Unicode
နောက်တစ်နေ့မှာ ချူးနဥ်ကမြူခိုးတောင်ဂိုဏ်းသားအချို့ကိုခေါ်ပြီးယဲ့ချင်ချိုးရဲ့တံခါးနားကိုရောက်လာတယ်
သူမကယဲ့ချင်ချိုးရဲ့ဒီအခြေအနေကိုလက်ပူးလက်ကြပ်ဖမ်းမိချင်ပေမဲ့တံခါးကိုလာဖွင့်တဲ့သူကသူ့အကိုဖြစ်နေမယ်လို့မျှော်လင့်မထားဘူး"အကိုကြီး..အကို"
ချူးနင်ကအထဲကိုလက်ညှိုးထိုးပြီးချူးယဲ့ကိုလက်ညှိုးထပ်ထိုးလိုက်တယ်'အကိုကြီးကဘာလို့ဒီနေရာကိုရောက်နေရတာလဲငါစီစဥ်ထားတာတွေဘယ်လိုဖြစ်ကုန်တာလဲ အဲဒါအကိုကြီးဖြစ်ရမှာမဟုတ်ဘူးလေ'
ချူးနဥ်ကကြောက်ကြောက်လန့်လန့် အထဲကိုဝင်လာပြီးတော့ချူးယဲ့လက်ကိုဆွဲပြီးမေးလိုက်တယ်
"အကိုကြီးဒီမနက်မှဒီကိုရောက်တာမလား...ဟုတ်တယ်မလား"ချူးယဲ့ရဲ့နားတွေကနီရဲနေတယ် ညတုန်းကဖြစ်ပျက်ခဲ့တာတွေပြန်တွေးကြည့်လိုက်ရင်အကုန်လုံးကမထင်မှတ်ထားတာတွေချည်းပဲ
ပြီးတော့အဲဒါတွေကမေ့ပျောက်ဖို့အရမ်းကိုခက်ခဲလွန်းတယ်
ဖြစ်ပျက်ခဲ့တာကလည်းသူချစ်တဲ့မိန်းကလေးနဲ့လေချူးနဥ်နောက်ကိုလိုက်လာတဲ့ဂိုဏ်းသားတွေကဘာတွေဆက်ဖြစ်နေလဲခန့်မှန်းမိကြတယ်
'ချူးယဲ့က ယဲ့ချင်ချိုးကိုကြိုက်တာလူတိုင်းသိတယ် ဒါပေမဲ့ယဲ့ချင်ချိုးဘက်ကသူနဲ့ပတ်သက်ပြီးဘာခံစားချက်ကိုမှထုတ်ဖော်မပြောပြဖူးဘူး ဘာလို့သူတို့နှစ်ယောက်ကအတူတူအိပ်ခဲ့ကြတာလဲ'"နဥ်..အာ.. မနက်အစောကြီးဒီကိုဘာလာလုပ်တာလဲ" ချူးယဲ့ကသူ့စိတ်ကိုအတင်းအကြပ်တည်ငြိမ်အောင်လုပ်လိုက်တယ် သူ့ရဲ့အပြုအမူကိုခန့်မှန်းရုံနဲ့ချူးနဥ်က မနေ့ညကယဲ့ချင်ချိုးနဲ့အတူအိပ်ခဲ့တာသူ့အကိုမှန်းသိလိုက်တယ်သူမ မျက်လုံးတွေကအနီရောင်ပြောင်းသွားပြီးဒေါသထွက်စွာနဲ့အံကြိတ်လိုက်တယ်အဲ့ဒါကြောင့်သူမ အတင့်ရဲလာပြီး ချူးယဲ့ကိုဘေးကိုတွန်းထုတ်လိုက်တယ် ပြီးတော့အထဲကိုဝင်ပြီးစွပ်စွဲတော့တယ်
"ယဲ့ချင်ချိုးးးး....နင်အရှက်မရှိတဲ့အပျက်မ!!နင်ကများးး ငါ့အကို ကိုဖျားယောင်းရဲတယ်ပေါ့လေ" ချူးနဥ်က သေချာမစဥ်းစားတော့ပဲမွန်းကြပ်လာပြီးပေါက်ကွဲတော့တယ်" ဂိုဏ်းချုပ်တစ်ယောက်ဖြစ်နေတယ်ဆိုပြီး နင့်ကိုယ်နင်ဟုတ်လှပြီထင်နေတာလားး!!ကိုယ့်ကိုယ်ကို အဲ့လောက်အထင်ကြီးမနေနဲ့.!!စောက်ရှက်မရှိတဲ့ဟာမ!!! အေ့လေ နင်ဒီနေရာရောက်လာဖို့ဘာတွေလုပ်ခဲ့လည်းဆိုတာကိုဘယ်သူပြောနိုင်မှာလည်းးး!!"
ESTÁS LEYENDO
ရှီရှန်း ရှီရှန်း Book 1 Arc 1 To Arc 4
Novela JuvenilUnicode သည်းထိတ်ရင်ဖိုဇာတ်လမ်းတွေကိုနှစ်သက်တဲ့ စာရေးဆရာမရှီရှန်းဟာ ရေးလက်စ စာအုပ်များစွာကို ရပ်တန့်ခဲ့တယ် မြောက်များစွာသော အဓိကဇာတ်ဆောင်တွေကို ၀မ်းနည်းစရာဇာတ်သိမ်းပေးခဲ့တဲ့ မိထွေးလို စာရေးဆရာမတစ်ယောက်ဖြစ်တယ် ဒီနေ့လို သာယာတဲ့နေ့မျိုးမှာ...