Arc 8 White Light

190 13 0
                                    

       သားရဲကမ္ဘာက လွန်မြောက်လာအပြီးမှတော့ misaki နှင့် system တွင် တိုးတိုးကြိတ်ကြိတ် တိုင်ပင်စရာများစွာရှိနေသည်။ သက်သေမရှိပေမယ့် အတပ်ပြောနိုင်တာက William နဲ့ Blue light က ရူးသွားပြီ ဆိုတာပါပဲ။

   "Host ရဲ့အကြိုက်က ထူးဆန်းလိုက်တာနော်"

   "ပေါက်ကရတွေ"

     သူမက misaki ပါပဲ။ ရည်မှန်းချက်ကြီးပြီး ကောက်ကျစ်တတ်တဲ့အပြင် အညှာအတာလည်း ကင်းမဲ့သူဖြစ်သည်။ သို့သော် အခုချိန်မှာတော့ William အလိုကျအတိုင်း စိတ်ခံစားချက်ကင်းမဲ့သူလို ဟန်ဆောင်နေပြရသည်။ ထိုလူ့အကူအညီနှင့်ဆို mission တွေဟာ မြန်မြန်ပဲ ပြီးသွားတတ်တာမို့ အလိုက်အထိုက်လေး မနေ‌ေပးလို့လည်းမဖြစ်ပါ။

    "ငါထင်တာ သူ အပြိုင်ကမ္ဘာဆီ ကူးပြောင်းသွားရုံပဲလို့ပေါ့၊ တကယ်က ချောက်နက်နက်ထဲကို ကျသွားပြီး ရူးသွပ်နေတာပဲ"

     System ၏ လေ့လာတွေ့ရှိချက်များအရဆို William ၏မှတ်ဉာဏ်၌ တကယ်ပြဿနာရှိနေသည်။ သူကိုယ်သူ တကယ်ကြီး တီထွင်နိုင်စွမ်း မြင့်မားသည့် လူငယ်လေးဟု ထင်နေရှာ၏။ လူရွေးချယ်ရာတွင် မှားယွင်းသွားခြင်းဖြစ်သည်။ host နှင့်လည်း ပတ်သတ်ဖူးသူ နောက်ထပ်ကမ္ဘာတွေ ဖန်တီးနိုင်လောက်သည်အထိ အင်အားကြီးမားသူကိုရှာဖွေခဲ့ရာ မမျှော်လင့်ဘဲ William က ထိုလိုအပ်ချက်များနှင့် ကိုက်ညီနေခဲ့သည်။

    ထပ်ပေါင်းပြောရလျှင် မူလကမ္ဘာမှ host ၏ ရည်းစားဟောင်းလေး တစ်ဖြစ်လဲ William မှာ ကားမတော်တမှုတစ်ခုနှင့် ကြုံခဲ့ရပြီးနောက် သဘာဝလွန်နတ်ဘုရားပုံပြင်ထဲ ကူးပြောင်းသွားလေသည်။ ထိုစာအုပ်ထဲတွင် အနေကြာသွားမှုက သူ့ဦးနှောက်အတွင်းရှိ တကယ့်မှတ်ဉာဏ်များအား တိုက်စားသွားကာ ထင်ယောင်ထင်မှားအဖြစ် အဆုံးသတ်သွားစေ၏။ အဆုံးတွင် သူကိုယ်သူ ထိုစာအုပ်အတွင်းရှိ နတ်ဘုရားနှင့်ချစ်ကြိုက်မိသဖြင့် ဆူးခင်းလမ်းများစွာ ဖြတ်ကျော်ရသည့် ဉာဏ်ကြီးရှင်ဇာတ်လိုက်ဟု အမှန်တကယ် မှတ်ထင်သွားတော့သည်။

    "အဲ့ဒီဝတ္ထုက ဘယ်လောက်တောင် ရှည်လျားလို့ သူက အတိတ်မေ့တဲ့အထိပါ ဖြစ်သွားရတာလဲ" host ၏ထိုအမေးကို system လည်း မဖြေတတ်ပါ။ ပြောရလျှင် သူ William ကိုရှာတွေ့ချိန်၌ ထိုလူမှာအတော်လေးကို စွမ်းအားကြီးနေပြီဖြစ်ပြီး တစ်ခုတည်းသောစွဲလမ်းမှုဖြစ်သည့်မိန်းကလေးမှာလည်း မိမိ၏ host နှင့် အတော်လေး ရုပ်ချင်းဆင်တူနေရာ များများစားစားစဉ်းစားမနေတော့ဘဲ လမ်းကြုံတွေသော ရတနာအဖြစ် ကောက်ယူလာလိုက်တာ ဖြစ်သည်။ မထင်မှတ်ဘဲ ထိုရတနာက လက်ထဲတွင်ကြာကြာထားလို့မကောင်းသည့် ဘယ်အချိန်ပေါက်ကွဲမလဲ မသိနိုင်သော ဗုံးတစ်လုံးဖြစ်နေလေသည်။

How to Flirt with the final bossWhere stories live. Discover now