မိနစ်နှစ်ဆယ်ပင်မပြည့်လိုက်ခင် အနက်ရောင်ဝတ်စုံနှင့်လူတစ်ဒါဇင်သည် သူမတို့အခန်းရှေ့တွင်ရောက်နေကြပြီ။ Mommy Jesက သူမစိတ်ကြိုက် အခန်းကိုပြင်ဆင်နေသည်။ လုံခြုံရေးတိုးမြှင့်လိုက်သည့်အပြင် တံခါးတိုင်းကိုလည်း သေချာစစ်ဆေးပြုပြင်သွားသည်။ မူလကိုယ်သေဆုံးပြီးသည့်နောက် သူမသည်ဖြေမဆည်နိုင်လောက်အောင်အထိဖြစ်ခဲ့သည်။ သူမကိုယ်သူမအပြစ်တင်ကာ နောက်ဆုံးအချိန်အထိ Claire ၏ဓာတ်ပုံကိုပိုက်ထားရင်း အခန်းထဲကထွက်ဖို့ငြင်းဆိုခဲ့၏။ သူမ၏ဂျစ်ကန်ကန်သမီးလေးအပေါ် ဘယ်လောက်တောက်တန်ဖိုးထားလည်း မှန်းဆနိုင်ဖို့ လုံလောက်ပါတယ်။
သူမကိုစိုက်ကြည့်နေသော Claire ကြောင့် Jessica ဒူးထောက်ထိုင်လိုက်ပြီး သူမနှင့်မျက်နှာချင်းဆိုင်လိုက်သည်။
"ဘာပြောစရာရှိလို့လဲ" အဖိုးတန်လေး၏ဆံပင်တွေကို ဆော့ကစားရင်း မေးလိုက်သည်။
"ဒီနေရာက ထွက်သွားချင်တယ်" Misaki ၏စကားအဆုံးမှာ Jessica သက်ပြင်းသဲ့သဲ့ချမိသည်။ သူမကိုယ်တိုင်လည်း ကလေးတွေကို ဒီလိုအန္တရာယ်များတဲ့နေရာမှာ မထားချင်ပေမယ့် ခေါ်ထုတ်သွားဖို့ကလည်း မဖြစ်နိုင်ပြန်ဘူး။ အကြောင်းက သူတို့ရှင်သန်နေတဲ့လောကက ထင်ထားသလောက် မရိုးရှင်း။ လူသားမဆန်ဘူး အတ္တတွေကြီးတယ်။ ဒါပေမယ့် အဲ့လိုလောကက ကြီးပြင်းလာတဲ့ကလေးတိုင်းက သန်မာတယ် ကိုယ့်ကိုကိုယ်ကာကွယ်နိုင်တယ်။ ဥပမာ Jason နဲ့ Daniel လိုမျိုး။ ဒီကလေးနှစ်ယောက်ရဲ့ကြံ့ခိုင်မှုကေလ့ကျင့်ထားတဲ့လူကြီးတစ်ယောက်ထက်တောင် ပိုကောင်းတယ်ဆိုတာ သူမခန့်မှန်းလို့ရသည်။
သို့သော် အကောင်ပေါက်လေးနှစ်ယောက်အတွက်ကတော့ အရမ်းမရက်စက်လွန်းဘူးလား။ Jessica သူမ၏ကလေးကို လက်မောင်းတွေကြားပွေ့ဖက်ထားမိသည်။ တောက်လျှောက်ရပ်ကြည့်နေသော Daniel သည်လည်း သူမ၏အတွေးကိုရိပ်မိသည့်ဟန်။
Oliver ကတော့ Jason နဲ့အတူ ပန်းပုပညာရပ်နဲ့ပတ်သတ်တဲ့ လေ့ကျင့်မှုတွေဆက်လုပ်နေသည်။ ရင်ခွင်ထဲက အမျိုးသမီးလေးကတော့ သူမနားလည်ထားသည်ထက် ပိုခက်ခဲသောကမ္ဘာကြောင့် ရှေ့ရေးအတွက်စဉ်းစားနေသည်။
BINABASA MO ANG
How to Flirt with the final boss
Fantasyအပြာရောင် hydrangeasတွေရဲ့အဓိပ္ပါယ်ကခွင့်လွှတ်မှုကိုတောင်းခံခြင်းတဲ့ နောက်ကျမှမင်းဆီကိုရောက်လာနိုင်တဲ့အတွက် တောင်းပန်ပါတယ် ကောင်လေး