Ep - 31 [U]

476 78 5
                                    

အခန်း (၃၁)

" ဖလူး .. အဟွတ်။ ဘာလဲဟ "

" လီမွန်တီး "

ရှုံ့မဲ့သွားသည့် မျက်ပေတုံးလေးကို ကြည့်ပြီး ရယ်ချင်စိတ်ကို ထိန်းထားရ၏။ ပိပိရိရိ မဖုံးထားနိုင်တော့ ပြုံးစိစိ ဖြစ်သွားသည်။ ကာတွန်းရဲ့ လက်ချက်မှန်း သိသွားသည့် ကောင်လေးနဲ့ အကြည့်ချင်းဆုံချိန် မျက်လုံး တစ်ဖက် မှိတ်ပြလိုက်၏။ ပြုံးယောင် သမ်းသွားသည့် နှုတ်ခမ်းထောင့်လေးက ကာတွန်းကို အားပေးအားမြှောက် ပြုနေသည့်အလား။

" ဒီအရွယ် ရောက်နေပြီး ဆားနဲ့ သကြားတောင် သေချာ မခွဲတတ်ဘူးလား "

" အင်း။ ဒီအရွယ်ရောက်နေလို့ မျက်လုံး မကောင်းတော့ဘူး "

ခြေတစ်ဖက်ကို ပေါင်ပေါ် ပစ်တင်ထားလျက်က ခပ်ချေချေပဲ ပြန်ပက်ပေးလိုက်သည်။ အကြည့်ချင်း မဆုံအောင် ခန္ဓာကို ဘေးတစောင်း ထိုင်ရင်း တံတောင် တစ်ဖက်ကို ခုံပေါ် တင်ပြီး ထောက်ထားမိသည်။ နံပြားတစ်ဖတ်ကို ဝါးရင်း မျက်ပေတုံးလေး စိတ်တိုအောင် ပိုဆွမိ၏။ ကောင်လေးကလည်း ကာတွန်းရဲ့ ရွတ်လိုမှုကို တားမည့်ပုံ မရှိ။ ထင်တိုင်းကြဲခွင့်ကို လိုလိုလားလား ပေးထားသည်။ ရန်ဖြစ်ဖော်လေး ရသွားတာမို့ ကာတွန်းတို့ အကြိုက် တွေ့ရတာပင်။

" စွာလိုက်တာ "

သုံးသပ်ချက် ပြုလာသူကို ဘေးမဲ့ ပေးထားလိုက်တော့ တစ်ဆင့် ထပ်ကဲလာ၏။
တစ်ယောက်တည်း ရေရွတ်နေပေမဲ့ ဦးတည်ရာက မပြောင်းလဲခဲ့။ ကာတွန်းဆီသာ ရည်ရွယ်လာ၏။

" ဒီလို အိမ်ရှင်မျိုး ခုမှပဲ မြင်ဖူးတယ် "

" အင်း။ သေချာ ကြည့်သွား။ ငါ့လို အချောလေးက မြင်ရခဲတယ်။ ရှားလည်း ရှားတယ် "

" အား .. ကိုကို မပြောတော့ဘူးလား။ ဖြူ့ကို သူ အနိုင်ကျင့်နေတာ။ နည်းနည်းလေးမှကို အကြောမခံဘူး "

" သူလို့ မပြောရဘူး။ ဖြူစင့်ထက် ကြီးတယ်။ ကိုလင်းလို့ ခေါ်  "

" ကိုကို့ဆီ မလာတော့ဘူး "

" အင်း။ အိမ်မှာပဲ နေ။ မလာနဲ့ "

တိုင်သာ တိုင်သော်ငြား အရာမထင်။ စိတ်ကောက်ပြီး ပြောလာသည့် စကားကိုလည်း ကောင်လေးက အတည်ယူပစ်ကာ ဆုံးမလိုက်သေး၏။ သဘောကျလွန်း၍ လျှာထုတ်ပြီး ပြောင်ပြတော့ ဖြူစင်က လက်ထဲက တူနဲ့ ရွယ်လာတော့သည်။

CartoonWhere stories live. Discover now