ဒီသွေးတွေဟာ ဘယ်ကရောက်လာပါသလဲ။ ဘယ်သူမှမသိလျှင်တောင် ကာယကံရှင် Ella တော့ ရှင်းရှင်းလင်းလင်းသိပါသည်။ ဒါဟာ လွတ်မြောက်သွားပြီဖြစ်တဲ့ သူမတစ်ခါသာမြင်ဖူးတဲ့ ခုနက အစေခံမလေး၏ နောင်တ၊ အငြိုးအတေး သို့မဟုတ် ကျိန်စာတို့ကို သယ်ဆောင်ထားသည့်သွေးများပင်။
ထိုသွေးစက်တို့နှင့် ထိမိသော သူမ၏လက်ချောင်းများသည်လည်း ချက်ချင်းပင် အသက်ဓာတ်တို့စုပ်ယူခံလိုက်ရသည့်နှယ် ဖြူဖျော့ကာ အရေခွံများတွန့်ကုန်သည်။ အိုမင်းရင့်ရော်ခြင်းဟာ တားဆီးမရအောင် ကူးစက်သွားသည်။ Ella ဟာ ငယ်ငယ်ထဲက အလှကြိုက်သော ကောင်မလေးပင်။ သွေးစက်တွေကြား နိုးထခဲ့ရသည့် မနက်တိုင်းဟာ အရိပ်မည်းက သူမကို ငယ်ရွယ်မှု အလှတရားတို့နှင့် ထိန်းချုပ်ထားတာဖြစ်သည်။
သို့သော် မျက်စိရှေ့က Ella ကတော့ အရွယ်အိုမင်းလာခြင်းကို မမှုဘဲ သူမထွေးပွေ့ထားသော လူသားကိုသာ အတင်းလှုပ်ရမ်းနေသည်။ သူမအသံဟာ စိုးရိမ်ခြင်းအပြည့် ကြောက်ရွံ့တုန်လှုပ်ခြင်းအပြည့်ပင်။ ဟိုစဉ်က ရင်းနှီးသိကျွမ်းသူများ၏ အလောင်းတွေကြား တစ်ယောက်တည်းရှင်သန်နေခဲ့ရသလိုမျိုး။ ခရမ်းရောက်ဆံနွယ်တွေကို တပ်မက်မိသည့်စိတ်ကလေးကြောင့် အရိပ်မည်းနှင့်အတူ ထိုတော်ဝင်အမျိုးအနွယ်အား ထိခိုက်စေမိခဲ့သည့် ညလိုမျိုး။ အရိပ်မည်းကို ဖယ်ခွာပစ်နိုင်ရန် မိမိကိုယ်ကို ညှဉ်းဆဲခဲ့ရသည့်အချိန်လိုမျိုး။ မဟုတ် ထိုအချိန်တို့ထက် ပိုကြောက်ရွံမိသည် ပြောလျှင် လွန်မည်မထင်ပေ။သူမရင်ခွင်ထဲမှ ယောကျာ်းပျို၏အသက်ရှူသံဟာ နှေးကွေးစပြုလာသလို နက်မှောင်သည့်ဆံသားတို့သည်လည်း နှင်းဖုံးနေသလိုပင်။ တစ်စတစ်စဖြင့် အသက်မဲ့လာသည့် မီးစာကုန်ရေခမ်းခါနီးသော ဝိညာဉ်လေးအား ထွေးပွေ့ထားရသည့်အတိုင်းပင်။ သူမလက်တွေသာ ဖယ်လိုက်ရင် ထိုလူငယ်လေးဟာ မြူမှုန်တွေအဖြစ်များ တစ်သက်လုံး ပျောက်ကွယ်သွားမှာလား။
အသံက သူမ၏လည်ပင်းတွင်သာ တစ်ဆိုးနေသည်။ အကူအညီ သူမသားအတွက် အကူအညီလိုအပ်သည်။ သို့သော် မည်သို့မည်ပုံဖြင့် မည်သူ့အား အကူအညီတောင်းခံရပါမည်နည်း မည်သူကရော သူမလို မကောင်းသည့်သူကို ကူညီလိမ့်မည်နည်း။ မျက်စိရှေ့မှ သားဆီကလည်း အကြည့်မခွာရဲသလို စိုးရိမ်ပူပန်မှုဟာ ငယ်ထိပ်အထိပင်ရောက်နေပြီမို့ ပါးစပ်မှ ဝူးဝါးအသံများနှင့်အတူ မျက်ရည်များသာ လှိမ့်ဆင်းလာတော့သည်။
YOU ARE READING
How to Flirt with the final boss
Fantasyအပြာရောင် hydrangeasတွေရဲ့အဓိပ္ပါယ်ကခွင့်လွှတ်မှုကိုတောင်းခံခြင်းတဲ့ နောက်ကျမှမင်းဆီကိုရောက်လာနိုင်တဲ့အတွက် တောင်းပန်ပါတယ် ကောင်လေး