ခေါင်းငိုက်စိုက်ချကာ နံရံကိုမှီလျက် အတွေးနွံနစ်နေသော ပုံရိပ်လေး။ လျော့တိလျော့ရဲ ဆံနွယ်တို့က နဖူးပြင်ထက်ပြိုဆင်းနေကြပြီး နှုတ်ခမ်းပါးတွေတင်းတင်းစေ့ထားကာ အေးစက်တဲ့အရှိန်အဝါတွေထုတ်နေသလို။ အနက်ရောင်ဂျာကင်ထဲလက်ထည့်ပြီး မျက်နှာသေနှင့်ရပ်နေသောထိုအမျိုးသား။ ဘေးတိုက်ပုံရိပ်လေးပင် ဆွဲဆောင်မှုအပြည့်။
"ပြန်ကြမယ် Ryo"
" အင်း "
အလုပ်တွေများလို့ စကားမပြောနိုင်လောက်အောင်ပင်ပန်းနေတဲ့သူရယ် စကားနည်းတဲ့ကောင်လေးရယ် အိမ်အပြန်လမ်းကတိတ်တဆိတ်ပါပဲ။လေထုကတော့ ရင်းနှီးတဲ့နွေးထွေးမှုတွေနဲ့လွှမ်းခြုံနေတယ်။
ဆောင်းရဲ့ညကအေးစက်ပေမယ့် အချိန်တန်ရင်နေရောင်ထွေးပွေ့တဲ့နံနက်ခင်းဆိုတာ ရောက်လာမှာပဲ။
နောက်နေ့မနက် Misaki ပုံမှန်အချိန်အတိုင်းပဲ နိုးလာတယ်။ ပစ္စည်းအသစ်အတွက်မပူပန်သလို အမြတ်အစွန်းအတွက်လည်း မစိုးရိမ်သလိုမျိုး။မနက်စာစားတော့လည်း Yuuki နားမှာထိုင်ရင်း ဟင်းတွေဂရုတစိုက်ထည့်ပေးကာ စကားစမြည်ပင်ပြောနေသေးသည်။ ကြာတော့ အဖေကစိတ်မရှည်ချင်။ တကယ်ဆို နည်းနည်းပါးပါး စိတ်အားထက်သန်မှုဖြစ်ဖြစ်ရှိနေရမှာမလား အခုကပုံမှန်မနက်ခင်းလိုမျိုးဖြတ်သန်းနေတယ်။ တက်ကြွတဲ့ပုံစံတောင်ရှိမနေဘူး။ သူမမျက်နှာကအရမ်းအေးဆေးမနေလွန်းဘူးလား ?
သူမရဲ့အပြုအမူတွေက Ryo တောင်သတိထားမိနေပြီ။ ဒီအမျိုးသမီးဘာတွေကြံနေတာလဲ။ စားနေရင်း Misaki ရဲ့ဖုန်းမြည်သံကြောင့် အကုန်လုံးအာရုံစိုက်မိသွားသည်။
"အင်း Rosey"
"Misaki နင်ထွက်မလာသေးဘူးလား ဒီမှာပြသနာတက်နေပြီ.."
"မနက်စာစားပြီးရင် လာခဲ့မယ်လေ" Rosey မှာသူမဖုန်းကိုကြည့်ရင်း အံ့ဩေနဆဲ။ သူမငါပြောတာကို အကုန်ကြားလိုက်တယ်မလား ဒါကငါဖြေရှင်းနိုင်တဲ့ပြသနာမဟုတ်ဘူးလေ Misaki နင်ဘာလို့ဒီလောက်အေးဆေးနေတာလဲ?
"Rosey မလား ဘာဖြစ်တာလဲ"
"ထုတ်ကုန်အသစ်ပစ္စည်းနမူနာပျောက်သွားလို့"
KAMU SEDANG MEMBACA
How to Flirt with the final boss
Fantasiအပြာရောင် hydrangeasတွေရဲ့အဓိပ္ပါယ်ကခွင့်လွှတ်မှုကိုတောင်းခံခြင်းတဲ့ နောက်ကျမှမင်းဆီကိုရောက်လာနိုင်တဲ့အတွက် တောင်းပန်ပါတယ် ကောင်လေး