Unicode
တံခါးဖွင့်ဖို့ရာ အချိန်အကြာကြီးမယူခဲ့ရပါဘူး။ ချင်းယုတို့အထင်ကြီးထားကြသလိုပဲ တံခါးကိုခနလေးအတွင်းမှာ ဖွင့်နိုင်ခဲ့တယ်။ ဒါပေမဲ့ ချက်ချင်းဆိုသလိုပဲ ပြန်ပိတ်သွားခဲ့တယ်။ တံခါးပိတ်ချိန်က ဖွင့်ချိန်ထက်တောင် မြန်သေးတယ်။
"အမြန်ဝင်ကြ " ကုနန်းက လင်းဖုန်းနဲ့ချင်းယုကိုတွန်းလိုက်ပြီး ဖက်တီးလေးကိုဂုတ်ကနေ ဆွဲလာခဲ့တယ်။
ဆောင်းရှီတို့အဖွဲ့ကလည်း ဝင်ဖို့လုပ်ကြပေမဲ့ နောက်ကျသွားပြီ။ တံခါးကပြန်ပိတ်သွားပြီဖြစ်တယ်။ ကျန်တဲ့လူတွေအားလုံး ဒီအခန်းထဲမှာ ပိတ်မိနေဆဲပဲ။
" ဒီကုနန်းက တစ်ကိုယ်ကောင်းဆန်လွန်းတယ်။သူ့လူတွေကိုပဲ ခေါ်သွားတယ်!ဟမ့် အပြင်ထွက်နိုင်လည်း အသက်ရှင်မှာမို့လား!ဘယ်ချိန် ဖုတ်ကောင်အဖြစ်ပြောင်းမလဲ ကြည့်နေဦးမယ် "
" သူတို့ အပြင်တကယ်ရောက်သွားပြီလား? "
" ဘယ်သူသိမှာလဲ။ zombieတွေမရှိဘူးလို့ ပြောလို့ရတာမှမဟုတ်တာ။ "
ဒီလူတွေက ကုနန်းတို့လွတ်သွားတာကို မနာလိုဖြစ်ခဲ့ကြတယ်။ မနာလိုမှုမြှင့်လာလေ သူတို့အတွက် ဆုတောင်းပေးကြလေပဲ။
" သူဒါကျန်ခဲ့တယ် "
တစ်ယောက်ယောက်က နံရံဆေးအစပိုင်းတစ်ခုကို ကောက်ယူပြီး ပြောလိုက်တယ်။" ငါခနလောက် ကြည့်လို့ရမလား "
ချီမင်ယွဲ့က သာသာလေးမေးလိုက်တယ်။ဆေးချပ်အစကို ကိုင်ထားတဲ့လူက ခေါင်းငြိမ့်ပြီး လှမ်းပေးလိုက်တယ်။
ချီမင်ယွဲ့က ဆောင်းရှီကိုလက်ပြန်လှမ်းပြီး ပြောလိုက်တယ်။
" အားရှီ စစ်ဆေးကြည့်ပါအုံး....တစ်ခုခုများတွေ့မိလား "..............
"ဘုရားရေ။ ...အပြင်မှာပိုဆိုးနေတယ် "
ဝတုတ်က ဖန်ပြွန်ကန်ကိုကြောက်ရွံစွာကြည့်ရင်းပြောလာတယ်။
ဖန်ပြွန်ကန်တွေက သိပ်သည်းစွာရှိနေကြတယ်။ တစ်ချို့ကန်တွေမှာက လူတစ်ဝက် ဖုတ်ကောင်တစ်ဝက်ဖြစ်နေကြတဲ့သူတွေ။ တချို့မှာတော့ ကန်အလွတ်တွေ။ ဒီမှာကမှ ဓာတ်ခွဲခန်းထဲကထက် အချက်လက်ပိုရှိနေတယ်။ ကြည့်ရတာ အပြင်မှာ အဓိကအလုပ်လုပ်ကြတာနေမှာ။
YOU ARE READING
ရှီရှန်း ရှီရှန်း Book 1 Arc 1 To Arc 4
Teen FictionUnicode သည်းထိတ်ရင်ဖိုဇာတ်လမ်းတွေကိုနှစ်သက်တဲ့ စာရေးဆရာမရှီရှန်းဟာ ရေးလက်စ စာအုပ်များစွာကို ရပ်တန့်ခဲ့တယ် မြောက်များစွာသော အဓိကဇာတ်ဆောင်တွေကို ၀မ်းနည်းစရာဇာတ်သိမ်းပေးခဲ့တဲ့ မိထွေးလို စာရေးဆရာမတစ်ယောက်ဖြစ်တယ် ဒီနေ့လို သာယာတဲ့နေ့မျိုးမှာ...