲ့ချင်ချိုးကဂိုဏ်းချုပ်နေရာကိုမှရောက်လာတာမကြာသေးဘူး အရင်ဂိုဏ်းချုပ်သေသွားတုန်းကဒီနေရာကအလွတ်အတိုင်းကျန်နေပြီးတော့ဒီဂိုဏ်းချုပ်နေရာအတွက်တိုက်ခိုက်နေတဲ့သူတွေကသေကုန်တာသို့မဟုတ်သေလုနီးပါးဖြစ်နေတာကြောင့်မို့လို့ဒီနေရာအတွက်သင့်တော်မယ့်သူမရှိခဲ့ဘူး

ဂိုဏ်းပြိုင်ပွဲစတော့မယ့်အချိန်မှာတော့သူတို့ကဒီဂိုဏ်းချုပ်မရှိဘဲနေလို့မရတော့ဘူးတောင်သခင်တွေကယဲ့ချင်ချိုးကိုအရိုက်အရာဆက်ခံဖို့တိုက်တွန်းကြတယ်
ယဲ့ချင်ချိုးကလည်းအစပိုင်းတုန်းကမလုပ်ချင်သလိုဟန်ဆောင်​သေးပေမဲ့နောက်ဆုံးတော့လည်းယူခဲ့တာပါပဲ

အရင်ဂိုဏ်းချုပ်ဟောင်းရဲ့နောက်ခံမရှိပဲနဲ့ယဲ့ချင်ချိုးကပြဿနာပေါင်းစုံကိုရင်ဆိုင်ခဲ့ရတဲ့အရမ်းကိုအခက်တွေ့ခဲ့ရတယ်
"ဒီကိစ္စကိုမင်းတို့အတွက်ငါဖြေရှင်းပေးပါ့မယ်...မင်းတို့ရဲ့ဒဏ်ရာတွေကိုသာသွားပြီးဆေးထည့်လိုက်ပါ.,ငါတို့ဒီပြိုင်ပွဲကိုရှုံးလို့မဖြစ်ဘူး"

ရှီရှန်း  ရှီရှန်း Book 1  Arc 1 To Arc 4Where stories live. Discover now