Ep - 47 [U]

509 74 5
                                    

အခန်း (၄၇)

ညအချိန်က ရှစ်နာရီ။

ကောင်လေးရဲ့ မိဘတွေကို နှုတ်ဆက်တော့ မျက်ရည်တို့ ဝဲကာ နောက်ရက်တွေလည်း အလည် လာဖို့ ဖိတ်ခေါ်၏။ သို့ပေမဲ့ မေမြို့မှာ ပြောင်းနေဖို့ ဆုံးဖြတ်ထားခဲ့သည်မို့ ပေါ့ပါးစွာ ခေါင်းညိတ်ရင်း မပြုံးရွှင်နိုင်။ ကောင်လေးရဲ့ ဆန္ဒအတိုင်း မေမြို့က အိမ်မှာပဲ အချိန်တွေ ကုန်ဆုံးဖို့သာ ရွေးချယ်ခဲ့၏။ အမှတ်တရအနေနဲ့ ကောင်လေးရဲ့ မွေးနေ့ရက်က ရန်ကုန်မြေမှာ နောက်ဆုံး အတူ ရှိခဲ့ခြင်း ဖြစ်သွားလေသည်။

ရေချိုးပြီး အခန်းထဲက ထွက်ခဲ့တော့ ကုတင်ပေါ် ဝမ်းလျားမှောက်ကာ ပုံဆွဲစာအုပ်ထဲ ဆေးရောင် ခြယ်နေသူ။ အာရုံစိုက်နေသူ၏ စင်းကျနေသော မျက်တောင်စိပ်စိပ်လေးတွေကို ငေးရင်း စချင်လာ၍ အနားတိုးသွားကာ ရေစက်တို့ မစင်သေးသည့် လက်နဲ့ တောက်ခါမိလိုက်၏။

" ကာတွန်း "

" ဗျာ "

ရေစင်သွားသည့် ပုံဆွဲစာအုပ်ကြောင့် မော့ကြည့်ကာ ခေါ်လာသူ။ သံရှည်ဆွဲပြီး ထူးတော့  လျစ်လျူရှုသွားရင်း ဆေးရောင်ခြယ်ဖို့ အာရုံ ပြန်စိုက်၏။ အဝတ်တစ်စုံ မြန်မြန်လဲပြီး ကုတင်ပေါ် တက်ကာ ကောင်လေးရဲ့ ဘေးမှာ ဝမ်းလျား မှောက်မိလိုက်၏။ ရောင်စုံခဲတံကို ကိုင်တော့ မယုံသလို ကြည့်လာပုံကြောင့် ပြုံးရသေးသည်။

" ငါ့ကို ယုံပါ ကောင်လေးရဲ့ "

ကောင်လေးရဲ့ အင်္ကျီကော်လံလေးကို ဂရုတစိုက် ခြယ်တော့လည်း ငြိမ်ငြိမ်လေး ကြည့်နေရှာ၏။  လက်ချော်သွားတာနဲ့ အပီပြောဖို့ ချောင်းနေခြင်းပါလေ။ ပုံထဲမှာ ကောင်လေးက ပြုံးနေ၏။ ပြီးတော့ ကောင်လေးပေါင်ပေါ် ခေါင်းတင်ထားသည့် ကာတွန်းရဲ့ ဆံပင်တွေကို ထိုးဖွနေသည်။ ခဲတံကိုင်ထားသည့် လက်ကို လှုပ်ရှားရင်းမှ မျက်ရည်စတို့အား ပုတ်ခတ် တားယူရ၏။

နေ့ရက်တွေက ရှေ့ဆက်ဖို့ ခက်ခဲလာကြောင်း ကောင်လေးရော ကာတွန်းပါ တိတ်တဆိတ် နားလည်နေသည်။

" ရပြီ။ ထူသွားရင် မလှတော့ဘူး "

" ငါ့ပုံကို ခြယ်ပေးလေ။ လှလှလေး "

CartoonWhere stories live. Discover now