Arc 7 part 11

165 26 0
                                    

      သားရဲနှင့် သားရဲထိန်းကျောင်းသူအကြားမှာ ဘယ်သူက Sue ကို သတ်တာဖြစ်နိုင်မလဲ။ မူလကိုယ်၏ဆန္ဒမှာ သူမအတွက် သူမမိသားစုအတွက် လက်စားချေလိုခြင်းဖြစ်သည်။

      "သူက လူသားမဟုတ်ဘူးလား။ လူသားမိန်းက‌ေလးတစ်ယောက်က သားရဲတွေအတွက် အစာဆိုတာအပြင် မပိုတဲ့ဒီကမ္ဘာကြီးမှာ ဘယ်နားသွားပြီး သူ့အတွက် တရားမျှတမှုရှာပေးရမှာလဲ။ Host ဒီတစ်ခါရော ကမ္ဘာကိုဖျက်ဆီးပြီး အရမ်းမိုက်တာတွေ လုပ်ရမှာလား။"

     ထိုင်ခုံထက် ခြေလှုပ်ထိုင်နေရင်း အရည်မရအဖက်မရတာတွေပြောနေသည့် System အား ခပ်ပြင်းပြင်းမျက်စောင်းတစ်ချက် ပေးလိုက်သည်။

     "ပါးစပ်ပိတ်ထား" အဟောက်ခံလိုက်ရသည့် system မှာ တောင်တွေးမြောက်တွေးရင်းမှ သူ့တွင် အရေးကြီးတစ်စုံတစ်ရာ Host အား ပြောရန် ကျန်နေသေးကြောင်း သတိရလိုက်သည်။

    "Host Everest ရဲ့ သားရဲပုံစံမြင်ပြီးပြီလား" သူပင် စကားဆုံးအောင် မပြောရသေး။ Everest ၏မျက်နှာက ရုတ်တရက် ပြတင်းပေါက်နားမှ ပေါ်ထွက်လာလေရာ  လန့်ဖြတ်ပြီး ထိုင်ခုံပေါ်ကပင် ပြုတ်ကျသွားတော့သည်။

     Misaki သူမ၏အသည်းငယ်လွန်းလှသော လက်ထောက်လေးအား ကြည့်လိုက်ပြီး  ခေါင်းရမ်းမိရသည်။

     "အဖြစ်ကိုမရှိဘူး ထ" ကမ်းပေးသော လက်အား အားပြုကာ ထလိုက်ပြီးနောက် system သူ့ရဲ့လူသားခန္ဓာကိုယ်က အရင်နဲ့မတူတော့တာကို သတိထားမိလိုက်သည်။ဥပမာ ခုနကပြုတ်ကျသွားတုန်းကဆို နာကျင်မှုကို ခံစားနိုင်တာမျိုးပေါ့။ ဒါက အဆင့်မြင့်သွားပြီဆိုတဲ့သဘောပဲ။ ခုန်ပေါက်ပြီး အောင်ပွဲမခံရသေးခင်မှာပင် systemခမျာ အခန်းထဲမှ နှင်ထုတ်ခံလိုက်ရသည်။

    "မထသေးဘဲ ဘာလုပ်နေတာလဲ" ပြတင်းပေါက်နားတွင် ကပ်ထိုင်နေသော Everest အား ခြေဖျားနှင့် လှမ်းထိရင်း မေးလိုက်သည်။ ကြမ်းပြင်မှာ ဘာဓာတ်တွေရှိနေလို့ ကော်နဲ့ကပ်ထားသလို မခွဲနိုင်မခွာရက်ဖြစ်နေရတာလဲ။

    ထိုယောက်ျားမှ လက်တစ်ဖက် ကမ်းလာမပေးခင်အထိ misaki မှာ အခြေအနေကို သဘောမပေါက်သေးပေ။ တစ်ဖက်လူက သူ့ကိုထူပေးပါရန် သိသိသာသာအချက်ပြနေသော်လည်း မျက်နှာထက်တွင်တော့ ဘယ်လိုခံစားချက်မှ ပေါ်မနေပါ။ misaki ကိုယ့်နဖူးကိုယ် ပြန်ရိုက်မိရင်းမှ Everest ၏လက်အား ဆုပ်ကိုင်လိုက်သည်။ ထိုခံစားချက်မဲ့သော လူဟာ ချက်ချင်းဆိုသလို ကုန်းထလာပြီး သူမ၏ခန္ဓာကိုယ်အား သန်မာလှသော လက်မောင်းတို့ကြား ဖြစ်ညှစ်ထားတော့သည်။

How to Flirt with the final bossDove le storie prendono vita. Scoprilo ora