Ep - 48 [U] (final)

1.5K 107 50
                                    

အခန်း (၄၈)

" ကောင်လေးအကြိုက် ခါးခါးလေး ဖျော်ထားတယ်။ တစ်ငုံပဲ သောက်နော် "

ကာတွန်း ဖျော်ပေးတဲ့ ကော်ဖီခွက်ကို ယူရင်း ခေါင်းညိတ်ပြ၏။ ကုန်ဆုံးခဲ့သည့် နာရီ သံချက်များနဲ့ အအေးကဲလာသည့် ရာသီကြောင့် ဖျားနာ ကိုက်ခဲခြင်းက ပို၍ စိပ်လာသည်။

တစ်ခါတလေ ညဘက်တွေမှာ ကာတွန်း ဖတ်ပြသည့် စာအုပ်လေးကို နားထောင်ရင်း အိပ်ပျော်သွားတတ်၏။ မနက်ခင်း တစ်ချို့မှာတော့ ကာတွန်းကို စိမ်းသက်သော မျက်ဝန်းတွေနဲ့ ကြည့်လာတတ်သည်။ မေ့ပျောက် လွယ်လာသော မှတ်ဉာဏ် အပိုင်းအစတို့က ကာတွန်းအား ကြောက်ရွံ့စိတ်တို့ ရိုက်သွင်းကာ သတိ ပေးနေသည့်ပမာ။ နာကျင်ရလွန်းပေမဲ့ အတူ ရှိနေနိုင်ခြင်းကိုပင် ကျေးဇူးတင်ရသည်။

မိုးပြာရောင် ဆွယ်တာလေးက ကောင်လေးရဲ့ အေးမြ ကြည်လင်မှုနှင့် လိုက်ဖက်ညီလျက်။ ပါးလျသွားသည့် ဆံနွယ်မျှင်တို့နှင့် ချောင်ကျသွားသည့် မျက်နှာလေးကတော့ ဖြူဖျော့ကာ နေ၏။

" ကာတွန်းရေ ကာတွန်း "

" အန်းနီးမည်းတွေပဲ .."

ကော်ဖီ သောက်နေသော ကောင်လေးကို တမေ့တမော ငေးနေမိစဉ် အပြင်က ခေါ်သံကြောင့် မီးဖိုခန်းထဲက ထွက်ခဲ့လိုက်သည်။ အန်းနီးမည်း လေးကောင်က သူ့အိမ်ကို လူစုံ ရောက်ချလာကာ ဧည့်ခန်းထဲ နေရာယူ၏။

" ဘာလာလုပ်တာလဲ "

" မင်း မြိုဖို့ လာပေးတာ။ ကိုကောင်းအတွက်ပါ ပါတယ်နော် "

ကိုယ်စီ ယူလာသော သီးနှံအထုပ်တွေကို ခုံပေါ် တင်ကာ ချိုသာစွာ ဆို၏။ မပြောင်းလဲသည့် အချိုးက ဒီအဖွဲ့ရဲ့ ပုံစံပင်။ သို့ပေမဲ့ အရင်လို ခုန်ပေါက် မရယ်မောနိုင်တော့ပေ။ မကြာခင် မျောက်ကလည်း ကလေးအဖေ ဖြစ်တော့မည်။ လွတ်လပ်ခြင်း အငွေ့အသက် နည်းပါးလာသည်။
စည်းတွေ၊ ဘောင်တွေကြားမှာ နေထိုင်ရင်း ဘဝ အရေးကို ရင်မောတတ်လာပြီ။

ကောင်လေးက ကာတွန်းရဲ့ ဘေးမှာ ဝင်ထိုင်သည်။ ငဲ့ကြည့်ရင်း ပြုံးပြမိ၏။ မေမြို့ကို ကာတွန်းတို့ ရောက်လာလို့ ပျော်ရွှင်ခဲ့ရပေမဲ့ ကောင်လေးရဲ့ ကျန်းမာရေး အခြေအနေကို သိထားကြ၍ လတ်လတ်လန် တစ်ဖွဲ့လုံး မျက်ရည် ပင်လယ် ဝေခဲ့ရသည်။

CartoonWhere stories live. Discover now