Unicode
စိတ်ပျက်လက်ပျက်အမူအယာနဲ့ဂူထဲကထွက်လာတဲ့ယဲ့ချင်ချိုးက အပြင်မှာရပ်နေတဲ့၂ယောက်ကိုသတိမပြုမိဘူး
သူမက ဒီမိစ္ဆာနဲ့ လွန်ခဲ့တဲ့ ၅နှစ်ကစပြီး အချိတ်အဆက် ရှိနေခဲ့တာဖြစ်တယ်
အဲ့ဒီအချိန်တုန်းက သူမဟာ လူအချို့ကို အပြစ်ပြုမိကာ ထွက်ပြေးတိမ်းရှောင်နေရင်း ချောက်ကမ်းပါးတစ်ခုဆီရောက်လာခဲ့ပြီး
ရွေးချယ်စရာအခြားနည်းလမ်းမရှိခဲ့တဲ့အတွက် ခုန်ချခဲ့ရတယ်ယဲ့ချင်ချိုး သတိမမူမိခင်မှာပဲ ဒီမိစ္ဆာက သူမနဲ့ သွေးစာချုပ်တစ်ခုကိုချုပ်ပြီးသွားခဲ့ပြီသူမကသာသွေးစာချုပ်ကို ဖျက်ပစ်ချင်တယ်ဆိုရင် ဒီမိစ္ဆာအတွက် ခန္ဓာကိုယ်အသစ်တစ်ခုကိုရှာပေးရလိမ့်မယ်
ဒါပေမယ့် အဲ့လိုလုပ်ဖို့ဆိုရင် သန့်စင်ရေ၀ိညာဥ်သွေးကြောရှိတဲ့အမျိုးသမီးကျင့်ကြံသူကိုလိုအပ်တယ်
ယဲ့ချင်ချိုးက ရေ၀ိညာဥ်သွေးကြောပိုင်ရှင်ဖြစ်ပေမယ့်လည်း ဒီကိစ္စကို လုံး၀ မကိုင်တွယ်ချင်ဘူး
အဲ့ဒါကြောင့်သူမက တခြားရေ၀ိညာဥ်သွေးကြောပိုင်ရှင်ကိုသာရှာရတော့တယ်မူလဇာတ်ကြောင်းမှာတုန်းက ဂိုဏ်းချုပ်ရဲ့ကာကွယ်မှုကို ရရှိထားတဲ့အတွက် ယဲ့ချင်ချိုးက ချောက်ထဲကိုလည်းခုန်မဆင်းခဲ့ရသလို ဒီမိစ္ဆာနဲ့လည်းမတွေ့ခဲ့ရဘူး
အဲ့ဒါကြောင့်ရှီရှန်းကလည်း အခုကိစ္စနဲ့ပတ်သတ်ပြီး ဘာမှသေချာမသိဘူး
သူမသိတယ်ဆိုရင်တောင်မှ ကံကြမ္မာရဲ့ဘက်လိုက်မှုကို အပြစ်တင်ရုံပဲတတ်နိုင်မယ်
မိစ္ဆာတွေနဲ့ပတ်သတ်ပြီးရှန်းရှူခံစားခဲ့ရတာတွေက ဆိုး၀ါးလွန်းသလောက် ယဲ့ချင်ချိုးကြုံတွေ့ရသမျှကတော့ အမြည်းသဘောလောက်တောင်မရှိဘူးနောက်နေ့မနက် ရှီရှန်း ပြိုင်ပွဲကွင်းထဲရောက်တဲ့အခါမှာ တခြားသူတွေကသူမကို အရင်လောက်မကြောက်ရွံ့တော့ပဲ အတင့်ရဲနေကြတာကိုတွေ့လိုက်ရတယ်
သူတို့တွေက ရှီရှန်းတို့ ကျဆုံးရတော့မယ်ပုံကို ၀မ်းမြောက်၀မ်းသာစောင့်ဆိုင်းနေကြသလိုပဲ'ဘာတွေဖြစ်ကုန်တာလဲ.. မနေ့ကမဟုတ်တာလုပ်ထားတာက ယဲ့ချင်ချိုးလေ..ငါမဟုတ်ဖူးနော် ..ငါလေးကိုဘာကိစ္စအဲ့လိုကြည့်နေကြတာလဲ '
YOU ARE READING
ရှီရှန်း ရှီရှန်း Book 1 Arc 1 To Arc 4
Teen FictionUnicode သည်းထိတ်ရင်ဖိုဇာတ်လမ်းတွေကိုနှစ်သက်တဲ့ စာရေးဆရာမရှီရှန်းဟာ ရေးလက်စ စာအုပ်များစွာကို ရပ်တန့်ခဲ့တယ် မြောက်များစွာသော အဓိကဇာတ်ဆောင်တွေကို ၀မ်းနည်းစရာဇာတ်သိမ်းပေးခဲ့တဲ့ မိထွေးလို စာရေးဆရာမတစ်ယောက်ဖြစ်တယ် ဒီနေ့လို သာယာတဲ့နေ့မျိုးမှာ...