Arc 3.24

2.7K 341 2
                                    

Unicode

[Host....'မိုးကြိုးလွှဲ' ဝယ်ယူလိုပါသလား]

'အဲဒါဘာကြီးလဲ..,ငါကဘာလို့မိုးကြိုးလွှဲကိုဝယ်ရမှာလဲ.,အခုမိုးကြိုး​တွေကယဲ့ချင်ချိုးရဲ့စမ်းသပ်ချက်မဟုတ်ဖူးလား'

[Host....'မိုးကြိုးလွှဲ' ဝယ်ယူလိုပါသလား]

Systemကဒီမေးခွန်းကိုပဲထပ်ခါထပ်ခါမေးနေတယ်

မိုးကြိုးတွေကပစ်လို့ပဲပြီးနေပြီလေ
ရှီရှန်းကကောင်းကင်ကိုကြည့်လိုက်တယ်
' ကောင်းကင်တစ်ခုလုံးလည်းရှင်းလင်းနေတာပဲ,အဲ့ဒီယဲ့ချင်ချိုးအတွက် အဆင့်တက်ဖို့စမ်းသပ်ချက်က ကျန်နေသေးတာလား ဒီမိုးကြိုးတွေကဘယ်ကနေရောက်လာတာလဲ.,ငါကကောမိုးကြိုးလွှဲကိုဘာလို့ဝယ်ရမှာလဲ..ငါ့ခေါင်းပေါ်ပစ်​တော့မှာမို့လို့လား'

"ဒါတွေကဘာတွေလဲ..,စမ်းသပ်ချက်ကပြီးသွားပြီမဟုတ်ဘူးလား"
"ကိုယ်လည်းမသိဘူး,တစ်ခါမှမကြုံဖူးဘူး"

"ရှင်တို့ဒီမိုးကြိုးတွေကစောစောကဟာတွေထက်ပိုကြီးနေတာသတိထားမိကြလား,ပိုပြီးပြင်းလာမယ့်ပုံပဲ..,အဲဒါတွေနဲ့အဝေးကြီးမှာရပ်နေတာတောင်သက်တောင့်သက်သာမရှိဘူး"

"အဲဒါတွေနဲ့နည်းနည်းနီးနီးမှာရှိနေတဲ့သူ​တွေဆိုရင်သွေးတွေအန်ထွက်ကုန်တယ်..ဖိအားဒဏ်ကိုမခံနိုင်ကြဘူး..."

"ဘာကြီး??အဲ့လောက်တောင်စွမ်းအားပြင်းတာလား,ဂိုဏ်းချုပ်ယဲ့ ကတစ်ခါတည်းနတ်ဘုရားမဖြစ်တော့မှာလား"

"နောက်နေတာတွေရပ်စမ်းပါ...,နတ်ဘုရားလောကဆိုတာဟိုးရှေးကတည်းကပျောက်ကွယ်သွားပြီပဲဟာကို...သူမကဘယ်လိုလုပ်နတ်ဘုရားဖြစ်နိုင်မှာလဲ"

နောက်ဆုံးစာကြောင်းကိုပြောလိုက်တဲ့အသံကသရော်တဲ့ပုံစံဖြစ်နေတယ်

အဲ့လိုပြောလိုက်တဲ့သူကဆက်ပြီးသရော်နေတာကြောင့်သူ့ဘေးကလူတွေနဲ့သဘောထားကွဲလွဲမှုတွေဖြစ်ပြီးတော့စကားများကြတော့တယ်
အနက်ရောင်တိမ်တွေကတစ်ဖြည်းဖြည်းကြီးစိုးလာပြီးရှင်းလင်းနေတဲ့ကောင်းကင်ကိုဖုံးကွယ်သွားတယ်
တိမ်အမည်းရောင်တွေကမျက်တောင်တစ်ချက်အတွင်းမှာပဲဘယ်နေရာကမှန်းမသိထွက်ပေါ်လာကြတယ်

ရှီရှန်း  ရှီရှန်း Book 1  Arc 1 To Arc 4Where stories live. Discover now