အသစ်ကူးပြောင်းလာတဲ့ကမ္ဘာရဲ့အခြေအနေကိုပြောရမယ်ဆိုရင် တစ်ခွန်းထဲပဲ။ "ဘာတွေလဲ"
ဘာတွေလဲဆိုတာ system ကိုယ်တိုင်တောင် လိုက်မမှီနိုင်တဲ့အခြေအနေမို့ ထုံးစံအတိုင်း host ထံအကုန်လွှဲကာ ပြေးလိုက်ချင်ပေမယ့် အင်္ကျီကော်လံစမှတစ်ဆင့် ဆွဲမခံလိုက်ရသည်။ ဖောက်ထွင်း၍မြင်ရသော ခန္ဓာကိုယ်တစ်ခုလုံး လေထဲ မြောက်တက်သွားသလိုပင်။ space ထဲတွင် ပုံတုံးတုံးလေးထောင့်သေတ္တာအသွင် system က ကမ္ဘာတွေထဲခြေချလိုက်သည်နှင့် လူသဏ္ဍာန်ပြောင်းလဲလို့သွားသည်။ တစ်ကိုယ်လုံးအဖြူရောင်အဝတ်တွေနှင့် လူရွယ်ပေါ့။ အခုနောက်ပိုင်း ဝိညာဉ်စွမ်းအားတွေစုဆောင်းမိမှသာ ဤသို့မူလအသွင်ပြောင်းနိုင်တာဖြစ်သည်။ ကိုယ်တိုင်ရပ်တည်နိုင်ဖို့ဆိုရင် ကမ္ဘာပေါင်းတစ်သောင်းထက်မနည်းဆီက ဝိညာဉ်စွမ်းအားတွေခိုးဖို့လိုမယ်ထင်။
"Host ကျွန်တော့ကိုဆွဲမ မထားနဲ့လေ"
"ထူးဆန်းတယ် ပုံမှန်ဆိုအဲ့လိုဆွဲထားလို့မရဘူးမလား" system ကထွက်ပြေးသည့်နေရာတွင် ချန်ပီယံပဲမို့ ခါတိုင်းဆို သူမရိုက်ချင်ရင်တောင် ဖမ်းမမိပေ။ နေဦး ငါလည်းသူ့လို ဝိညာဉ်အဖြစ်နဲ့ပဲ ရှိနေသေးတာလား။
သေချာသတိထားကြည့်မိမယ်ဆိုလျှင် သူမတို့ရောက်နေသည်မှာ အတော်အတန်ကိုကျယ်ဝန်းလှသည့် ခန်းမတစ်ခုဖြစ်သည်။ မြင့်မားသည့်မျက်နှာကျက်နှင့်အတူ ထိုမျက်နှာကျက်ရှိရာအထိ မှန်ချပ်များဖြင့်အလှဆင်ထားရာ အလင်းရောင်မှာကောင်းကောင်းရသည်ထက် ပိုသောအနေအထားဖြစ်သည်။ အပြင်ပန်းကကြည့်လျှင် ဒီနေရာသည် သီးခြားတည်ရှိနေသောမျှော်စင်သဖွယ် အဆောက်အဦးပင်။
"အခန်းကျယ်တစ်ခန်းပဲရှိတဲ့အဆောက်အဦးထဲ အဲ့လိုအခန်းပြည့်အခေါင်းတွေထားတာဘာလုပ်ဖို့လဲ နမိတ်မကောင်းဘူး ပြန်ကြရအောင်" ထိုအခေါင်းတွေဟာ ဖွင့်လို့ထားတာဖြစ်ပြီး အထဲတွင်လည်းလူများလဲလျောင်းနေကြသေးရာ တကယ်လည်း ကောင်းသည့်ကိစ္စဖြစ်နိုင်ဟန်မတူ။ ဖုတ်ကောင်တွေဟုဆိုရအောင်လည်း တစ်ခန်းလုံးလင်းထိန်နေရာ အမှန်တကယ် ဖုတ်ကောင်သာဆို နေရောင်ကြောင့် အကုန်ပြာဖြစ်နေလောက်ပြီ။ ဒါမှမဟုတ် မျိုးရိုးဗီဇပြုပြင်ထားတဲ့ဖုတ်ကောင်မျိုးဖြစ်နေမလား။ ဝေခွဲမရပါပေ။
VOUS LISEZ
How to Flirt with the final boss
Fantasyအပြာရောင် hydrangeasတွေရဲ့အဓိပ္ပါယ်ကခွင့်လွှတ်မှုကိုတောင်းခံခြင်းတဲ့ နောက်ကျမှမင်းဆီကိုရောက်လာနိုင်တဲ့အတွက် တောင်းပန်ပါတယ် ကောင်လေး