Arc 4.17

2.5K 348 2
                                    

Unicode

ကုနန်းက ဒိုင်ယာရီကို ဘေးနားချလိုက်ထားတယ်။ စာအုပ်ထဲကအချက်တွေက side questကိုဖြေရှင်းဖို့ရာ အထောက်ကူမပြုဘူး။ ကြည့်ရတာ သူမဘာသာ သဲလွန်စတွေ ရှာရမဲ့ပုံပဲ။
'ချန်းစုပြောတဲ့ အလောင်းက ကပ်ဖြစ်ရတဲ့ အကြောင်းရင်းဖြစ်လောက်တယ်. ချန်းစုက ဒီကနေ လွတ်အောင်ထွက်ပြေးနိုင်ခဲ့တယ်။ ကလေးမွေးပြီးတော့ လုံခြုံအောင် ပါးပါးကုဆီအပ်ခဲ့တာပေါ့။ ပါးပါးကုပြောပုံအရ သူမနောက်ခံကသေးမဲ့ပုံမရဘူး။ မားမားကုလက်ခံအောင် ငွေတွေအများကြီး ထုတ်ပေးခဲ့ရမှာပဲလေ....ဒါမဲ့ အဖေကဘယ်သူလဲ။ စာအုပ်ထဲက'သူ 'ကလည်း နာမည်မပါဘူး။   ပြီးတော့ ချန်းစုကမြို့တော်ကနေ ဒီလိုမြို့ငယ်လေးက အနုတ်စုတ်ကုတ်စုတ်ဓါတ်ခွဲခန်းထဲ ဘာလာလုပ်တာလဲ '

ကုနန်းလက်ကို မြှောက်ကြည့်လိုက်တယ်။ ဒါမဲ့အခန်းထဲကအလင်းရောင်က သိပ်မများတာကြောင့် သူမလက်ကို ရှင်းရှင်းမမြင်ရဘူး။

' ကြည့်ရတာ ဒီခန္ဓာကိုယ်က လျှို့ဝှက်ချက်တော်တော်များတာပဲ။ ဒါကပဲ ဇာတ်ကြောင်းရဲ့ ပုံစံကို... '

..................

ချီမက်ယွဲ့ ဒေါင့်တစ်ခုကနေ ကုနန်းကိုစိုက်ကြည့်နေတယ်။ သူမအခုချိန်မှာ စိတ်အရမ်းထက်သန်နေတယ်...ကုနန်းကိုသတ်ပစ်ဖို့ပေါ့။ သူမက cheatတွေကို ခိုးပြီးသွားရင် မူလချီမင်ယွဲ့လို သာမန်လေးပဲနေလို့ရတယ်။ ဒါပေမဲ့ သူမကအရင်ကလမ်းအတိုင်းမလျှောက်ခဲ့ဘူး။ အရာအားလုံးကို သူမဟာတွေ ဖြစ်အောင် လုပ်ခဲ့တယ်။ ကုနန်းကိုတွေ့လိုက်တိုင်း မတူသလိုမတန်သလို ဆက်ဆံချင်တော့တဲ့ စိတ်တွေပေါ်လာခဲ့တယ်။ သူမစိတ်ထဲအမြဲတွေးနေခဲ့တာ ' အဲ့ဟာမက အခုငါနဲ့ယှဥ်နိုင်လို့လား '

"မင်ယွဲ့ ဘာတွေ တွေးနေတာလဲ? "
ဆောင်းရှီ သူမကိုခေါ်နေတာကြာပြီ။ သူမဘက်က မထူးဘူး။ ဒါကြောင့် သူရင်ထဲက သံသယမြှင့်တက်လာနဲ့အမျှ အသံလည်းမြှင့်သွားတော့တယ်။

" အာ..ဘာမှမတွေးပါဘူး "
ချီမင်ယွဲ့က ယုန်သူငယ်အတိုင်း ခေါင်းခါလိုက်တယ်။ ဆောင်းရှီလည်း မျက်မှောင်ကြုတ်သွားပြီး အပြုံးပါတောင့်သွားတယ်။ သူမျက်လုံးထဲမှာလည်း သံသယတွေနဲ့ပြည့်နှက်လာတယ်။

ရှီရှန်း  ရှီရှန်း Book 1  Arc 1 To Arc 4Where stories live. Discover now