Ep - 21 [U]

482 86 8
                                    

အခန်း (၂၁)

" သား ဘယ်ရောက်နေတာလဲ။ သက်ထားနဲ့ တွေ့ဖို့ဆိုပြီး ထွက်သွားတာ အခု ည ဆယ်နာရီ ရှိနေပြီ။ ပြန်မလာသေးဘူးလား "

ကားမောင်းနေရင်းမို့ ဖုန်းကို စပီကာ ဖွင့်ထားလိုက်၏။ တစ်ဖက်က မေမေကလည်း ဝါကျတို့ကို ဆင့်ကဲလာတော့သည်။

" ကျွန်တော် မေမြို့ကို ပြန်တက်နေတာ မေမေ။ သက်ထားနဲ့ မတွေ့ဖြစ်လိုက်ဘူး။ မေမေပဲ စေ့စပ်ပွဲကို ဖျက်ပေးပါ "

" ချက်ချင်းပါလား။ ဘယ်လိုဖြစ်ရပြန်တာလဲ "

" ကျွန်တော် ပြန်ရောက်မှပဲ ရှင်းပြပါ့မယ်။ ကျွန်တော် ပြောသလိုပဲ လုပ်ထားပေးနော်။ သက်ထားနဲ့ ကိစ္စ မဖြစ်နိုင်ဘူး မေမေ "

" ပြောရဆိုရ ခက်လိုက်တာ ရိုးရာရယ်။ မင်းတို့ လူငယ်ချင်း ကိစ္စ မင်းတို့ဘာသာပဲ ညှိကြ။ သက်ထားရဲ့ မိဘတွေကို အားနာစရာတွေ ဖြစ်ကုန်ပါပြီ။ မိန်းကလေးရှင် အသိုင်းအဝိုင်းမှာ မင်းတို့ သတင်းက ပျံ့နေပြီ ရိုးရာရဲ့ "

" ကျွန်တော် မနက်ဖြန် သက်ထားကို ဖုန်းဆက်လိုက်မယ် မေမေ။ သူ့ဘက်က မဖျက်ရင်တော့ ကျွန်တော့်မှာ ရွေးစရာ မရှိဘူး "

" လုပ်ချင်သလိုသာ လုပ်တော့။ ငါလည်း မင်းတို့ မောင်နှမကို နိုင်အောင် မပြောနိုင်တော့ဘူး။ ကားကို ဂရုစိုက်ပြီး မောင်းဦး "

" ဟုတ်ကဲ့ မေမေ "

ဆူပူသံလေးကို စိုးရိမ်မှုနဲ့ သိမ်းရင်း ဖုန်းချသွားသည်။ စေ့စပ်ပွဲအတွက် ဘယ်သူက စပြီး ပုံရိပ်ဖော်ခဲ့လဲ မသိပေမဲ့ အဆုံးသတ်ရမည့် သူကတော့ ရိုးရာ ဖြစ်နေသည်။ ဖုန်းထဲက စာတစ်စောင်ကြောင့် မေမြို့ကို ခရီးနှင်ခဲ့ကြောင်း မေမေ သိရင် ဘာများ ပြောလာနိုင်မလဲ။

*******

" ကာတွန်းရော။ ဘယ်မှာလဲ။ အဆင်ပြေရဲ့လား "

အိမ်ထဲ ဝင်ဝင်ချင်း ထူးခန့်ပိုင်နဲ့ တန်းတိုးသည်။ ညလုံးပေါက် ကားမောင်းလာရပေမဲ့ မပင်ပန်းနိုင်။ စိတ်၏ စိုးရိမ်လှိုင်းက ပို၍ မြင့်တက်နေသည်။

" အန်တီ့ အခန်းထဲမှာ။ အပြင်မထွက်တာ သုံးရက် ရှိပြီ။ ဘာမှလည်း ကျွေးလို့ မရဘူး "

CartoonWhere stories live. Discover now