Arc 4.10

2.7K 346 6
                                    

Unicode

' ကျားဖြူက spaceထဲ zombieအရှင်တွေပါ ထည့်လို့ရတယ်ပေါ့ ငါမှတ်မိသလောက်ဆိုရင် ချီမင်ယွဲ့တစ်ယောက်ပဲ spaceထဲမှာသက်ရှိတွေထည့်သိမ်းထားလို့ရတာမဟုတ်ဖူးလား တခြားspaceစွမ်းအားပိုင်ရှင်တွေက သူတို့ကိုယ်ပိုင်spaceထဲ သက်ရှိတွေ ထည့်သိမ်းလို့မရဘူးလေ။ zombieတွေမှာတောင် သူတို့အတွက် အသက်ရှင်တဲ့အရင်းမြစ်တစ်ခုရှိသေးတာပဲ ဒါကြောင့် သူတို့ကို မသတ်ရ​သေးမချင်း spaceထဲထည့်လို့မရဘူး။ ကျားဖြူက သူ့spaceထဲကနေ zombieအရှင်တွေ ထွက်လာတာဆိုတော့.....  ငါပျော်သင့်တာလား စိတ်ညစ်သင့်တာလား ဒီကောင်စုတ်လေးရဲ့ spaceထဲမှာ zombieတွေအများကြီးရှိနေတာပေါ့ ငါရဲ့စားစရာတွေက zombieတွေနဲ့တူတူထားမိထားတာပေါ့ ငါ..ငါ..ရွံဖို့ကောင်းလိုက်တာ။   '

ချန်လိလည်း zombieတွေကို တခြားနေရာမောင်းထုတ်လိုက်ပြီး ကုနန်းလက်ကို စိုက်ကြည့်နေလိုက်တယ်။ ပြောချင်တာ *သူအလုပ်ကူလုပ်ပေးထားတယ် နို့တိုက်ပေါ့* ။

ကုနန်းလည်း လက်သီးဆုပ်ပြီး ကျောနောက်ထဲ၀ှက်လိုက်တယ်။
' အိမ်ကနေ ထွက်ပြေးပြီးတော့ အစာလာတောင်းနေတယ်။ နင့်ဦးနှောက်ပဲ ဖောက်စား!!! '

" ဟမ့်ဟမ့် ဆာ ဆာ "
ချန်လိ ကုနန်းနောက်လိုက်လာပြီး ကုနန်းလက်ကို သူ့ပါးစပ်ထဲထည့်လိုက်တယ်။ သူ့ရဲ့အေးစက်နေတဲ့လျှာဖျားလေးနဲ့ ကုနန်းရဲ့နွေးနေတဲ့လက်ထိပ်လေးကို သပ်နေတော့တယ်။

ကုနန်း လက်ကိုအတင်းပြန်ထုတ်လိုက်ပြီး သူ့ရဲ့တလက်လက်မျက်လုံးတွေကို လျစ်လျူရှုပြီး အေးစက်စက်မေးလိုက်တယ်။

"ဒီရက်တွေထဲ နင်ဘယ်ပျောက်နေတာလဲ? အကြောင်းပြချက်ကောင်းကောင်းပေး မဟုတ်လို့ကတော့ နင်ဘာမှရမယ်မထင်နဲ့  "

မြင့်မြတ်လှတဲ့အနာဂတ်zombieဘုရင်ကြီးက ကုနန်းပတ်ပတ်လည်လျှောက်နေတာကို ကြည့်ရင် သူမပြောတာကို နားလည်ဖို့အထိ သူဉာဏ်မမှီသေးတာကို သိနိုင်တယ်။

" ...... "
ကုနန်းတကယ် ဆွံအသွားတယ်။

' ငါဘာလို့များ ဒီပိန်းတုံးနေတဲ့ ကောင်စုတ်ကို အကျိုးအကြောင်းရှင်းပြဖို့ ပြောနေမိတာပါလိမ့်။ ငါပါဉာဏ်နိမ့်ကုန်ပြီလားမသိဘူး  '

ရှီရှန်း  ရှီရှန်း Book 1  Arc 1 To Arc 4Where stories live. Discover now