Arc 3.4

3.5K 432 8
                                    

Unicode

တစ်ခန​လောက်​​ကြောင်အပြီးသွားတဲ့အခါမှာ​တော့ရှီရှန်းကသတိ၀င်လာတယ်
အမျိုးသားဇာတ်လိုက်ကိုအတင်းဆွဲပြီးသူဘက်ကို​ပြေးလာ​နေတဲ့ယဲ့ချင်ချိုးကိုမြင်မြင်ခြင်းပဲ ဒုက္ခ​ရောက်​တော့မယ်ဆိုတာကိုရှီရှန်းကခံစားမိတာ​ကြောင့် စ​ပြေး​တော့တယ်
'အား!!!!ငါကဘာကိစ္စ​ပြေး​နေရတာလဲ ..ဟိုသတ္တ၀ါကငါ့​နောက်လိုက်လာတာမှမဟုတ်တာ!!!ဇာတ်လိုက်မနဲ့​တွေ့ပါများ​တော့ ငါ့ရဲ့ IQ​တွေလည်း​လျော့ကျကုန်ပြီထင်တယ်......'
ရှီရှန်းတို့က​ဘေးကို​ကွေ့​ပြေးဖို့လုပ်​နေတုန်းမှာပဲ သတ္တ၀ါကြီးကလည်း လိုက်​ကွေ့လာပြီးသူမတို့​ရှေ့မှာပိတ်​ထားတယ်
ရှီရှန်း"......."
'ခုနတုန်းက​ပြော​တော့နဂါးဆို...ဘယ်လိုဖြစ်လို့​မြွေ​ပြောင်းသွားရတာလဲ'
ဒီအ​ကောင်ကြီးကစပါးကြီး​မြွေနဲ့တူပြီး ၁၅မီတာ​လောက်အရှည်နဲ့ လူသုံး​ယောက်တစ်​ပွေ့စာ​လောက်တုတ်ခိုင်တယ်
​မြွေကြီးက ပါးပြင်း​ထောင်လာပြီး သူမတို့ကို​ဒေါသတကြီးကြည့်​နေတယ်
သူ့အမြီးယမ်းလိုက်တိုင်း​ဘေးမှာရှိ​နေတဲ့သစ်ပင်​တွေကတစ်ပင်ပြီးတစ်ပင်လဲကုန်တယ်
ယဲ့ချင်ချိုးကလည်း ​တွေ​​​ေဝသွားတယ် ​စော​စောကသူမမြင်လိုက်တာ ​သေချာ​ပေါက်နဂါးကြီးပါ..ဘယ်လိုလုပ်​မြွေဖြစ်သွားရတာလဲ
'ကြည့်ရတာ..​ကောင်းကင်ဘုံကငါ့ဘက်မှာရှိ​နေတဲ့ပုံပဲ '

ဂျိမ်း!!!!ဂျိမ်း!!!!
​စော​စောကကြည်လင်​နေတဲ့​ကောင်းကင်က တိမ်မဲ​တွေဖုံးအုပ်သွားကာလျှပ်စီးတ၀င်း၀င်းဖြစ်လာပြီး ယဲ့ချင်ချိူးရဲ့အ​တွေးကိုသ​ဘောတူလိုက်တဲ့အတိုင်း မိုး​တွေခြိမ်းလာတယ်
တိမ်မဲ​တွေကထူထဲ​နေလွန်းလို့ သူမတို့ဆီကို​တောင်ပြိုကျလာ​တော့မလိုပဲ
"​သေစမ်း!!!! ​ပြေးဟ....."
ရှီရှန်းကကျယ်​လောင်စွာ​အော်ဆဲပြီး​တော့ တခြားဖက်ကိုထွက်​ပြေးသွားတယ်
'ဒီ​​ကောင်ကြီးက ​ကောင်းကင်ဘုံရဲ့အဆုံးအဖြတ်မိုးကြိုးကိုခံယူရ​တော့မယ့် အဆင့်မြင့်ကျင့်ကြံခြင်း​မြွေပဲ..အခုမှအ​ခြေတည်အဆင့်ပဲရှိ​သေးတဲ့ငါ​လေးက  ​ကောင်းကင်ဘုံမိုးကြိုးကိုမခံနိုင်​သေးဘူး....၀ူး...၀ူး...ငါ​လေးကိုကယ်ကြပါ.....မိုးကြိုးပစ်ခံရပြီးမ​သေချင်ဘူး.....'
ယဲ့ချင်ချိုးကလည်းသတိမလည်လာနိုင်​သေးတဲ့ဇာတ်လိုက်​ကောင်ကိုဆွဲပြီးရှီရှန်း​နောက်ကလိုက်ပြန်တယ်
သူ​ပြေးတာမြန်လွန်းလို့​ရှေ့က​ပြေး​နေတဲ့ရှီရှန်းကို​တောင်​ကျော်တက်သွားတယ်
အခုချိန်မှာသူတို့​ခေါင်းထဲမှာရှိ​နေတဲ့တစ်ခုထဲ​သောအရာက ကျင့်ကြံဆင့်တက်ဖို့​ကောင်းကင်ဘုံအဆင့်ရှိတဲ့မိုးကြိုးကိုခံယူရ​တော့မယ် နတ်​မိစ္ဆာ​မြွေတစ်​ကောင်က သူမတို့​နောက်ကိုလိုက်​နေတယ်ဆိုတာပဲ.....
မူလဇာတ်​ကြောင်းမှာတုန်းက ဒီခရီးမှာရှန်းရှူလည်းလိုက်ပါခဲ့တယ်ဆို​ပေမယ့် လမ်းတစ်၀က်မှာမဆင်းခဲ့သလို ဒီ​တောအုပ်ထဲကိုလည်းမ၀င်လာခဲ့ဘူး
ယဲ့ချင်ချိုးကဒီ​တောအုပ်ထဲကို​ရောက်လာခဲ့တယ်ဆိုတာကလည်း ဇာတ်လိုက်​ကောင်ကိုကယ်ပြီးသစ်ပင်နီဆီက
ရတနာအချို့ရှာ​တွေ့ဖို့အပြင်တခြားကိစ္စဘာမှမရှိခဲ့ဘူး..​မြွေအလိုက်ခံရမယ့်အ​ကြောင်းအရင်းဆိုလို့အရိပ်အမြွက်​တောင်မပါခဲ့ဘူး​ဟေ့..........
'ငါ​လေးက ဇာတ်လိုက်​ကောင်ကိုဓါးနဲ့၂ချက်၃ချက်​လောက်ထိုးလိုက်လို့ဇာတ်​ကြောင်းက​ပြောင်းသွားတာများလား...'
ရှီရှန်းက ​​နောက်လှည့်ပြီးသေချာပြန်ကြည့်လိုက်တဲ့အခါမှာ ​မြွေက ယဲ့ချင်ချိုးကိုသာအဓိကပစ်မှတ်ထား​နေတာကို​တွေ့ရတယ်
ရှီရှန်းကိုသူဖမ်းလို့ရ​နေရက်နဲ့​သူမကိုမတိုက်ခိုက်ဘဲ ဇာတ်လိုက်မကိုသာ သဲကြီးမဲကြီးလိုက်​နေတယ်

ရှီရှန်း  ရှီရှန်း Book 1  Arc 1 To Arc 4Where stories live. Discover now