Ep - 37 [U]

452 83 2
                                    

အခန်း (၃၇)

" ဟေး အလှလေး "

အနီရောင် နှင်းဆီရဲရဲ ပန်းစည်းကို ကောင်တာပေါ် တင်ကာ ခေါ်လာသူ။ ခနိုးခနဲ့ဟန်တွေက မျက်နှာမှာ အပြည့်။ တစ်ခါတလေ အကြောင်းသိနေသူများက ကိုယ့်ကို စိတ်ဒုက္ခအပေးနိုင်ဆုံး ဖြစ်နေတတ်သည်။

" မင်းကို ကမ်းလှမ်းချင်လို့ "

ကျသင့်ငွေကို တွက်ချက်ပြီး ပြန်အမ်းငွေ ပေးတော့ လက်ကို ဖမ်းဆုပ်ကိုင်လာ၏။ စူးရဲသွားသည့် အကြည့်တစ်စုံနဲ့အတူ ဒေါသက ရင်မှာ လာအောင်းသည်။ ဆိုင်ထိ လာပြီး စော်ကားနေခြင်းပင်။ မျက်နှာချင်းဆိုင် တိုက်မှာ နေသူမို့ သက်ထားရဲ့ စေ့စပ်ပွဲ ပျက်သွားရခြင်း အကြောင်းကိုလည်း သိထား၏။ ဝါးနေသည့် ပီကေကို အသံမြည်အောင် မထီမဲ့မြင် ဖောက်သည်။ လက်ကို ဆောင့်ရုန်းပေမဲ့ အရာမထင်။ လှောင်ရယ်သံ တစ်ခုက သူမကို သည်းခံလစ်မစ် ကုန်ခမ်းစေပြီ။

" ဘယ်လိုဖြစ်လို့ ခါးခါးသီးသီး ငြင်းနေရလဲ။ ဟိုကောင်လို မင်းကို မထားခဲ့ပါဘူး။ စိတ်ချ။ ကိုယ်က မင်းကို အတည်ပေါင်းမှာ "

ခန္ဓာအပေါ်တစ်ပိုင်းကို ငုံ့ကိုင်းလာရင်းမှ သူမ မျက်ဝန်းတွေအား စေ့စေ့ကြည့်ကာ ဆိုလာသူ။
စကားအဆုံး မျက်လုံးတစ်ဖက် မှိတ်ရင်း ပီကေ ဖောက်သံကို ပြုလိုက်ပုံက မျက်စိရှေ့က ကစားစရာ အရုပ်ကို အပိုင်မှတ်ကာ တစ်ခုစီ ဖြုတ်ချင်နေသည့်ပမာ။ ဆိုင်ရှေ့မှာ ရပ်ထားသည့် နောက်ဆုံးပေါ် ပြိုင်ကားနဲ့အတူ လက်မှာ ပတ်ထားသည်က နာမည်ကြီး တံဆိပ်။ သို့ပေမဲ့ မောက်မာ ရိုင်းစိုင်းမှုတို့က ထိုသူ၏ အကျင့် စရိုက်ကို အလုံးစုံ ဖွင့်လှစ်ပြထားသည်။

ငွေကြေးဥစ္စာ ပြည့်စုံပေါများသူတိုင်း တန်ဖိုး ပမာဏ မြင့်မားသည့် ဇိမ်ခံပစ္စည်းများကို သုံးစွဲနိုင်ကြပေမဲ့ စိတ်ဓာတ်ရေးရာ ကဏ္ဍမှာ အထက်တန်းစား ဖြစ်လာနိုင်သည်တော့ မဟုတ်ပေ။

" နင့်ခေါင်း ရိုက်ခွဲ မခံချင်ရင် ငါ့လက်ကို ခုချက်ချင်း လွှတ်လိုက် "

" စွာလှချည်လား။ ဘယ်သူ့အားကိုးနဲ့ ဒီလောက် စွာပြနေတာလဲ။ ဘာလဲ။ ဟိုကောင်က မင်းကို တိတ်တိတ်လေးများ .. "

CartoonWhere stories live. Discover now