Arc 1.7

6K 671 7
                                    

➡️Unicode

ဒါကချူးထန်အတွက် ဘတ်စ်ကား​စီးဖူးတဲ့ပထမဆုံးအကြိမ်ပဲ.အဲ့ဒါ​ကြောင့် သူ့နားမှာလူ​တွေအုံ လာတဲ့အခါမှာ သူစိတ်​ရှုပ်လာရတယ်.ဒါ​ပေမယ့်လည်း သူ့ရဲ့သိက္ခာအတွက်သူ့ကိုယ်သူ အတတ်နိုင်ဆုံးထိန်းသိမ်းနိုင်ခဲ့တယ်

ရှီရှန်းကသူ့ကိုမ​လှောင်​ပေမယ့် နည်းနည်း​လေးမှ​ မသနားမိဘူး

~နင့်driverကိုဘာလို့အိမ်ပြန်လွှတ်လိုက်တာလဲ ပြီး​တော့ ငါ့ကို​တောင်ပိုက်ဆံ​ထပ်တောင်း​သေးတယ် ပိုက်ဆံ​တွေကိုအဲ့​လောက်ချစ်ရင် အိမ်ပြန်ပြီးသူတို့နဲ့သာဖက်အိပ်​နေလိုက်​တော့
နင့်ထိုက်နဲ့နင်ကံ ခံ​ပေ​တော့~

ရှီရှန်းတို့အိမ်မရောက်ခင်ပန်းခြံတစ်ခုကိုဖြတ်သွားရတယ်

ဒီအချိန်မှာ ရှီရှန်းတို့ကို systemက​တောင်ဆက်မကြည့်နိုင်​တော့ဘူး.သူတို့နှစ်​ယောက်ရန်ဖြစ်​တော့မယ်ဆိုရင်​တောင် သိပ်အံ့သြမိမှာမဟုတ်ဖူး.systemအ​နေနဲ့ ရှီရှန်းရဲ့ missionရှုံးနိမ့်မှုအတွက်ကြိုတင်ပြင်ဆင်ထားပြီးဖြစ်တယ်

ရှီရှန်းတို့အိမ်နဲ့​တော်​တော်နီးလာတာတောင်မှ ချူးထန်ကသူ့အိမ်ကိုပြန်မယ့်ပုံမ​ပေါ်​သေးတာကြောင့် ‌ရှီရှန်းကလည်းမ​မေးပဲမ​နေနိုင်​တော့ဘူး
"သခင်​လေးချူး ရှင်ဒီနေ့အိမ်မပြန်​တော့ဘူးလား"

ချူးထန်က သူ့ရဲ့လက်​တွေကို​ဘောင်းဘီအိတ်ကပ်ထဲကတောင်မထုတ်ပဲ ​တည်တည်ငြိမ်ငြိမ်ပဲ​ပြောလိုက်တယ်
"ကိုယ့်ကို မိန်းက​လေးရွှီပိုင်တယ်​လေ အဲ့ဒါ​ကြောင့် အိမ်ပြန်မယ်ဆိုရင်လည်း မိန်းက​လေးရွှီရှိိတဲ့​နေရာကိုပဲပြန်ရမှာ​ပေါ့"

~ငါရှိတဲ့အိမ်ကိုပြန်မယ်!!!!~
ရှီရှန်းကသူမရဲ့နှုတ်ခမ်းကိုကိုက်မိလိုက်တယ်
~ဒီ​ခွေး​ကောင် သူ့ဦး​နှောက်မှာအ​ပေါက်ဖြစ်​နေလားမသိဘူး~

ချူးထန်ရဲ့​ခေါင်းမှာအ​ပေါက်ရှိရှိမရှိရှိအ​ရေးမကြီးဘူး အ​ရေးကြီးတာက​ ဒီ​သောက်ရူး​ကောင်က တကယ်ကြီးသူမအိမ်ကိုလိုက်လာတာပဲ အဲ့ဒီချိန်မှာသူမရဲ့အ​ဖေက မအိပ်သေးဘဲ ဧည့်ခန်းမှာ TVကြည့်​နေ​ခဲ့တယ်

ရှီရှန်း  ရှီရှန်း Book 1  Arc 1 To Arc 4Where stories live. Discover now