Misaki အခန်းထဲကိုဝင်လာတော့ ဆရာဝန်ကအဖေနဲ့စကားပြောေနကာ ပြန်ဖို့အဆင်သင့်ဖြစ်နေပြီ။
"သိပ်တော့မစိုးရိမ်ရတော့ပါဘူး ဒဏ်ရာက ဒါပေမယ့် နည်းနည်းတော့ဂရုစိုက်ဖို့လိုမယ်" Misaki အသိအမှတ်ပြုသလို ခေါင်းညိမ့်ပြလိုက်သည်။
အကုန်လုံးထွက်သွားပြီး တိတ်ဆိတ်သွားသည့်တိုင် ထိုကောင်လေးက Misaki ကိုရှိမှန်းသိဟန်တောင်မပြ။ သူ့အတွေးနဲ့သူနစ်မြောနေသည်။ မှင်ရည်ရောင်မျက်ဝန်းတွေက နက်မှောင်ပြီး အဆုံးမဲ့တဲ့ချောက်ကမ်းပါးလိုပဲ။ ပိရိသေသပ်တဲ့နှုတ်ခမ်းပါးရယ် တိကျတဲ့မေးရိုးလိုင်းတွေနဲ့ကောင်ငယ်လေး။ နဖူးပေါ်က ပတ်တီးတွေကတောင် သူရဲ့ကြည့်ကောင်းမှုကိုလျော့ကျသွားအောင်မစွမ်းနိုင်ဘူး။ လက်ချောင်းသွယ်သွယ်တို့က အချင်းချင်းလိမ်ယှက်ထားပြီး သွယ်တန်းနေတဲ့မျက်ခုံးနှစ်ခုကိုကျုံ့ပုံက တစ်ခုခုကိုအသည်းအသန်းစဉ်းစားနေသလိုပဲ။ ပြတင်းပေါက်ကကျူးကျော်လာတဲ့ေနွးေထွးမှုအပြည့်နဲ့နေရောင်က ကောင်လေးရဲ့ပုံသဏ္ဍာန်ကိုလူကြီးဆန်နေေစသယောင်။အတိတ်ကသူမစွဲစွဲလမ်းလမ်းသဘောကျရပါသည်ဆိုတဲ့ Ginta တောင်ကျောင်းဝတ်စုံနဲ့ထိုမျှကြည့်မကောင်း။ Misaki ကိုယ့်အတွေးနဲ့ကိုယ် ပြုံးရယ်လိုက်မိသည်။
အခုမှသူမကိုသတိထားမိသွားတဲ့ကောင်လေးက မျက်ဝန်းနက်နက်တွေနဲ့သူမကိုစောင်းငဲ့ကြည့်နေတယ်။
"အဟမ်း..ကျောင်းသားလေး""ကျွန်တော်ကျောင်းသားမဟုတ်ဘူး"
"ကျောင်းသားမဟုတ်ဘဲ ဘာလို့ကျောင်းဝတ်စုံဝတ်ထားတာလဲ?" Misaki ရဲ့အမေးအဆုံး ကောင်လေးကအသက်ပြင်းပြင်းရှူလိုက်ပြီး
"ခင်ဗျားကျွန်တော့်အကြောင်းအကုန်စုံစမ်းပြီးပြီမလား ဘာလို့ထပ်မေးနေတာလဲ"
"အင်း သိပြီးပြီ ဒါပေမယ့် မပြည့်စုံဘူးလေ ပြောကြည့်ပါဦး ဘာလို့ထွက်ပြေးလာရလဲဆိုတာ" Misaki ထိုအချိန်ကကားကိုသတ်မှတ်ထားတဲ့အရှိန်ထက်ပိုမေမာင်း။ Rosey နဲ့စကားပြောနေတယ်ဆိုပေမယ့်လည်း အဲ့လောက်ထိအာရုံမပျံ့လွင့်။ ဖြစ်နိုင်တာက ထိုကောင်လေးကိုယ်တိုင်အရှိန်မထိန်းနိုင်ပဲ ကားရှေ့ဝင်တိုးခဲ့ခြင်းသာ။
VOUS LISEZ
How to Flirt with the final boss
Fantasyအပြာရောင် hydrangeasတွေရဲ့အဓိပ္ပါယ်ကခွင့်လွှတ်မှုကိုတောင်းခံခြင်းတဲ့ နောက်ကျမှမင်းဆီကိုရောက်လာနိုင်တဲ့အတွက် တောင်းပန်ပါတယ် ကောင်လေး