Arc 2 part 15

5.5K 731 3
                                    

ဒီမနက်က ဘာလို့စိတ်မကြည်စရာတွေပဲပြည့်နေတာလဲ? Misaki အိပ်ရာမှထလိုက်ပြီး ရေချိုးခန်းဆီသွားလိုက်သည်။ ရေအေးတွေ ခေါင်းပေါ်ကျနေသည့်တိုင် ဦးနှောက်တွေကပူနေဆဲလို့ ခံစားနေသည်။ ‌အခုနလေးမှ မက်ခဲ့သည့်အိပ်မက်အကြောင်းတွေးမိလေ ပိုဆိုးလေပင်။ ရေအေးနဲ့ ခေါင်းဆေးပြီး အတန်ကြာတော့ စိတ်အလိုကျမှုများလျော့သွားကာ အိပ်မက်ကိုပင်မေ့ပျောက်သွားတော့၏။ အေးစက်တဲ့လေထုကတော့ လွှမ်းခြုံထားဆဲ။

ခေါင်းကိုခြောက်အောင်သုတ်လိုက်ရင်း အဝတ်အစားလဲကာ အောက်ထပ်သို့ဆင်းလာတော့သည်။ အနက်ရောင် shirt ကိုလက်ခေါက်ဝတ်တာက ပုံမှန်လိုဖြစ်နေပေမယ့် ထူးခြားနေတာကတော့မကြည်မသာဖြစ်နေသည့်မျက်နှာအမူအရာပင်။
သူမတို့သခင်မလေးဘေးနားက လေထုအခြေအနေမကောင်းတာကြောင့် ဘယ်သူကမှ မနက်စာစားသွားဖို့မပြောရဲ။ သိပ်အစောကြီးမဟုတ်ပေမယ့် Yuuki ရော အဖေရောမနိုးသေးတာမို့လို့ ဒီတိုင်းပဲထွက်လာလိုက်သည်။

ကားမောင်းဖို့စိတ်မကြည်တာကြောင့်နောက်ခန်းကနေပဲ စာရွက်စာတမ်းတွေဖတ်နေလိုက်တယ်။ ထုတ်ကုန်အသစ်ကလည်းအံ့ဩဖို့ကောင်းလောက်တဲ့အမြတ်အစွန်းတွေရှာပေးခဲ့သလို နောက်ထပ်ကောင်းမွန်တဲ့အစီအစဉ်တွေကိုလည်း ပြင်ဆင်နေပြီ။

System : Host သတိထားပါ!!

System ရဲ့သတိပေးချက်အပြီးမှာ သူမခန္ဓာကိုယ်တစ်ခုလုံး မြောက်တက်သွားသလိုခံစားလိုက်ရသည်။ အိပ်မက်! သူမရဲ့ မနက်ခင်းကိုစိတ်ညစ်ညူးစေတဲ့အိပ်မက်! ဒါတွေကနိမိတ်ဖြစ်ခဲ့တာလား? ရုတ်တရက်  ခေါင်းနဲ့ကားမှန်နဲ့မိတ်ဆက်သွားပြီး နီရဲရဲသွေးတို့ကဖြူလွတဲ့အသားအရေပေါ်မှာမြင်မ‌ေကာင်း‌ေအာင်ဖြာထွက်လာနေသည်။ သူမရဲ့အမြင်အာရုံတွေ အမှောင်မကျသွားခင် ရင်းနှီးတဲ့ပုံရိပ်တစ်ခုကိုမှတ်မိလိုက်သည်။

Misaki သူမကိုယ်သူမလေဟာနယ်ထဲမှာ လွင့်မြောနေတယ်လို့ ခံစားနေရတယ်။ မျက်ဝန်းတွေကကြိုးစားပြီးဖွင့်လိုက်တော့ အဖြူရောင်မျက်နှာကျက်သာမြင်နေရသည်။ ထဖို့ကြိုးစားလိုက်ပေမယ့် အချည်းနှီးသာ။ ထို့နောက် နောက်တစ်ကြိမ်မြင်ကွင်းတို့အမှောင်ဖုံးသွားပြန်ပြီ။

How to Flirt with the final bossWhere stories live. Discover now