Unicode
ရှီရှန်း က zombieနှစ်ကောင်လောက်နဲ့ စမ်းသပ်ကြည့်ဖို့ ဆုံးဖြတ်လိုက်ပြီးကျားဖြူကို သူမလွယ်အိတ်ထဲထည့်ကာ စွမ်းအားစတင်ထုတ်လိုက်တယ်။ ရှီရှန်းပျင်းတိုင်း စွမ်းအားနဲ့ကစားနေခဲ့တာကြောင့် အခုဆို တခါတည်းနဲ့ ပန်းသုံးပွင့်ကို တပြိုင်တည်းထုတ်နိုင်နေပြီ ဖြစ်တယ်။ အမဲရောင်ပန်းပွင့်တွေ သူမလက်ချောင်းထိပ်မှာစတင်ပေါ်လာပြီဆိုတာနဲ့ zombieတွေက တစ်ခုခုကို အနံ့ခံလိုက်မိသလို သူမဘက်ကို လှည့်လာကြတော့တယ်။
ဒါမဲ့ zombieတွေက လူသားတွေကိုတွေ့ရင် စိတ်လှုပ်ရှားပုံမပေါ်ဘူး။ အဲ့အစား သူတို့ပုံစံက နှေးကွေးပြီး တခုခုကိုမသေချာ စိတ်ရှုပ်နေတဲ့ပုံဖြစ်နေကြတယ်။
ရှီရှန်း သူတို့အနားတိုးသွားလိုက်တယ်.ဒါမဲ့ zombieတွေက လှုပ်ရှားမှုမရှိဘဲ ရပ်မြဲရပ်နေကြတယ်.သူမအနားက zombieတစ်ကောင်ကို လှမ်းဖမ်းဆွဲလိုက်တာတောင် ရုတ်ရုတ်သဲသဲ ဖြစ်မသွားကြဘူး။
' ဟိုလီရှစ်! ဒီစွမ်းအားကြီးက သောက်ရမ်းမိုက်တာပဲ '
"ဟမ့် ဟမ့် "
Zombieတွေက ရုတ်တရက်ကြီးလှုပ်ရှားလာကြပြီး ကုနန်းဆီ ဦးတည်လာကြတော့တယ်.သူမလည်း ခနလောက် ကြောင်သွားပေမဲ့လည်း နောက်ပြန်လှည့်ပြီး တစ်ချိုးတည်းပြေးတော့တာပဲ။
'ဖားပဲ စွမ်းအားကအားနည်းသွားပြီ 'ယုလန်က ကုနန်းပြန်လာမယ်လို့ မထင်ထားဘူး။ ဒါပေမဲ့ ခနနေတော့ လေလိုအရှိန်နဲ့ ပြေးလာနေတဲ့ သူမကို တွေ့လိုက်ရတယ်။ ကုနန်းက ဘာဂျာတံခါးကို တစ်ဆင့်ခံကန်ကာ လသာဆောင်ပေါ်သို့ လှန်းခုန်လိုက်တယ်။
"နင်ဒီမှာ ဘာလုပ်နေတာလဲ? "
ကုနန်းက ယုလန်ကိုတွေ့လိုက်ရတော့ မျက်မှောင်ကြုတ်လိုက်မိတယ်။"ကျွန် ကျွန်တော် ကင်းလှည့်နေတာပါ"
"လသာဆောင်က ငါ့နေရာပဲ စည်းကျော်ဖို့ မစဥ်းစားနဲ့ "
ဒီအချိန်မှာ ကြောက်ဖို့အကောင်းဆုံးက ဘာလို့ထင်လဲ။ သေချာပေါက် လူတွေရဲ့စိတ်ဓာတ်ပဲ! ဒီလို စိတ်ပျက်ဖို့ကောင်းတဲ့သူတွေနဲ့ မဆက်ဆံချင်ဘူး။ ဒီလိုခေတ်ပျက်နေတဲ့ ကာလမှာ လူသတ်ဖို့ဆိုတာ လွယ်လွယ်လေး။ တစ်ယောက်ယောက်ကသာ သူမကို လုပ်ကြံလာရင် လူသားချင်းစာနာတာတွေ ထည့်မတွေးဘဲ လက်တုံ့ပြန်ပစ်မှာပါ။
YOU ARE READING
ရှီရှန်း ရှီရှန်း Book 1 Arc 1 To Arc 4
Teen FictionUnicode သည်းထိတ်ရင်ဖိုဇာတ်လမ်းတွေကိုနှစ်သက်တဲ့ စာရေးဆရာမရှီရှန်းဟာ ရေးလက်စ စာအုပ်များစွာကို ရပ်တန့်ခဲ့တယ် မြောက်များစွာသော အဓိကဇာတ်ဆောင်တွေကို ၀မ်းနည်းစရာဇာတ်သိမ်းပေးခဲ့တဲ့ မိထွေးလို စာရေးဆရာမတစ်ယောက်ဖြစ်တယ် ဒီနေ့လို သာယာတဲ့နေ့မျိုးမှာ...