နောက်တစ်နေ့မှာတော့ သူတို့အကုန်လုံး အင်အားအပြည့်နဲ့နိုးထလာတယ်။ Jason ကတော့ မနက်စာစားတာတောင် သုန်မှုန်နေတဲ့မျက်နှာထားနဲ့။ Daniel က သူချီးကျူးခံရမည့်ကိစ္စတစ်ခုကိုဆောင်ရွက်ထားသလိုမျိုး လိမ္မာပြီးတက်ကြွနေသည်။ ဒီနေရာကနေ အနည်းငယ်လမ်းလျှောက်မိရုံနှင့် ပင်လယ်ပြာပြာကသူတို့ကိုကြိုဆိုနေသည်။ နွေးထွေးသည့်နေရောင်အောက်တွင် ကောင်းကင်နှင့်ပင်လယ်ကိုမျက်စိတစ်ဆုံးငေးမောရသည်မှာလည်း သဘောကျစရာပင်။
Daniel က သူ၏ကျစ်လျစ်သောခြေတံတို့ကိုပေါ်လွင်စေသည့်ဘောင်းဘီတို ပင်လယ်နှင့်လိုက်ဖက်ေသာအပြာနုနု T-SHIRT လေးနှင့် သူမဘေးနားတွင်လျှောက်နေသည်။ အရှေ့တွင်တော့ သပ်ရပ်စွာဝတ်ဆင်ထားသည့် Jason က Oliver ခန္ဓာကိုယ်နှင့်ပူးကပ်ကာ တီးတိုးပြောနေကြဟန်ရှိသည်။
ရေလှိုင်းတို့သည် အရှိန်တင်ပြေးလာပြီးမှသူမခြေထောက်နားကိုမရောက်ခင်ပင် အားလျော့နောက်ဆုတ်သွားကြ၏။ Misaki ရပ်တန့်နေလိုက်ပြီးမှ သည်ရေလှိုင်းတွေအား ဂရုတစိုက်ကြည့်နေမိသည်။ သူမ၏အနားတွင်ငုံ့မိုးနေသည့် အရိပ်တစ်ခုလည်း ရှိနေသေးသည်။
ခပ်လှမ်းလှမ်းရှိ Jason တို့အနားတွင် အခြားသောလူစိမ်းများကိုတွေ့လိုက်မိမှ သူမအကြည့်တွေကိုအဆုံးသတ်လိုက်သည်။ Oliver ဆီရောက်ရင် ခပ်သွက်သွက်လျှောက်သွားကာ ထိုလူစိမ်းတို့ကိုအကဲခတ်မိ၏။ ဒုတိယဇာတ်လိုက် Jack! သူကဘာလို့ ဒီမှာရှိနေတာလဲ။
ဒုတိယဇာတ်လိုက်ပီသစွာ ကြည့်ကောင်းသောရုပ်ရည် ဆွဲဆောင်နိုင်သောအသွင်အပြင်နှင့် ခံ့ညားလွန်းနေ၏။ သူ၏လှပသောလက်များသည် ယှဉ်ရပ်နေသောအမျိုးသမီး၏ခါးပေါ်တွင် နေရာယူထားသည်။ ထိုအမျိုးသမီး၏အကြည့်တို့က Daniel အပေါ်တွင်မြဲမြံစွာရှိနေပြီး Jack ၏လက်ကိုဖယ်ရှားချင်နေဟန်။
"အကိုကြီး" တိုးညှင်းစွာထွက်လာသည့်အသံက အခုနလေးတင် Oliver အားအနိုင်ကျင့်ချင်နေသည်မှာ သူမမဟုတ်သည့်အလား။
ထိုအပြောင်းအလဲလွယ်သော အလှလေးသည် သူမဆီအကြည့်ရောက်လာပြန်၏။ ထို့နောက် Misaki ပုခုံးပေါ်တင်ထားသည့် Daniel ၏လက်တို့ကိုမြင်ခိုက် သူမ၏လှပသောမျက်ဝန်းများသည် ဝိုင်းစက်ကုန်၏။ ရုတ်ခြည်းသူမဆီပြေးဝင်လာကာ ရိုရိုကျိုးကျိုးနှုတ်ဆက်တော့သည်။ သူမနှင့်ပင်လက်ချိတ်ပြီးစကားတွေပြောနေကာ ကျန်သည့်လူများအား အပြည့်အဝလစ်လျူရှုထား၏။

BẠN ĐANG ĐỌC
How to Flirt with the final boss
Viễn tưởngအပြာရောင် hydrangeasတွေရဲ့အဓိပ္ပါယ်ကခွင့်လွှတ်မှုကိုတောင်းခံခြင်းတဲ့ နောက်ကျမှမင်းဆီကိုရောက်လာနိုင်တဲ့အတွက် တောင်းပန်ပါတယ် ကောင်လေး