လူခြေတိတ်ကာ ဈေးဆိုင်တွေအနည်းငယ်ရှင်းသော နေရာတွင်ဖြစ်သည်။ ပင်စည်လုံးပတ်ကြီးသော သစ်ပင်အား အကာအကွယ်ယူရင်း misaki မူလကိုယ်၏ပိုင်ဆိုင်မှုကို တွက်ချက်ကြည့်နေသည်။ ဒင်္ဂါးအလီလီ ရေတွက်နေရင်းမှ ပိုက်ဆံအိတ်အသေးလေး၏အောက်ခြေကို မြင်တွေ့ဖို့ရာ အတော်လေး အားထုတ်နေရသည်။ ညသန်းခေါင်ယံ ရေတွင်းထဲငုံ့ကြည့်နေရသလိုပဲ။ မှောင်မဲပြီး အဆုံးမရှိ။ အချိန်တော်ကြာ ကြိုးစားအပြီးမှာတော့ ဒီအိတ်အသေးလေးအတွင်းရှိ ပိုက်ဆံမှာ ကုန်ခမ်းမသွားနိုင်ကြောင်း misaki လက်ခံလိုက်ရတော့သည်။ လိုတရအိတ်အသေးလေးပေါ့လေ။
မူလကိုယ်၏သွေးမှာ အဖိုးဖြတ်မရသည့်ဆေးပင်ဖြစ်သည်။ သေပြီးသားလူကိုပင် ပြန်ရှင်သန်လာေစနိုင်လောက်သည်အထိ ကုသနိုင်စွမ်းရှိလေသည်။ ထိုအကြောင်းကို လျှို့ဝှက်ထားချင်သော်လည်း လောက၌ကောင်းချီးပေးခံရသည့်အရာတို့မှာ ကံကြမ္မာဆိုးနှင့်သာ ကြုံတွေ့ရ၏။ သေသူကိုပင်ရှင်သန်နိုးထစေသည့် အဖိုးတန်သွေးဆိုမှတော့ မလိုချင်မတပ်မက်သူဟူ၍မရှိပေ။ ထို့ကြောင့် Moon ၏နေရပ်တွင် သူမကိုသတ်ဖြတ်ကာ အသွေးကိုသောက်အသားကိုစား၍ နှစ်တစ်ရာချီ မအိုမင်းဘဲနေနိုင်ဖို့ အားထုတ်နေကြသူ မရေမတွက်နိုင်အောင် ရှိလေသည်။
နန်းတော်၏မြို့ရိုးမှာ ဘယ်လောက်ပဲမြင့်မားပါစေ ရန်သူကမိမိ၏ဘက်တော်သားအယောင်ဆောင်ကာ နန်းတော်ထဲရောက်နှင့်နေနိုင်ကြောင်း ရိပ်မိသွားချိန်မှာတော့ မူလကိုယ်၏ဖခင်သည် နှစ်ခါမစဉ်းစားတော့ဘဲ Moon အား မြို့စားနှင့်လက်ဆတ်စေလိုက်သည်။ ဝေးလံပြီးခေါင်ဖျားသည့်အရပ်တွင်ရှိသည်ကတစ်ကြောင်း သာမာန်အများသူငါလူတစ်စုနေသည့်ပတ်ဝန်းကျင်လည်းဖြစ်လေရာ သမီးဖြစ်သူသာ သိုဝှက်စွာနေနေသရွေ့ ဘာပြဿနာမှမရှိလောက်ဟု တွက်ဆခဲ့သောကြောင့်ပင်။
ကံဆိုးစွာနှင့်ပဲ သာမာန်လူတစ်စု၏လက်ချက်ကြောင့် Moon မှာ ပိုလို့အသေစောသွားရသည်။ သူမ၏အလောင်းကိုမြစ်ဆိပ်၌ပစ်ထားခဲ့ကြတာကြောင့် အဖိုးတန်လှသည့်သွေးတို့မှာ မြစ်အတွင်းစီးဝင်ကာ မြစ်ထဲရှိရေနေသတ္တဝါတို့အား အရိုင်းဆန်စွာ ကြီးထွားသွားကုန်လျက် ထိုနှစ်က ကုန်သွယ်သည့်သင်္ဘောများ အကုန်ဖျက်ဆီးခံရကာ စီးပွားရေးချို့တဲ့ကုန်၏။ အချို့ရဲတင်းသောသတ္တဝါများဆို ကုန်းပေါ်အထိ တက်ကာသောင်းကြန်းကြသဖြင့် ရပ်ရွာလူထုမှာ အကြောက်တရားဖြင့် အသက်ရှင်ခဲ့ရလေသည်။ အသက်ရှင်စဉ်က ဆေးပေမယ့် သေသွားပြီးနောက် ပြန့်ကျဲသွားသမျှ သွေးစတိုင်းဟာ အဆိပ်အဖြစ် ပြောင်းသွားကြသည်။
YOU ARE READING
How to Flirt with the final boss
Fantasyအပြာရောင် hydrangeasတွေရဲ့အဓိပ္ပါယ်ကခွင့်လွှတ်မှုကိုတောင်းခံခြင်းတဲ့ နောက်ကျမှမင်းဆီကိုရောက်လာနိုင်တဲ့အတွက် တောင်းပန်ပါတယ် ကောင်လေး