Arc 2 part 21

5.2K 718 8
                                    

Misaki အဝတ်လဲဖို့ ထလိုက်ပြီး အိမ်စေအချို့ကလည်း ပြန်ထွက်သွားချေပြီ။ အစအဆုံးအကုန်ရပ်ကြည့်နေသော အိမ်တော်ထိန်း အမျိုးသမီးကြီးကသာ ပြန့်ကျဲနေသောဂါဝန်တွေကိုလိုက်သိမ်းကာ ဗီဒိုထဲထည့်‌ေပးနေသည်။

"ပထမသခင်လေးရဲ့ အဲ့လိုတက်ကြွတဲ့ပုံစံက မမလေးမရှိတော့ထဲကပျောက်ကွယ်သွားတာ အခုသခင်မလေးကိုတွေ့တော့ သူ့စိတ်တွေထိန်းမရဖြစ်သွားပြီး သူ့ညီမလေးနဲ့အတူလုပ်ခဲ့သမျှကို ပြန်ကြိုးစားကြည့်နေတာပါ သခင်လေးကိုအထင်လွဲနေမှာစိုးလို့ပါ ပြီးတော့ သခင်မလေးကိုမမလေးနေရာမှာအစားထိုးနေတာလည်းမဟုတ်ပါဘူး သူ့တူမလေးကိုချည်းကပ်ဖို့ကြိုးစားနေပုံပဲ" တကယ်တော့ရှင်းပြစရာမလိုဘူးဆိုတာသိပေမယ့် ရုတ်တရက်သခင်လေးပြောင်းလဲသွားတာကြောင့် Misaki စိတ်အနှောင့်အယှက်ဖြစ်မှာစိုးရိမ်မိလို့။

Misaki နားလည်ကြောင်းခေါင်းညိမ့်ပြလိုက်သည်။ ထို့နောက် အိမ်တော်ထိန်းနောက်မှနေ၍ အောက်ထပ်ကိုဆင်းလာကာ ထမင်းစားခန်းကိုဦးတည်လိုက်သည်။ Arwen ရဲ့လက်ဆောင် ထိုအနက်ရောင်ဂါဝန်လေးမှာ သူမရဲ့ဆီးနှင်းရောင်အသားအရည်နှင့် တကယ်ပင်လိုက်ဖက်လေသည်။ လည်ပင်းကျယ်ကာ ရိုးရှင်းသောဝတ်စုံဒီဇိုင်းဖြစ်နေပေမယ့်လည်း သူမရဲ့လှပသောညှပ်ရိုးကို ပေါ်လွင်စေသည်။ ခါးနားတစ်ဝိုက်မှာ အနက်ရောင်ဇာတို့က အနားကွပ်ထားပြီး ရှေးလည်းမဆန်သလို အရမ်းကြီးလည်းအမြင်မရိုင်း။ နက်မှောင်တဲ့ဆံနွယ်‌ေခွတွေက သူမရဲ့ခါးထက်မှာရေတံခွန်လိုဖြာကျနေပြီး အ‌သရေတင့်နေစေသည်။ အေးစက်စက်အရှိန်အဝါတို့သာ ထုတ်လွှတ်လိုက်ပါက ထိုသေမင်းရဲ့မိန်းမလှလေးရှေ့မှာ ခြေထောက်ပင်ခိုင်တော့မည်မဟုတ်။

ချောင်းတစ်ချက်ဟန့်လိုက်ပြီးနောက် သူမအဖေရဲ့ဘေးမှာ ငြိမ်ငြိမ်လေးဝင်ထိုင်လိုက်သည်။ ညစာစားတဲ့အချိန်မှာတောင်မှ ဦးလေးနဲ့ရန်မဖြစ်ချင်ဘူး။ သူမရဲ့မျက်နှာချင်းဆိုင်မှာထိုင်နေသော Arwen ကတော့ သူ့တူမလေးရဲ့အပြုအမူကိုမြင်လိုက်သည်နှင့် မျက်မှောင်အလိုလိုကျုံလိုက်မိသည်။ ကောက်ကျစ်စဉ်းလဲသည့်အပြုံးတို့က နှုတ်ခမ်းပါးထက်မှာတွဲခိုနေပြီး ပျင်းရိစွာနဲ့ မတ်တပ်ထရပ်လိုက်သည်။

How to Flirt with the final bossWhere stories live. Discover now