Arc 5 Part 14

442 44 1
                                    

       နိမိတ်ဖတ်သူဟာ ဒီကမ္ဘာရဲ့စောင့်ရှောက်သူပဲ။ အကယ်၍များ misaki က သူ့ကိုမရှာတွေ့ရင် ပိုလို့တောင်ကောင်းသေးသည်။ အားကြီးတဲ့ရန်သူကို ထိပ်တိုက်မတွေ့စေ‌ချင်ပေ။ နိမိတ်ဖတ်သူရဲ့အကူအညီမပါလည်း သူတို့သုံးယောက် လွတ်လမ်းရှာနိုင်သည်။ အခုလိုမျိုးပေါ့။

      နေဟာ ပူပြင်းပြီးစူးရှလွန်းတာကြောင့် ထိုအပူအားအံတုကာ တည့်တည့်မတ်မတ်မော့မကြည့်နိုင်ပေ။ မိုးမလင်းခင် ကွယ်ပျောက်သွားရမည့်လူသုံးယောက်ကတော့ ညီလာခံအတွင်း နေရာယူထား၏။ တစ်ဖက်တစ်ချက်တွင် အခြေအနေကိုနားမလည်သေးပါသော အမတ်တို့ဟာ အူကြောင်ကြောင်အနေအထားနှင့် မတ်တတ်ရပ်နေကြသည်။

    "ဒါက ဘယ်လိုမျိုးအခြေအနေလဲ"

    "ကျုပ်ကဘယ်သိမလဲ အမတ်မင်းရဲ့"

     သို့လော သို့လော ခန့်မှန်းမှုများနှင့်အတူ တီးတိုးသံများအပြည့်ပင်။ ဘယ်ဇာတ်ကိုကရမလဲမသိသလို အခုထိတိုင် မိမိတို့မှာ ဘယ်ဇာတ်ကောင်၌ကျသလဲလည်းမသိပါသဖြင့် ထိုအူတူတူပုံစံအတိုင်းသာ နေရတော့သည်။

      "မင်းသားငယ်မှာ ထူးဆန်းတဲ့အကျင့်ရှိတာသိတယ်မလား"

      "ဘယ်တုန်းကမှ ညီလာခံမတက်‌ေရာက်တာကိုပြောတာလား အဲ့တာနဲ့ပတ်သတ်ပြီး ကောလဟာလရှိတယ်လေ သူ့လက်ထဲ အုပ်ချုပ်ခွင့်ရောက်မှသာ ညီလာခံတတ်နိုင်မယ်ဆိုပြီး"

      "ကျွန်တော်တို့ အရှင်မင်းမြတ်ကရော ဘာဖြစ်သွားပြီလဲ မိဖုရားခေါင်ကြီးကရော ဒါကိုခွင့်ပြုထားတာလား"

     နောက်ဆုံးမှာတော့ ကံဆိုးသူတစ်ယောက်ရွေးချယ်လိုက်ပြီး ထိုအမတ်အားရှေ့ထွက်ကာ သူတို့၏သံသယများအားမေးခွန်းထုတ်ရစေသည်။

       "နန်းတွင်းရဲ့အခြေအနေက ရှုပ်ထွေးနေပါတယ် မင်းသား ကျွန်တော်မျိုးတို့ခမျာ မတွေးနိုင်လောက်အောင်ပါပဲ"

         "အမတ်မင်းတို့က ဘာကိုသိချင်ရပြန်သလဲ မဟုတ်မှလွဲ ကိုယ်တော့်အတွေးတို့ကိုလား"

       မင်းတို့ဘာလုပ်နေလဲသိချင်တာကွ။ အသံတော့ထွက်မလာခဲ့ပေ။ အာဏာဟာ မင်းသားငယ်လက်ထဲရောက်ဟန်မတူ။ ဝတ်ရုံအပြင်အဆင်ကလည်း ထိုနည်းတူပင်။ ရာဇပလ္လင်ပေါ်တက်ထိုင်နေသည်မှလွဲ ပိုင်ရှင်ဖြစ်ကြောင်း အထောက်အထားမရှိပေ။ သူ့ဘေးဘက်တစ်ဖက်တစ်ချက်စီတွင်လည်း တပ်မှူးတစ်ယောက်နှင့် ကိုယ်ရံတော်အဆင့်နောက်လိုက်တစ်ယောက်သာ ထာဝရမလဲတည့်မတ်နေမည့်ကျောက်တိုင်နှစ်တိုင်လိုမျိုး ရပ်နေသည်။ ဘယ်လိုကိစ္စမျိုးမို့ ဒီအမတ်တွေကို ပဟေဠိလာဖွက်နေရသလဲ။ အမတ်တွေကိုမစည်းရုံးဘဲ ပုန်ကန်လို့ရော ရသလား။

How to Flirt with the final bossWhere stories live. Discover now