Arc 3.7

3.3K 405 7
                                    

Unicode

ရှီရှန်းက ပူတင်းလေးကိုပဲစီးပြီးတော့ဆက်တိုက်ပျံသွားတယ်

"မင်းကဘယ်သူလဲ..ဂိုဏ်းကမဟုတ်တဲ့ဘယ်ပျံသန်းယာဥ်ကိုမှမြူခိုးတောင်ဂိုဏ်းကခွင့်မပြုဘူး"
မြူခိုးတောင်ဂိုဏ်းရဲ့ဂိုဏ်းဝတ်စုံကိုဝတ်ဆင်ထားတဲ့တပည့်သားအချို့က ရှန်းရှုဆီကိုဓားပျံတွေစီးပြီးတော့ရောက်လာတယ်
ရှီရှန်းကိုမြင်တဲ့အခါမှာတော့သူတို့ရဲ့မျက်နှာတွေကထူးထူးဆန်းဆန်းပြောင်းလဲသွားတယ် အံ့သြသွားခြင်းနဲ့အတူစူးစမ်းချင်နေတဲ့ပုံစံတွေလည်းပေါ်လာတယ်

"ဂိုဏ်းတူဒေါ်လေး ရှန်း...."

ဖုန်းစီကိုမြင်တဲ့အခါမှာသူတို့ရဲ့မျက်နှာတွေမှာကြောက်ရွံမှုတွေပေါ်လာပြီးတော့ခပ်ဝေးဝေးကို​ရွှေ့သွားကြတယ် ရှီရှန်းက သူတို့ကိုစိတ်ရှုပ်ထွေးစွာနဲ့ကြည့်လိုက်တယ်

,'မ​တွေ့ရတာသိပ်တောင်မကြာသေးတဲ့ဟာကိုငါ့ကိုဘာကိစ္စမမှတ်မိကြတာလဲ... ငါလူတွေကိုကိုက်မစားတတ်ပါဘူးနော်'

လူတွေကသူမကိုဘာလို့ထူးဆန်းတဲ့အကြည့်တွေနဲ့ကြည့်နေလဲဆိုတာကို​နောက်မှစဥ်းစားမိသွားတဲ့အခါမှာ​တော့ရှီရှန်းက ဂိုဏ်းထဲကိုဆက်ဝင်သွားတယ်

'ယဲ့ချင်ချိုးကဂိုဏ်းကိုအရင်ပြန်ရောက်နှင့်ပြီးတော့ဂိုဏ်းကလူတွေအားလုံးကို ရှီရှန်းက အပြင်လူနဲ့ပေါင်းပြီးတော့သူမကိုသတ်ဖို့ကြိုးစားတယ်လို့ပြောပြီး ပြီနေမယ်'

အခုချိန်မှာဂိုဏ်းတစ်ခုလုံးက..ရှီရှန်းကဘယ်လောက်တောင်ကြင်နာမှုကင်းမဲ့ပြီးတော့ ဂိုဏ်းသားအချင်းချင်းပြန်သတ်ဖို့လုပ်ခဲ့တယ်...ဆိုတာကိုပြောနေကြတယ်

သူတို့ပြောနေတဲ့ပုံက ရှီရှန်း အဲ့လိုလုပ်ခဲ့တယ်ဆိုတာကိုသူတို့ကိုယ်တိုင်မြင်​ခဲ့ရသလိုဘဲ

"မင်းအတွက်သူတို့ကိုကိုယ်သတ်ပစ်မယ်"
ဖုန်းစီရဲ့မျက်လုံးတွေထဲမှာမီးတောက်တွေတောက်နေပြီသူ့ရဲ့မိန်းကလေးကိုအခြားလူတွေမ​ကောင်းပြောတာဘယ်လိုမှသည်းမခံနိုင်ဘူး

ရှီရှန်းက ဖုန်းစီကိုခပ်မြန်မြန်ဆွဲလိုက်တယ်

" အဓိပ္ပါယ် မရှိတဲ့ကောလဟာလတွေကြောင့်ကျွန်မကိုဘာမှထိခိုက်မသွားဘူး..သူတို့ပြောချင်သလိုပြောကြပါစေ"

ရှီရှန်း  ရှီရှန်း Book 1  Arc 1 To Arc 4Where stories live. Discover now